မိသားစုဝင္ေတြက ေသဆံုးသြားခဲ့ၿပီလို႔ယူဆထားတဲ့ေကာင္မေလးက ခ်စ္သူရဲ႕အိပ္ခန္းထဲမွာ 10 ႏွစ္ခန္႔ ပုန္းေအာင္းၿပီး ေနထိုင္ေနခဲ့တဲ့အျဖစ္

အခ်စ္စစ္ဆိုတဲ့အရာက အရမ္း႐ႈပ္ေထြးလြန္းလွပါတယ္ ။ ႏွစ္ကိုယ္ခ်စ္ေနရင္ေတာင္ မိသားစု ၊ အသိုင္းအဝိုင္က လက္မခံေပးတာမ်ိဳး႐ွိတတ္ပါတယ္ ။ ၿပီးခဲ့တဲ့ 2010 ခုႏွစ္က အိနၷိယႏိုင္ငံ ၊ Kerala ျပည္နယ္မွာေနထိုင္တဲ့ အသက္ 24 ႏွစ္အရြယ္ Rahman အမည္႐ွိတဲ့အမ်ိဳးသား နဲ႔ အသက္ 18 ႏွစ္အရြယ္ Sajitha အမည္႐ွိတဲ့မိန္းကေလးတို႔ဟာ ခ်စ္သူေတြျဖစ္ေနၾကတာကို မိဘေတြက လံုးဝမသိ႐ွိခဲ့ပါဘူး ။ တစ္ရက္မွာေတာ့ Sajitha ဟာ ေဆြမ်ိဳးအိမ္ကို သြားလည္မယ္ဆိုၿပီး ေနအိမ္ကေနထြက္ခြာသြားခဲ့ၿပီးေနာက္ လံုးဝအစအေနာက္ေပ်ာက္သြားလို႔ ရဲတိုင္ၾကားခဲ့တာေတာင္ လံုးဝ႐ွာမေတြ႔ခဲ့ပါဘူး ။ မိဘေတြကေတာ့ သမီးတစ္ေယာက္ဆံုး႐ႈံးရၿပီလို႔သာ ေတြးထင္ေနခဲ့ၾကတာပါ ။ဒါေပမဲ့ 10 ႏွစ္အၾကာမွ Sajitha ဟာ အသက္႐ွင္ေနေသးၿပီး ၊ ေပ်ာ္ရႊင္စြာနဲ႔ ခ်စ္သူအိပ္ခန္းထဲမွာ 10 ႏွစ္သာကာလေနထိုင္ခဲ့တယ္ဆိုတာကို မိဘေတြ သိ႐ွိခဲ့ရပါတယ္ ။

Rahman ကလည္း လ်ွပ္စစ္မီးကြၽမ္းက်င္သူတစ္ေယာက္ျဖစ္လို႔ သူ႔ရဲ႕အခန္းတံခါးကို မိသားစုဝင္ေတြအနားကပ္လာရင္ သိ႐ွိႏိုင္ေအာင္ အလိုအေလ်ာက္ေလာစ့္က်သြားတဲ့ ေသာ့ခေလာက္မ်ိဳးနဲ႔ အသံုးျပဳထားတာပါ ။ Rahman ရဲ႕ မိသားစုဝင္ေတြကေတာ့ သားျဖစ္သူ စိတ္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းေနတယ္လို႔သာ ထင္ထားခဲ့တာပါ ။ အေၾကာင္းကေတာ့ မိသားစုဝင္ေတြေ႐ွ႕မွာ အစားအစာလံုးဝမစာဘဲ အစားအေသာက္ေတြအမ်ားႀကီး အခန္းထဲကို ယူေဆာင္သြားေလ့႐ွိတာေၾကာင့္ပါပဲ ။

Sajitha ကေတာ့ ညဖက္အခ်ိန္မွ အခန္းကေနထြက္ၿပီး သန္႔စင္ခန္းအသံုးျပဳေလ့႐ွိတာပါ ။ တစ္ရက္မွာေတာ့ Rahman ဟာ ညီျဖစ္သူနဲ႔ 3 လခန္႔ ခရီးထြက္ခဲ့ၿပီး ေနာက္မွာမွ ၎တို႔စံုတြဲရဲ႕ လ်ိႈ့ဝွက္ခ်က္ကို မိသားစုဝင္ေတြကို သိ႐ွိခဲ့ၾကရတာျဖစ္ပါတယ္ ။ တစ္ကယ့္ကို အာဂစံုတြဲလို႔ သတ္မွတ္ရေလာက္ေအာင္ကိုပါပဲေလ ။

Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

အချစ်စစ်ဆိုတဲ့အရာက အရမ်းရှုပ်ထွေးလွန်းလှပါတယ် ။ နှစ်ကိုယ်ချစ်နေရင်တောင် မိသားစု ၊ အသိုင်းအဝိုင်က လက်မခံပေးတာမျိုးရှိတတ်ပါတယ် ။ ပြီးခဲ့တဲ့ 2010 ခုနှစ်က အိန္နိယနိုင်ငံ ၊ Kerala ပြည်နယ်မှာနေထိုင်တဲ့ အသက် 24 နှစ်အရွယ် Rahman အမည်ရှိတဲ့အမျိုးသား နဲ့ အသက် 18 နှစ်အရွယ် Sajitha အမည်ရှိတဲ့မိန်းကလေးတို့ဟာ ချစ်သူတွေဖြစ်နေကြတာကို မိဘတွေက လုံးဝမသိရှိခဲ့ပါဘူး ။ တစ်ရက်မှာတော့ Sajitha ဟာ ဆွေမျိုးအိမ်ကို သွားလည်မယ်ဆိုပြီး နေအိမ်ကနေထွက်ခွာသွားခဲ့ပြီးနောက် လုံးဝအစအနောက်ပျောက်သွားလို့ ရဲတိုင်ကြားခဲ့တာတောင် လုံးဝရှာမတွေ့ခဲ့ပါဘူး ။ မိဘတွေကတော့ သမီးတစ်ယောက်ဆုံးရှုံးရပြီလို့သာ တွေးထင်နေခဲ့ကြတာပါ ။ဒါပေမဲ့ 10 နှစ်အကြာမှ Sajitha ဟာ အသက်ရှင်နေသေးပြီး ၊ ပျော်ရွှင်စွာနဲ့ ချစ်သူအိပ်ခန်းထဲမှာ 10 နှစ်သာကာလနေထိုင်ခဲ့တယ်ဆိုတာကို မိဘတွေ သိရှိခဲ့ရပါတယ် ။

Rahman ကလည်း လျှပ်စစ်မီးကျွမ်းကျင်သူတစ်ယောက်ဖြစ်လို့ သူ့ရဲ့အခန်းတံခါးကို မိသားစုဝင်တွေအနားကပ်လာရင် သိရှိနိုင်အောင် အလိုအလျောက်လောစ့်ကျသွားတဲ့ သော့ခလောက်မျိုးနဲ့ အသုံးပြုထားတာပါ ။ Rahman ရဲ့ မိသားစုဝင်တွေကတော့ သားဖြစ်သူ စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတယ်လို့သာ ထင်ထားခဲ့တာပါ ။ အကြောင်းကတော့ မိသားစုဝင်တွေရှေ့မှာ အစားအစာလုံးဝမစာဘဲ အစားအသောက်တွေအများကြီး အခန်းထဲကို ယူဆောင်သွားလေ့ရှိတာကြောင့်ပါပဲ ။

Sajitha ကတော့ ညဖက်အချိန်မှ အခန်းကနေထွက်ပြီး သန့်စင်ခန်းအသုံးပြုလေ့ရှိတာပါ ။ တစ်ရက်မှာတော့ Rahman ဟာ ညီဖြစ်သူနဲ့ 3 လခန့် ခရီးထွက်ခဲ့ပြီး နောက်မှာမှ ၎င်းတို့စုံတွဲရဲ့ လျှို့ဝှက်ချက်ကို မိသားစုဝင်တွေကို သိရှိခဲ့ကြရတာဖြစ်ပါတယ် ။ တစ်ကယ့်ကို အာဂစုံတွဲလို့ သတ်မှတ်ရလောက်အောင်ကိုပါပဲလေ ။

Jasmine (Mckzone Daily)

Be the first to comment on "မိသားစုဝင္ေတြက ေသဆံုးသြားခဲ့ၿပီလို႔ယူဆထားတဲ့ေကာင္မေလးက ခ်စ္သူရဲ႕အိပ္ခန္းထဲမွာ 10 ႏွစ္ခန္႔ ပုန္းေအာင္းၿပီး ေနထိုင္ေနခဲ့တဲ့အျဖစ္"

Leave a comment

Your email address will not be published.


*