သရဲတေစၦေတြက ဖံုးကြယ္ဝွက္ထားခဲ့လို႔ ေန႔ခင္ဖက္ လယ္ကြင္းထဲမွာေပ်ာက္ဆံုးသြားခဲ့ရတဲ့ အမ်ိဳးသားရဲ႕အျဖစ္

ဒီလိုအျဖစ္အပ်က္မ်ိဳးေတြကို ကိုယ္ေတြရဲ႕ေဒသ ၊ ေက်းရြာဖက္ေတြမွာ ၾကားဖူးမိၾကမွာပါ ။ သရဲတေစၦေတြရဲ႕ ကြယ္ဝွက္ထားျခင္းကိုခံရလို႔ ကိုယ္က အျခားသူေတြကို ေတြ႔ရေပမဲ့ ၊ ကိုယ့္ကိုေတာ့ ဘယ္သူကမွ မျမင္ေတြ႔ခဲ့ၾကတဲ့ပံုစံအျဖစ္မ်ိဳးေပါ့ ။ ဒီတစ္ေခါက္မွာလည္း ထိုင္းႏိုင္ငံ ၊ Udon Thani ၿမိဳ႕မွာ ေနထိုင္တဲ့ Mr.Panom Srinuan အမည္႐ွိတဲ့ အမ်ိဳးသားဟာ သူ႔ရဲ႕လယ္ကြင္းထဲမွာ ႐ွိေနတဲ့ ထြန္စက္ကို သြားေရာက္စစ္ေဆးမယ္ဆိုၿပီး ေနအိမ္ကေနဆိုင္ကယ္နဲ႔ ထြက္ခြာသြားခဲ့ပါတယ္ ။ ပံုမွန္အားျဖင့္ သူ႔ရဲ႕ထြန္စက္ကို စစ္ေဆးဖို႔ဆိုရင္ 2 နာရီခန္႔သာ ၾကာျမင့္မွာျဖစ္ေပမဲ့လည္း ၊ ညေနအခ်ိန္ထိ အိမ္ျပန္မေရာက္လာလို႔ ဇနီးျဖစ္သူက စိတ္ပူၿပီး လယ္ကြင္းထဲထိ သြားေရာက္႐ွာခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း Mr.Panom ရဲ႕ ဆိုင္ကယ္ ၊ ဖုန္း နဲ႔ ဖိနပ္ကိုသာ ေတြ႔႐ွိၿပီး လူကိုေတာ့မေတြ႔႐ွိလို႔ ရဲအရာ႐ွိေတြထံတိုင္ၾကားခဲ့ရပါတယ္ ။ ေဆြမ်ိဳး ၊ အေပါင္းအသင္းေတြကလည္း Mr.Panom ကို လိုက္လံ႐ွာေဖြခဲ့ေပမဲ့လည္း ဘယ္သူကမွ မေတြ႔ခဲ့ၾကပါဘူး ။

ေနာက္တစ္ရက္ မနက္ခင္းမွ Mr.Panom ဟာ ေဆြမ်ိဳးတစ္ေယာက္ရဲ႕ ဆိုင္ကယ္ေနာက္လိုက္စီးၿပီး ေနအိမ္ျပန္ေရာက္လာခဲ့ပါတယ္ ။ ဇနီးျဖစ္သူကလည္း စိတ္ပူၿပီး အေၾကာင္းစံုေမးျမန္းခဲ့ခ်ိန္မွာေတာ့ သူဟာ လယ္ကြင္းထဲက တဲေလးမွာသာ ထိုင္ေနခဲ့ေၾကာင္း ၊ သူ႔အားလိုက္လံ႐ွာေဖြေနၾကသူေတြကို ေတြ႔ေပမဲ့လည္း ဘယ္သူကမွ သူ႔ကိုမျမင္ၾကေၾကာင္း ႏွင့္ ေအာ္ဟစ္ၿပီးအကူအညီေတာင္းေပမဲ့လည္း ဘယ္သူကမွ မၾကားၾကလို႔ အေတာ္ေလးထိတ္လန္႔မိခဲ့ေၾကာင္း ႐ွင္းျပသြားခဲ့ပါတယ္ ။ ဒီလို ထူးဆန္းတဲ့အျဖစ္မ်ိဳးက ေခတ္လူငယ္ေတြအေနနဲ႔ ယံုၾကည္ဖို႔ ခက္ခဲေနမယ္ဆိုတာ ခန္႔မွန္းရံုနဲ႔ သိႏိုင္ပါတယ္ေလ ။

Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

ဒီလိုအဖြစ်အပျက်မျိုးတွေကို ကိုယ်တွေရဲ့ဒေသ ၊ ကျေးရွာဖက်တွေမှာ ကြားဖူးမိကြမှာပါ ။ သရဲတစ္ဆေတွေရဲ့ ကွယ်ဝှက်ထားခြင်းကိုခံရလို့ ကိုယ်က အခြားသူတွေကို တွေ့ရပေမဲ့ ၊ ကိုယ့်ကိုတော့ ဘယ်သူကမှ မမြင်တွေ့ခဲ့ကြတဲ့ပုံစံအဖြစ်မျိုးပေါ့ ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံ ၊ Udon Thani မြို့မှာ နေထိုင်တဲ့ Mr.Panom Srinuan အမည်ရှိတဲ့ အမျိုးသားဟာ သူ့ရဲ့လယ်ကွင်းထဲမှာ ရှိနေတဲ့ ထွန်စက်ကို သွားရောက်စစ်ဆေးမယ်ဆိုပြီး နေအိမ်ကနေဆိုင်ကယ်နဲ့ ထွက်ခွာသွားခဲ့ပါတယ် ။ ပုံမှန်အားဖြင့် သူ့ရဲ့ထွန်စက်ကို စစ်ဆေးဖို့ဆိုရင် 2 နာရီခန့်သာ ကြာမြင့်မှာဖြစ်ပေမဲ့လည်း ၊ ညနေအချိန်ထိ အိမ်ပြန်မရောက်လာလို့ ဇနီးဖြစ်သူက စိတ်ပူပြီး လယ်ကွင်းထဲထိ သွားရောက်ရှာခဲ့ပါတယ် ။ သို့ပေမဲ့လည်း Mr.Panom ရဲ့ ဆိုင်ကယ် ၊ ဖုန်း နဲ့ ဖိနပ်ကိုသာ တွေ့ရှိပြီး လူကိုတော့မတွေ့ရှိလို့ ရဲအရာရှိတွေထံတိုင်ကြားခဲ့ရပါတယ် ။ ဆွေမျိုး ၊ အပေါင်းအသင်းတွေကလည်း Mr.Panom ကို လိုက်လံရှာဖွေခဲ့ပေမဲ့လည်း ဘယ်သူကမှ မတွေ့ခဲ့ကြပါဘူး ။

နောက်တစ်ရက် မနက်ခင်းမှ Mr.Panom ဟာ ဆွေမျိုးတစ်ယောက်ရဲ့ ဆိုင်ကယ်နောက်လိုက်စီးပြီး နေအိမ်ပြန်ရောက်လာခဲ့ပါတယ် ။ ဇနီးဖြစ်သူကလည်း စိတ်ပူပြီး အကြောင်းစုံမေးမြန်းခဲ့ချိန်မှာတော့ သူဟာ လယ်ကွင်းထဲက တဲလေးမှာသာ ထိုင်နေခဲ့ကြောင်း ၊ သူ့အားလိုက်လံရှာဖွေနေကြသူတွေကို တွေ့ပေမဲ့လည်း ဘယ်သူကမှ သူ့ကိုမမြင်ကြကြောင်း နှင့် အော်ဟစ်ပြီးအကူအညီတောင်းပေမဲ့လည်း ဘယ်သူကမှ မကြားကြလို့ အတော်လေးထိတ်လန့်မိခဲ့ကြောင်း ရှင်းပြသွားခဲ့ပါတယ် ။ ဒီလို ထူးဆန်းတဲ့အဖြစ်မျိုးက ခေတ်လူငယ်တွေအနေနဲ့ ယုံကြည်ဖို့ ခက်ခဲနေမယ်ဆိုတာ ခန့်မှန်းရုံနဲ့ သိနိုင်ပါတယ်လေ ။

Jasmine (Mckzone Daily)

Be the first to comment on "သရဲတေစၦေတြက ဖံုးကြယ္ဝွက္ထားခဲ့လို႔ ေန႔ခင္ဖက္ လယ္ကြင္းထဲမွာေပ်ာက္ဆံုးသြားခဲ့ရတဲ့ အမ်ိဳးသားရဲ႕အျဖစ္"

Leave a comment

Your email address will not be published.


*