အမႈိက္ပံုထဲမွာ ႂကြင္းက်န္ရစ္ခဲ့တဲ့ အစားအေသာက္ေတြကို ေဝမ်ွစားေနၾကတဲ့ ဆင္းရဲလြန္းတဲ့ျပည္သူအခ်ိဳ႕

ဖိလစ္ပိုင္က ဆင္းရဲလြန္းတဲ့ျပည္သူေတြရဲ႕ ေနထိုင္စားေသာက္ပံုကို ၾကည့္မိရင္ အေတာ္ေလးကို ကိုယ္ခ်င္းစာမိၾကမွာပါ ။ ၎တို႔ဟာ အမႈိက္ပံုး နဲ႔ အမႈိက္က်င္းေတြထဲမွာ စြန္႔ပစ္ထားတဲ့ အစားအေသာက္ေတြကို ျပန္ေကာက္ယူၿပီး ေရႏွင့္ျပန္ေဆးေၾကာကာ ခ်က္ျပဳတ္စားေသာက္ၾကရတာပါ ။ အခ်ိဳ႕ဆိုရင္ ၎တို႔ခ်က္ျပဳတ္ထားတဲ့ဟင္းေတြကို ၎တို႔ဆင္းရဲသာအခ်င္းခ်င္း ျပန္လည္ေရာင္းခ်ေလ့႐ွိေၾကာင္းလည္း သိ႐ွိရပါတယ္ ။ စြန္႔ပစ္အစားအစာမ်ားျဖစ္တဲ့အတြက္ ပိုးသတ္ေဆးေတြျဖန္းထားႏိုင္လို႔ အသက္အႏၱရာယ္ထိခိုက္ေစႏိုင္ပါတယ္ ။ သူတို႔ေလးေတြ အသက္႐ွင္သန္ရပ္တည္ႏိုင္ဖို႔ ၊ အသက္နဲ႔ရင္းၿပီး စြန္႔ပစ္အစားအစာေတြကို စားေသာက္ေနၾကရတာပါ ။ ဒါေၾကာင့္ ကိုယ္ေတြရဲ႕ဘဝအေျခအေနထက္ ခက္ခဲတဲ့သူေတြအမ်ားႀကီး႐ွိ​ေနလို႔ ကိုယ့္ရဲ႕ဘဝကိုၿငိဳျငင္တာမ်ိဳးမ႐ွိဘဲ အေကာင္းဆံုးေ႐ွ႕ဆက္အသက္႐ွင္ၾကဖို႔ အၾကံျပဳလိုက္ရပါတယ္ေနာ္ ။

.

.

.

Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

ဖိလစ်ပိုင်က ဆင်းရဲလွန်းတဲ့ပြည်သူတွေရဲ့ နေထိုင်စားသောက်ပုံကို ကြည့်မိရင် အတော်လေးကို ကိုယ်ချင်းစာမိကြမှာပါ ။ ၎င်းတို့ဟာ အမှိုက်ပုံး နဲ့ အမှိုက်ကျင်းတွေထဲမှာ စွန့်ပစ်ထားတဲ့ အစားအသောက်တွေကို ပြန်ကောက်ယူပြီး ရေနှင့်ပြန်ဆေးကြောကာ ချက်ပြုတ်စားသောက်ကြရတာပါ ။ အချို့ဆိုရင် ၎င်းတို့ချက်ပြုတ်ထားတဲ့ဟင်းတွေကို ၎င်းတို့ဆင်းရဲသာအချင်းချင်း ပြန်လည်ရောင်းချလေ့ရှိကြောင်းလည်း သိရှိရပါတယ် ။ စွန့်ပစ်အစားအစာများဖြစ်တဲ့အတွက် ပိုးသတ်ဆေးတွေဖြန်းထားနိုင်လို့ အသက်အန္တရာယ်ထိခိုက်စေနိုင်ပါတယ် ။ သူတို့လေးတွေ အသက်ရှင်သန်ရပ်တည်နိုင်ဖို့ ၊ အသက်နဲ့ရင်းပြီး စွန့်ပစ်အစားအစာတွေကို စားသောက်နေကြရတာပါ ။ ဒါကြောင့် ကိုယ်တွေရဲ့ဘဝအခြေအနေထက် ခက်ခဲတဲ့သူတွေအများကြီးရှိနေလို့ ကိုယ့်ရဲ့ဘဝကိုငြိုငြင်တာမျိုးမရှိဘဲ အကောင်းဆုံးရှေ့ဆက်အသက်ရှင်ကြဖို့ အကြံပြုလိုက်ရပါတယ်နော် ။

Jasmine (Mckzone Daily)

Be the first to comment on "အမႈိက္ပံုထဲမွာ ႂကြင္းက်န္ရစ္ခဲ့တဲ့ အစားအေသာက္ေတြကို ေဝမ်ွစားေနၾကတဲ့ ဆင္းရဲလြန္းတဲ့ျပည္သူအခ်ိဳ႕"

Leave a comment

Your email address will not be published.


*