ေျမးျဖစ္သူက ရက္ရက္စက္စက္႐ိုက္ႏွက္ကန္ေက်ာက္ ခဲ့ေပမဲ့လည္း ရဲေတြမဖမ္းဖို႔ သဲႀကီးမဲႀကီးေတာင္းပန္ေနခဲ့တဲ့ အဘိုးအို(႐ုပ္သံ)

ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္က Yusminardi အမည္႐ွိတဲ့ အမ်ိဳးသားဟာ သူ၏ အသက္66ႏွစ္အရြယ္ အဘိုးျဖစ္သူ Wasadi ကို ေဒါသတႀကီးျဖင့္ထိုးႏွက္ကန္ေက်ာက္ေနခဲ့တဲ့ ႐ုပ္သံဟာ အင္ဒိုနီး႐ွားႏိုင္ငံက social media အသံုးျပဳသူေတြအၾကား အေတာ္ေလးရင္ထဲကို ဗေလာင္ဆူသြားေစခဲ့ပါတယ္ ။ အဆိုပါအျဖစ္အပ်က္ကေတာ့ အဘိုးျဖစ္သူဟာ ေရကန္ထဲမွာ႐ွိတဲ့ ငါးေတြအတြက္ ငါးစာပစ္ေပးရင္နဲ႔မေတာ္တဆေျမးျဖစ္သူရဲ႕ ပါးစပ္ထဲသို႔ မေတာ္တဆပစ္မိသြားခဲ့၍ ေျမးျဖစ္သူဟာအလြန္ေဒါသထြက္သြားခဲ့ၿပီးေနာက္ အဘိုးျဖစ္သူကို အားရပါးရ႐ိုက္ႏွက္ကန္ေက်ာက္ပစ္ခဲ့ပါေတာ့တယ္ ။ အနီးအနားက လူေတြကဝိုင္းဆြဲၿပီး မလုပ္ေတာ့ဖို႔ တားျမစ္ခဲ့ၾကေပမဲ့လည္း ေျမးျဖစ္သူဟာ မရပ္ပဲ ပါးစပ္ကေနလည္း ဆူဆဲေနခဲ့ကာ အဘိုးျဖစ္သူကို ထိုးႏွက္ကန္ေက်ာက္ ေနခဲ့တာပါ ။

အဘိုးျဖစ္သုကို ႏွိပ္စက္ေနခဲ့တဲ့႐ုပ္သံဟာ Social media အသံုးျပဳသူေတြအၾကား အေတာ္ေလးပ်ံႏွံ႔သြားခဲ့ခ်ိန္မွာေတာ့ ရဲအရာ႐ွိမ်ားက ခ်က္ခ်င္ပဲ ေျမးျဖစ္သူကိုစံုစမ္းၿပီး ေနအိမ္အထိလာေရာက္ဖမ္းဆီးခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ အဘိုးျဖစ္သူဟာ သူ၏ေျမးကိုဖက္ထားၿပီး မေခၚသြားၾကဖို႔ ရဲေတြကို အႏူးအၫြတ္ေတာင္းပန္ေနခဲ့ပါတယ္ ။ သူ႔ေျမးေလးကိုေခၚသြားရင္ သူ႔ကိုပါေထာင္ထဲေခၚသြားဖို႔ေျပာဆိုခဲ့ပါေသးတယ္ ။

ထို႔အျပင္ အဘိုးျဖစ္သူဟာ အဆင္ေျပေၾကာင္း ၊ မည္သည့္ဒဏ္ရာမ်ွမရ႐ွိေၾကာင္း ေျပာဆိုၿပီးသူ၏ေျမးကို မေခၚသြားၾကဖို႔ငိုယိုၿပီးေတာင္းပန္ခဲ့ပါတယ္ ။ ငါးေတြကို အစာေကာင္းေကာင္းမေႂကြးမိလို႔ သူ႔အျပစ္ပါဆိုၿပီး အဘိုးျဖစ္သူကကိုယ့္ကိုအျပစ္တင္ေနခဲ့ပါတယ္ ။ ေျမးျဖစ္သူကိုေတာ့ ရဲအရာ႐ွိမ်ားက စစ္ေဆးေမးျမန္းဖို႔အတြက္ ေခၚေဆာင္သြားခဲ့ၾကေၾကာင္း သိ႐ွိရပါတယ္ ။ စံုစမ္းစစ္ေဆးခ်က္တစ္ခ်ိဳ႕အရ ေျမးျဖစ္သူဟာ အခင္းျဖစ္ပြားရာအခ်ိန္မွာ မူးယစ္ေဆးသံုးစြဲထားေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က Yusminardi အမည်ရှိတဲ့ အမျိုးသားဟာ သူ၏ အသက်66နှစ်အရွယ် အဘိုးဖြစ်သူ Wasadi ကို ဒေါသတကြီးဖြင့်ထိုးနှက်ကန်ကျောက်နေခဲ့တဲ့ ရုပ်သံဟာ အင်ဒိုနီးရှားနိုင်ငံက social media အသုံးပြုသူတွေအကြား အတော်လေးရင်ထဲကို ဗလောင်ဆူသွားစေခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ကတော့ အဘိုးဖြစ်သူဟာ ရေကန်ထဲမှာရှိတဲ့ ငါးတွေအတွက် ငါးစာပစ်ပေးရင်နဲ့မတော်တဆမြေးဖြစ်သူရဲ့ ပါးစပ်ထဲသို့ မတော်တဆပစ်မိသွားခဲ့၍ မြေးဖြစ်သူဟာအလွန်ဒေါသထွက်သွားခဲ့ပြီးနောက် အဘိုးဖြစ်သူကို အားရပါးရရိုက်နှက်ကန်ကျောက်ပစ်ခဲ့ပါတော့တယ် ။ အနီးအနားက လူတွေကဝိုင်းဆွဲပြီး မလုပ်တော့ဖို့ တားမြစ်ခဲ့ကြပေမဲ့လည်း မြေးဖြစ်သူဟာ မရပ်ပဲ ပါးစပ်ကနေလည်း ဆူဆဲနေခဲ့ကာ အဘိုးဖြစ်သူကို ထိုးနှက်ကန်ကျောက် နေခဲ့တာပါ ။

အဘိုးဖြစ်သုကို နှိပ်စက်နေခဲ့တဲ့ရုပ်သံဟာ Social media အသုံးပြုသူတွေအကြား အတော်လေးပျံနှံ့သွားခဲ့ချိန်မှာတော့ ရဲအရာရှိများက ချက်ချင်ပဲ မြေးဖြစ်သူကိုစုံစမ်းပြီး နေအိမ်အထိလာရောက်ဖမ်းဆီးခဲ့ပါတယ် ။ ထိုအချိန်မှာတော့ အဘိုးဖြစ်သူဟာ သူ၏မြေးကိုဖက်ထားပြီး မခေါ်သွားကြဖို့ ရဲတွေကို အနူးအညွတ်တောင်းပန်နေခဲ့ပါတယ် ။ သူ့မြေးလေးကိုခေါ်သွားရင် သူ့ကိုပါထောင်ထဲခေါ်သွားဖို့ပြောဆိုခဲ့ပါသေးတယ် ။

ထို့အပြင် အဘိုးဖြစ်သူဟာ အဆင်ပြေကြောင်း ၊ မည်သည့်ဒဏ်ရာမျှမရရှိကြောင်း ပြောဆိုပြီးသူ၏မြေးကို မခေါ်သွားကြဖို့ငိုယိုပြီးတောင်းပန်ခဲ့ပါတယ် ။ ငါးတွေကို အစာကောင်းကောင်းမကြွေးမိလို့ သူ့အပြစ်ပါဆိုပြီး အဘိုးဖြစ်သူကကိုယ့်ကိုအပြစ်တင်နေခဲ့ပါတယ် ။ မြေးဖြစ်သူကိုတော့ ရဲအရာရှိများက စစ်ဆေးမေးမြန်းဖို့အတွက် ခေါ်ဆောင်သွားခဲ့ကြကြောင်း သိရှိရပါတယ် ။ စုံစမ်းစစ်ဆေးချက်တစ်ချို့အရ မြေးဖြစ်သူဟာ အခင်းဖြစ်ပွားရာအချိန်မှာ မူးယစ်ဆေးသုံးစွဲထားကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေျမးျဖစ္သူက ရက္ရက္စက္စက္႐ိုက္ႏွက္ကန္ေက်ာက္ ခဲ့ေပမဲ့လည္း ရဲေတြမဖမ္းဖို႔ သဲႀကီးမဲႀကီးေတာင္းပန္ေနခဲ့တဲ့ အဘိုးအို(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*