” အစ်မအနားမှာ ကျွန်တော်အမြဲရှိနေတယ် ” ဆိုပြီး အရေးပေါ်ခန်းထဲဝင်ရတော့မဲ့ အစ်မဖြစ်သူကိုအဖော်ပြုပေးနေတဲ့ 7 နှစ်အရွယ်ကောင်လေး


.

.

.

Jasmine (Mckzone Daily)

Source : elitereaders

Unicode

ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံက 7 နှစ်သားအရွယ် Zhao Wenan အမည်ရှိတဲ့ ကောင်လေးရဲ့ အပြုအမှုကတော့ လူတိုင်းရဲ့ရင်ကို လှုပ်ခတ်စေခဲ့ပါတယ် ။ အကြောင်းကတော့ Zhao Wenan ရဲ့ အစ်မဖြစ်သူဟာ ကျောက်ကပ်ပေါက်ပြဲဒဏ်ရာရရှိခဲ့လို့ ဒဏ်ရာရဲ့ နာကျင်မှု ၊ ကြောက်လန့်မှုတို့နဲ့အတူ ဆေးရုံသို့ရောက်ရှိလာခဲ့ပါတယ် ။ ဒါကြောင့် Zgao Wenan က အစ်မရဲ့အနားကလုံးဝမခွာဘဲ ၊ ငိုကြွေးနေခဲ့တဲ့ အစ်မဖြစ်သူရဲ့ပါးပြင်ကို နမ်းရှိုက်ကာ ‘အစ်မ..မငိုနဲ့..ကျွန်တော်အစ်မအနားမှာ အမြဲရှိနေတယ် ‘ ဆိုပြီး နှစ်သိမ့်အားပေးစကားပြောဆိုနေခဲ့တာပါ ။ မောင်နှမ နှစ်ယောက်ရဲ့ချစ်ခြင်းသံယောဇဉ်က ဘယ်လောက်ကြီးမားလည်းဆိုတာ Zgao Wenan တို့ မောင်နှမနှစ်ယောက်ရဲ့အဖြစ်က သက်သေပြခဲ့တာပါပဲလေ ။

Jasmine (Mckzone Daily)

Be the first to comment on "” အစ်မအနားမှာ ကျွန်တော်အမြဲရှိနေတယ် ” ဆိုပြီး အရေးပေါ်ခန်းထဲဝင်ရတော့မဲ့ အစ်မဖြစ်သူကိုအဖော်ပြုပေးနေတဲ့ 7 နှစ်အရွယ်ကောင်လေး"

Leave a comment

Your email address will not be published.


*