မိသားစုဝင်တွေတောင် မမှတ်မိနိုင်လောက်အောင် ကိုယ်အလေးချိန်လျော့ချနိုင်ခဲ့တဲ့ အမျိုးသား



.

.

.

.

.

.

.

Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

လူအတော်များများက ကိုယ်အလေးချိန်တက်လာပြီးရင် ပြန်လျော့ချနိုင်ဖို့ အတော်ခက်ခဲကြပါတယ် ။ အချို့ကိုယ်အလေးချိန်လျော့ချနိုင်တဲ့သူတွေကလည်း သူတို့လုပ်ဆောင်ချက်တွေကို social media ပေါ်မှာ ဝေမျှပြလေ့ရှိပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ထိုင်းနိုင်ငံမှာနေထိုင်တဲ့ Nes Chedtragull အမည်ရှိတဲ့ အမျိုးသားဟာဆိုရင် ငယ်ရွယ်စဉ်ကတည်းက အခြားတွေထက် ကိုယ်အလေးချိန်များနေလို့ အတော်လေး အခက်အခဲတွေ့ခဲ့ရတာပါ ။ သို့ပေမဲ့လည်း တစ်နှစ်အတွင်း ကိုယ်အလေးချိန် 156kg ကနေ 75 kg အထိ လျော့ချပြနိုင်ခဲ့ပုံကို သူ့ရဲ့ Facebook fitness group မှာ ဝေမျှပြခဲ့ပါတယ် ။

သူကတော့ အစားအသောက်ပုံစံကို ပြောင်းလဲပစ်လိုက်ပြီး ၊ တစ်နေ့ကို အချိန်အတော်ကြာကြာ လမ်းလျှောက်ခြင်းဖြင့်သာ ကိုယ်အလေးချိန်လျော့ချခဲ့တာပါ ။ လက်ရှိမှာတော့ ကျန်းမာတဲ့ lifestyle တစ်ခုကို ပိုင်ဆိုင်ထားပြီဖြစ်လို့ အခြားသူတွေလည်း လိုက်ပါဆောင်ရွက်နိုင်အောင် သူ့ရဲ့ကိုယ်အလေးချိန်လျော့ချတဲ့နည်းလမ်းတွေကို ဝေမျှပေးနေလေ့ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မိသားစုဝင်တွေတောင် မမှတ်မိနိုင်လောက်အောင် ကိုယ်အလေးချိန်လျော့ချနိုင်ခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*