ညဖက္ ေဆးရံုမွာ ဘယ္သူ႔အကူအညီမွ မပါဘဲ ေရႊ႔လ်ားသြားလာေနခဲ့တဲ့ ဝီး႐ွဲ (႐ုပ္သံ)

ဒီလိုအျဖစ္အပ်က္ကေတာ့ သိပၸံနည္းပညာနဲ႔ေတာင္ အေျဖ႐ွာလို႔ရမွာမဟုတ္ပါဘူး ။ ဒီတစ္ေခါက္မွာေတာ့ ထိုင္းႏိုင္ငံရဲ႕ေဆးရံုတစ္ခုမွာ ဝီး႐ွဲဟာ ဘယ္သူ႔အကူအညီမွမပါဘဲ ေရႊ႔လ်ားသြားလာေနခဲ့တဲ့ video ဟာ social media ေပၚမွာ အေတာ္ေလးကိုပ်ံ့ႏွံ႔လို႔ ႐ွိေနပါတယ္ ။ Video ထဲမွာေတာ့ အစပိုင္းမွာ ဝီး႐ွဲဟာၿငိမ္သက္ေနၿပီး ေနာက္မွ အေ႐ွ႕ဖက္သြားလိုက္ ၊ အေနာက္ဖက္ကို ျပန္သြားလိုက္ ျဖစ္ေနခဲ့တာပါ ။ အဆိုပါေဆးရံုရဲ႕ ဒါ႐ိုက္တာ Mr. Thanasak Pakdeenuan က ဘယ္သူကမွ မထိုင္ေနတဲ့ ဝီး႐ွဲကအခန္းလြတ္ႀကီးထဲမွာ႐ွိေနလို႔ ၊ ဘာလို႔ဒီကိုေရာက္ေနတာလဲဆိုတဲ့စိတ္နဲ႔ CCTV ကို စစ္ေဆးၾကည့္လိုက္ပါတယ္ ။ ဒါ႐ိုက္တာ နဲ႔ အျခားဝန္ထမ္းေတြက အဆိုပါအျဖစ္အပ်က္ကို ျမင္ေတြ႔ခဲ့ရၿပီးေနာက္ အေတာ္ေလးထိတ္လန္႔သြားခဲ့ရပါတယ္ ။

သို႔ေပမဲ့လည္း အဆိုပါေန႔က မိုးသည္းထန္စြာရြာသြန္းေနလို႔ ေလတိုက္လို႔ ဝီး႐ွဲက ေရႊ႔လ်ားေနတာျဖစ္ႏိုင္ေၾကာင္း ဒါ႐ိုက္တာျဖစ္သူက သံုးသပ္ခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း အဆိုပါ ဝီး႐ွဲရဲ႕အရင္ပိုင္႐ွင္က ေသဆံုးသြားခဲ့ၿပီးေနာက္ ေဆးရံုသို႔ လႉဒါန္းထားခဲ့တဲ့ ဝီး႐ွဲလည္းျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ အဆိုပါ video ဟာ social media ေတြေပၚ ပ်ံ့ႏွံ႔ခဲ့ၿပီးေနာက္ လူအေတာ္မ်ားမ်ားက မ်ိဳးစံုေသာ သံုးသပ္ေဝဖန္မႈေတြကို ေရးသားသြားခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

ဒီလိုအဖြစ်အပျက်ကတော့ သိပ္ပံနည်းပညာနဲ့တောင် အဖြေရှာလို့ရမှာမဟုတ်ပါဘူး ။ ဒီတစ်ခေါက်မှာတော့ ထိုင်းနိုင်ငံရဲ့ဆေးရုံတစ်ခုမှာ ဝီးရှဲဟာ ဘယ်သူ့အကူအညီမှမပါဘဲ ရွှေ့လျားသွားလာနေခဲ့တဲ့ video ဟာ social media ပေါ်မှာ အတော်လေးကိုပျံ့နှံ့လို့ ရှိနေပါတယ် ။ Video ထဲမှာတော့ အစပိုင်းမှာ ဝီးရှဲဟာငြိမ်သက်နေပြီး နောက်မှ အရှေ့ဖက်သွားလိုက် ၊ အနောက်ဖက်ကို ပြန်သွားလိုက် ဖြစ်နေခဲ့တာပါ ။ အဆိုပါဆေးရုံရဲ့ ဒါရိုက်တာ Mr. Thanasak Pakdeenuan က ဘယ်သူကမှ မထိုင်နေတဲ့ ဝီးရှဲကအခန်းလွတ်ကြီးထဲမှာရှိနေလို့ ၊ ဘာလို့ဒီကိုရောက်နေတာလဲဆိုတဲ့စိတ်နဲ့ CCTV ကို စစ်ဆေးကြည့်လိုက်ပါတယ် ။ ဒါရိုက်တာ နဲ့ အခြားဝန်ထမ်းတွေက အဆိုပါအဖြစ်အပျက်ကို မြင်တွေ့ခဲ့ရပြီးနောက် အတော်လေးထိတ်လန့်သွားခဲ့ရပါတယ် ။

သို့ပေမဲ့လည်း အဆိုပါနေ့က မိုးသည်းထန်စွာရွာသွန်းနေလို့ လေတိုက်လို့ ဝီးရှဲက ရွှေ့လျားနေတာဖြစ်နိုင်ကြောင်း ဒါရိုက်တာဖြစ်သူက သုံးသပ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဆိုပါ ဝီးရှဲရဲ့အရင်ပိုင်ရှင်က သေဆုံးသွားခဲ့ပြီးနောက် ဆေးရုံသို့ လှူဒါန်းထားခဲ့တဲ့ ဝီးရှဲလည်းဖြစ်ကြောင်း သိရှိရပါတယ် ။ အဆိုပါ video ဟာ social media တွေပေါ် ပျံ့နှံ့ခဲ့ပြီးနောက် လူအတော်များများက မျိုးစုံသော သုံးသပ်ဝေဖန်မှုတွေကို ရေးသားသွားခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ညဖက္ ေဆးရံုမွာ ဘယ္သူ႔အကူအညီမွ မပါဘဲ ေရႊ႔လ်ားသြားလာေနခဲ့တဲ့ ဝီး႐ွဲ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*