2 တန်းအရွယ်ကလေးငယ်တွေကို အဝတ်လျှော်တတ်အောင် ကျောင်းမှာတစ်ခါတည်းသင်ပြပေးခဲ့တဲ့ ဆရာမ



Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

အခြေခံအားဖြင့် 8 နှစ်အရွယ်ကလေးတွေဟာ စာဖတ် ၊ စာရေး နဲ့ သင်္ချာကိန်းဂဏာန်းတွေ မှန်ကန်စွာတွက်ချက်တတ်ဖို့ သင်ကြားရမဲ့အရွယ်ပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ ထိုင်းနိုင်ငံက ကျောင်းဆရာမကတော့ ကလေးငယ်တွေ နေ့စဉ်ဘဝအတွက်လိုအပ်မဲ့ ‘ အဝတ်လျှော်ခြင်း သင်ခန်းစာ’ ကို သင်ကြားပေးခဲ့ပါတယ် ။ ဆရာမကိုယ်တိုင်ကလည်း ကလေးငယ်တွေ တက်ကြွပျော်ရွှင်စွာ အဝတ်လျှော်နေကြတဲ့ ဓာတ်ပုံတွေကို social media ပေါ်ဝေမျှခဲ့ပါတယ် ။ ကလေးငယ်တွေဟာ အပြာရောင်ဝတ်စုံကို လဲဝတ်ပြီး သူတို့ဝတ်လာတဲ့ ယူနီဖောင်းကို လျှော်ဖွတ်ရတာပါ ။ အဲတာမှ သူတို့အိမ်ပြန်ရင် ကိုယ်တိုင်လျှော်ထားတဲ့ အင်္ကျီကိုဝတ်ပြန်ကြရမှာဖြစ်ပါတယ် ။ အချို့ကျောင်းသားတွေဆိုရင် သူတို့အဝတ်တွေစိုသွားမှာကို မစိုးရိမ်ဘဲ အဝတ်လျှော်ရတာကို အရမ်းတက်ကြွပျော်ရွှင်လွန်းနေခဲ့တာပါ ။

အခုခေတ်ကလေးငယ်တွေက ပညာရေးအတွက်သာ ဖိအားပေးကြိုးစားနေကြရပြီး ၊ အခြားစိတ်ဝင်စားစရာကောင်းပြီး ၊ ဘဝအတွက်အရေးပါတဲ့ လှုပ်ဆောင်ချက်တွေကို မပြုလုပ်ကြရတော့ပါဘူး ။ ဒါကြောင့် ကလေးငယ်တွေအတွက် အမှန်တကယ်အရေးပါတဲ့ ဘဝသင်ခန်းစာကို သင်ကြားပေးတဲ့ ကျောင်းဆရာမကို အတော်များများက ချီးကျူးဝမ်းမြောက်စကားများ comment တွင် ရေးသားပေးခဲ့ကြကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "2 တန်းအရွယ်ကလေးငယ်တွေကို အဝတ်လျှော်တတ်အောင် ကျောင်းမှာတစ်ခါတည်းသင်ပြပေးခဲ့တဲ့ ဆရာမ"

Leave a comment

Your email address will not be published.


*