ေႁမြကိုက္တယ္ဆိုၿပီး ဆရာမကိုသတိေပးခဲ့ေပမဲ့လည္း ဆရာမက ဂ႐ုမစိုက္လို႔အသက္ေသဆံုးခဲ့ရတဲ့ ေက်ာင္းသူေလး

အိႏၷိယႏိုင္ငံ ၊ Kerala ျပည္နယ္မွာ႐ွိတဲ့ စာသင္ေက်ာင္းတစ္ေက်ာင္းမွာ စာတက္ေရာက္သင္ၾကားေနခဲ့တဲ့ 9ႏွစ္အရြယ္ေက်ာင္သူေလးဟာ ေႁမြကိုက္ခံရၿပီးေနာက္ အသက္ေသဆံုးသြားခဲ့ရပါတယ္ ။ သို႔ေပမဲ့ သူမ၏အတန္းပိုင္ဆရာမသာ တာဝန္ယူစိတ္အနည္းငယ္သာ႐ွိခဲ့မယ္ဆိုရင္ ကေလးငယ္ဟာ အသက္မေသဆံုးႏိုင္ပါဘူး ။ ျဖစ္စဥ္ကေတာ့ အဆိုပါေက်ာင္းသူေလးရဲ႕ အတန္းေဖာ္တစ္ေယာက္ေျပာျပခ်က္အရ သူမဟာစာသင္ခန္းထဲမွထိုင္ေနေပမဲ့လည္း ေႁမြေပြးတစ္ေကာင္ဟာစာသင္ခန္းထဲဝင္ေရာက္လာၿပီးေနာက္ သူမကိုကိုက္ပစ္ခဲ့ျခင္းျဖစ္ပါတယ္ ။ ထို႔ေနာက္ သူမရဲ႕အတန္းေဖာ္ေတြဟာ ဆရာမကိုခ်က္ခ်င္းသြားၿပီး အေၾကာင္းၾကားခဲ့ေပမဲ့လည္း ဆရာမကေတာ့ သာမာန္ထိခိုက္ဒဏ္ရာတစ္ခုလို႔သာ ယူဆၿပီးဂ႐ုမစိုက္ခဲ့ပါဘူး ။

ထို႔အျပင္ စာသင္ခန္းဟာ အေပါက္ေတြမ်ားစြာျဖစ္ေနခဲ့တဲ့အတြက္ ေႁမြေတြ ၊ အႏၱရာယ္႐ွိတဲ့အေကာင္ေတြ အလြယ္တကူဝင္ေရာက္ခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ေက်ာင္းသူေလးရဲ႕ေျခေထာက္လံုးဝအျပာေရာင္သန္းသြားခဲ့ခ်ိန္မွ သူမကိုေဆးရံုသို႔ေခၚေဆာင္သြားခဲ့ၾကၿပီး ကံဆိုးစြာနဲ႔ပဲ ေက်ာင္းသူေလဟာ လမ္းတစ္ဝက္မွာတင္ ေသဆံုးသြားခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။ သူမရဲ႕ အတန္းပိုင္ဆရာမကိုေတာ့ တာဝန္ယူစိတ္မ႐ွိတဲ့အတြက္ ပညာေရးဌာနမွတာဝန္ရပ္နားပစ္ခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ ေက်ာင္းသူေလးက ညေန 3:10 အခ်ိန္မွာ ေႁမြကိုက္ခံခဲ့ရတာပါဆိုၿပီး ဆရာမျဖစ္သူကိုတိုင္ၾကားခဲ့ေပမဲ့လည္း ဆရာမျဖစ္သူကေတာ့ ကေလးငယ္မိဘလာေခၚတဲ့ ညေန4နာရီအထိ မည့္သည့္အရာမ်ွမျပဳလုပ္ေပးဘဲ ဒီအတိုင္းသာေစာင့္ေနခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

ေဆးရံုမွ တာဝန္႐ွိသူေတြေျပာျပခ်က္အရ ေက်ာင္းကသာအေရးေပၚေဆးအကူအညီေတြနဲ႔ အခ်ိန္မီကုသေပးမယ္ဆိုရင္ ကေလးငယ္ အသက္မေသဆံုးႏိုင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ထို႔ေၾကာင့္ ဒီအျဖစ္အပ်က္တစ္ခုလံုးဟာ ေက်ာင္းရဲ႕ဖက္မွ လစ္ဟာခ်က္တစ္ခုျဖစ္ေၾကာင္း သိသာလြန္ခဲ့၍ အဆိုပါအျဖစ္အပ်က္ေၾကာင့္ စိတ္ဆိုးေဒါသထြက္ခဲ့ၾကတဲ့ လူအုပ္ႀကီးဟာ ေက်ာင္းရံုးခန္းေတြကို ဖ်က္ဆီးခဲ့တဲ့အျပင္ ၊ ဆရာ / ဆရာမေတြကိုလည္း အၾကမ္းဖက္တိုက္ခိုက္ခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အိန္နိယနိုင်ငံ ၊ Kerala ပြည်နယ်မှာရှိတဲ့ စာသင်ကျောင်းတစ်ကျောင်းမှာ စာတက်ရောက်သင်ကြားနေခဲ့တဲ့ 9နှစ်အရွယ်ကျောင်သူလေးဟာ မြွေကိုက်ခံရပြီးနောက် အသက်သေဆုံးသွားခဲ့ရပါတယ် ။ သို့ပေမဲ့ သူမ၏အတန်းပိုင်ဆရာမသာ တာဝန်ယူစိတ်အနည်းငယ်သာရှိခဲ့မယ်ဆိုရင် ကလေးငယ်ဟာ အသက်မသေဆုံးနိုင်ပါဘူး ။ ဖြစ်စဉ်ကတော့ အဆိုပါကျောင်းသူလေးရဲ့ အတန်းဖော်တစ်ယောက်ပြောပြချက်အရ သူမဟာစာသင်ခန်းထဲမှထိုင်နေပေမဲ့လည်း မြွေပွေးတစ်ကောင်ဟာစာသင်ခန်းထဲဝင်ရောက်လာပြီးနောက် သူမကိုကိုက်ပစ်ခဲ့ခြင်းဖြစ်ပါတယ် ။ ထို့နောက် သူမရဲ့အတန်းဖော်တွေဟာ ဆရာမကိုချက်ချင်းသွားပြီး အကြောင်းကြားခဲ့ပေမဲ့လည်း ဆရာမကတော့ သာမာန်ထိခိုက်ဒဏ်ရာတစ်ခုလို့သာ ယူဆပြီးဂရုမစိုက်ခဲ့ပါဘူး ။

ထို့အပြင် စာသင်ခန်းဟာ အပေါက်တွေများစွာဖြစ်နေခဲ့တဲ့အတွက် မြွေတွေ ၊ အန္တရာယ်ရှိတဲ့အကောင်တွေ အလွယ်တကူဝင်ရောက်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ ကျောင်းသူလေးရဲ့ခြေထောက်လုံးဝအပြာရောင်သန်းသွားခဲ့ချိန်မှ သူမကိုဆေးရုံသို့ခေါ်ဆောင်သွားခဲ့ကြပြီး ကံဆိုးစွာနဲ့ပဲ ကျောင်းသူလေဟာ လမ်းတစ်ဝက်မှာတင် သေဆုံးသွားခဲ့ရကြောင်း သိရှိရပါတယ် ။ သူမရဲ့ အတန်းပိုင်ဆရာမကိုတော့ တာဝန်ယူစိတ်မရှိတဲ့အတွက် ပညာရေးဌာနမှတာဝန်ရပ်နားပစ်ခဲ့ကြောင်း သိရှိရပါတယ် ။ ထို့အပြင် ကျောင်းသူလေးက ညနေ 3:10 အချိန်မှာ မြွေကိုက်ခံခဲ့ရတာပါဆိုပြီး ဆရာမဖြစ်သူကိုတိုင်ကြားခဲ့ပေမဲ့လည်း ဆရာမဖြစ်သူကတော့ ကလေးငယ်မိဘလာခေါ်တဲ့ ညနေ4နာရီအထိ မည့်သည့်အရာမျှမပြုလုပ်ပေးဘဲ ဒီအတိုင်းသာစောင့်နေခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

ဆေးရုံမှ တာဝန်ရှိသူတွေပြောပြချက်အရ ကျောင်းကသာအရေးပေါ်ဆေးအကူအညီတွေနဲ့ အချိန်မီကုသပေးမယ်ဆိုရင် ကလေးငယ် အသက်မသေဆုံးနိုင်ကြောင်း ပြောဆိုခဲ့ပါတယ် ။ထို့ကြောင့် ဒီအဖြစ်အပျက်တစ်ခုလုံးဟာ ကျောင်းရဲ့ဖက်မှ လစ်ဟာချက်တစ်ခုဖြစ်ကြောင်း သိသာလွန်ခဲ့၍ အဆိုပါအဖြစ်အပျက်ကြောင့် စိတ်ဆိုးဒေါသထွက်ခဲ့ကြတဲ့ လူအုပ်ကြီးဟာ ကျောင်းရုံးခန်းတွေကို ဖျက်ဆီးခဲ့တဲ့အပြင် ၊ ဆရာ / ဆရာမတွေကိုလည်း အကြမ်းဖက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေႁမြကိုက္တယ္ဆိုၿပီး ဆရာမကိုသတိေပးခဲ့ေပမဲ့လည္း ဆရာမက ဂ႐ုမစိုက္လို႔အသက္ေသဆံုးခဲ့ရတဲ့ ေက်ာင္းသူေလး"

Leave a comment

Your email address will not be published.


*