ချစ်ဖို့ကောင်းတဲ့ဝတ်စုံလေးတွေနဲ့ အမြဲဈေးရောင်းနေတတ်တဲ့ လမ်းဘေးဈေးသည် ကြောင်လေး


.

.

.

.

.

.

Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

ဒီတစ်ခေါက်ဖော်ပြမဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ဝတ်စုံလေးတွေနဲ့ လမ်းဘေးမှာဈေးရောင်းနေတဲ့ Bong Bong အမည်ရှိတဲ့ ကြောင်လေးဟာ 3 ရက်အတွင်း followers ပေါင်း 30,000 ခန့်ရရှိခဲ့တဲ့ ကြောင်လေးပါ ။ တခြားကြောင်လေးထက် ချစ်ဖို့ကောင်းရတဲ့ အကြောင်းအရင်းကတော့ ဈေးသည်လှည်းလေးတွေ ၊ ဈေးဗန်းလေးတွေနဲ့ ဈေးရောင်းချနေတဲ့သူ့ရဲ့ပုံစံလေးကြောင့်ပါ ။ Customer တွေ စိတ်ဝင်စားမှုခံရအောင်လည်း နေ့စဉ် ဝတ်စုံအသစ်လေးတွေနဲ့ ဝတ်စားဆင်ယင်ပေးထားလေ့ရှိကြောင်း သိရပါတယ် ။ ကြောင်လေးကတော့ နေ့စဉ်နေ့တိုင်း အစားအသောက်တွေနဲ့ ကလေးတွေကြိုက်နှစ်သက်တဲ့ မုန့်တွေကိုရောင်းချလေ့ရှိပါတယ် ။ Bong Bong ရဲ့ဓာတ်ပုံတွေကိုဖော်ပြပေးတဲ့ Facebook page ဟာဆိုရင် 3 ရက်အတွင်း followers 30,000 ခန့်ရရှိခဲ့ကြောင်းလည်း သိရပါတယ် ။ အခုလို ညတွင်းချင်း popular ဖြစ်ခဲ့ရတာကလည်း သူ့ရဲ့ချစ်ဖို့ကောင်းလွန်းတဲ့ဝတ်စုံ နဲ့ ဈေးရောင်းနေတဲ့ပုံစံကြောင့် ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ချစ်ဖို့ကောင်းတဲ့ဝတ်စုံလေးတွေနဲ့ အမြဲဈေးရောင်းနေတတ်တဲ့ လမ်းဘေးဈေးသည် ကြောင်လေး"

Leave a comment

Your email address will not be published.


*