သရေစာတွေ ၊ လက်ဆောင်တွေပါ အခမဲ့ပေးပြီး ဝန်ဆောင်မှုကောင်းလွန်းတဲ့ တက္ကစီကားဆရာ ရဲ့ ကျော်ကြားမှု


.

.

.

.

Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

ဒီတစ်ခေါက်ဖော်ပြမဲ့ ထိုင်းနိုင်ငံက တက္ကစီကားဆရာကတော့ Customer တွေကို လက်ဆောင်တွေ ၊ သရေစာတွေပါ အခမဲ့ပေးတဲ့ ဝန်ဆောင်မှုတွေကြောင့် online ပေါ်မှာ အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ Tatchatan Teerbawonwi အမည်နဲ့ Facebook အသုံးပြုသူက ဝေမျှပေးခဲ့တာဖြစ်ပြီး ၊ ကားထဲမှာဆိုရင် သရေစာ ၊ ဖျော်ရည် ၊ mask ၊ အိတ် နဲ့ မိုးရွာရင် အသုံးပြုဖို့ မိုးကာအင်္ကျီတွေပါ ပါရှိသေးကြောင်း သိရပါတယ် ။ ဒါ့အပြင် ကားဆရာက customer တွေကို နာမည်ကတ်တွေပါပေးထားလို့ ဖောက်သည်တွေအတော်လေးရှိနေမှန်း ခန့်မှန်းနိုင်ပါတယ် ။ ကားရဲ့လိုင်စင်နံပတ်ပြားကိုလည်း Customer တွေမှတ်မိလွယ်အောင် မြင်သာတဲ့နေရာတွေမှာ ကပ်ထားသေးကြောင်း သိရပါတယ် ။ သရေစာတွေအစရှိတဲ့ ဝန်ဆောင်မှုတွေပေးရတာဟာ ကားဆရာအတွက် မပင်ပန်းပေမဲ့လည်း ၊ Customer တွေကို ဆက်ဆံတဲ့ပုံစံက အရမ်းကိုယဉ်ကျေးပြီး ဖော်ရွေနေသေးကြောင်းလည်း သိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သရေစာတွေ ၊ လက်ဆောင်တွေပါ အခမဲ့ပေးပြီး ဝန်ဆောင်မှုကောင်းလွန်းတဲ့ တက္ကစီကားဆရာ ရဲ့ ကျော်ကြားမှု"

Leave a comment

Your email address will not be published.


*