Food Delivery တွေနဲ့ ဆွမ်းပို့ဆောင်လာတာမျိုး မကြာခဏကြုံတွေ့နေကြရတဲ့ ဘုန်းတော်ကြီးများ


Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

လူတွေဟာ တစ်နေ့တစ်ခြား ပိုပြီးလွယ်ကူတဲ့အရာမျိုးကို မှီခိုအားထားလာကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံ ၊ Trang မြို့မှာ သီတင်းသုံးနေတဲ့ Itthiyawat ဘွဲ့အမည်နဲ့ ဘုန်းတော်ကြီးဟာ Food Delivery နဲ့ ဆွမ်းပို့နေကြတဲ့အဖြစ်ဓာတ်ပုံကို social media ပေါ်ဝေမျှခဲ့ပါတယ် ။ ဘုန်းတော်ကြီးမှာတော့ delivery သမားတွေကို အလှူအတန်းအမျှပေးဝေခဲ့ကြောင်း သိရပါတယ် ။ အဆိုပါအဖြစ်အပျက်က social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီးနောက် လူအတော်အများက ၎င်းတို့မအားမလပ်နိုင်တဲ့အချိန် အဆိုပါ နည်းလမ်းမျိုးနဲ့ဆွမ်းပို့လေ့ရှိကြောင်း ဝေမျှခဲ့ပါတယ် ။ အချို့သောသူများကလည်း အဆိုပါနည်းလမ်းမျိုးနဲ့ ဆွမ်းပို့တာဟာ သင့်တော်ပါသလားဆိုပြီး မေးမြန်းခဲ့ချိန်မှာတော့ လူအတော်များများက အခြေအနေတွေမတူညီကြတာကြောင့် သင့်တော်ကြောင်းနှင့် delivery သမားများမှာလည်း တရားတော်နာယူခွင့်ရကြကြောင်း ဘုန်းတော်ကြီးမှ ပြန်လည်ရှင်းပြခဲ့ပါတယ် ။ သို့ပေမဲ့လည်း အားတဲ့အချိန် ကိုယ်တိုင် ဘုန်ကြီးကျောင်းသို့ အရောက်လာပြီး အလှူအတန်းလုပ် ၊ ကုသိုလ်ရှာခြင်းမျိုး ပြုလုပ်ကြဖို့လည်း ဘုန်းတော်ကြီးမှ အားပေးခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "Food Delivery တွေနဲ့ ဆွမ်းပို့ဆောင်လာတာမျိုး မကြာခဏကြုံတွေ့နေကြရတဲ့ ဘုန်းတော်ကြီးများ"

Leave a comment

Your email address will not be published.


*