အမ်ိဳးသမီးအတြင္းခံခိုးေနတုန္း လက္ပူးလက္က်ပ္အဖမ္းခံခဲ့ရတဲ့ နာမည္ႀကီးတကၠသိုလ္မွ ပါေမာကၡတစ္ဦး

ဂ်ပန္ႏိုင္ငံ၊ Tokyo ၿမိဳ႕မွာ႐ွိတဲ့ နာမည္ႀကီးတကၠသိုလ္မွ ေက်ာင္းဆရာတစ္ဦးဟာ အမ်ိဳးသမီးေတြရဲ႕အတြင္းခံခိုးယူမႈေၾကာင့္ အဖမ္းခံခဲ့ရပါတယ္ ။ ခိုးယူခဲ့တဲ့ အတြင္းခံမွာလည္း နာမည္အေတာ္အတန္ႀကီးတဲ့အမ်ိဳးသမီးရဲ႕အတြင္းခံျဖစ္ၿပီး ေနအိမ္ရဲ႕ဝရံတာမွာ လွန္းထားတုန္းျဖဳတ္ယူခဲ့တာ ျဖစ္ပါတယ္ ။ ၎ပါေမာကၡဟာ အသက္ 56ႏွစ္အရြယ္႐ွိၿပီး Keio University မွပါေမာကၡတစ္ဦးျဖစ္ကာ ၿပီးခဲ့တဲ့ November 17ရက္ေန႔က အမည္မေဖာ္လိုသူအမ်ိဳးသမီးရဲ႕ ပထမအလႊာက ဝရံတာမွာလွန္းထားတဲ့ အတြင္းခံေတြကို ခိုးယူခဲ့တာျဖစ္ပါတယ္ ။

သို႔ေပမဲ့လည္း ခိုးယူေနစဥ္အတြင္း ၎အမ်ိဳးသမီးရဲ႕ခင္ပြန္းျဖစ္သူကေတြ႔႐ွိသြားခဲ့ၿပီး သူခိုး ဆိုၿပီးေအာ္ဟစ္ခဲ့လို႔ ပါေမာကၡဟာ Ichikawa City လမ္းတစ္ေလ်ွာက္ ထြက္ေျပးတိမ္းေ႐ွာင္ခဲ့ေပမဲ့လည္း အကြာအေဝး အနည္းငယ္အေရာက္မွာေတာ့ ရဲအရာ႐ွိေတြက အဆိုပါပါေမာကၡကို ဖမ္းမိခဲ့ၾကပါတယ္ ။ ခိုးယူခဲ့တဲ့ အတြင္းခံရဲ႕ တန္ဖိုးဟာ ¥400 (ျမန္မာေငြ 5000ေက်ာ္ ဝန္းက်င္) သာ႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ ပါေမာကၡကေတာ့ ” ဘာလို႔အတြင္းခံခိုးခဲ့လဲဆိုတဲ့ အေၾကာက္းျပခ်က္မ်ိဳး မ႐ွိပါဘူး ” ဆိုၿပီး ဝန္ခံခဲ့ပါတယ္ ။

ပိုၿပီးအံ့ၾသေစခဲ့တာကေတာ့ အဆိုပါ ပါေမာကၡဟာ ထူးခြၽန္ေအာင္ျမင္ေနသူတစ္ေယာက္ျဖစ္တဲ့အျပင္ Keio University ၏ ႐ူပေဗဒဌာနမွ ပါေမာကၡတစ္ဦးျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ တကၠသိုလ္ဖက္ကလည္း ” ကြၽန္ေတာ္တို႔ အဖြဲ႔ဝင္တစ္ေယာက္က အဖမ္းခံခဲ့ရတာျဖစ္တဲ့အတြက္ အေတာ္ေလးေနာင္တရမိပါတယ္ ၊ ကြၽန္ေတာ္တို႔လက္႐ွိမွာေတာ့ စည္းစနစ္တက် အခ်က္အလက္ေတြကိုအတည္ျပဳႏိုင္ေအာင္ စစ္ေဆးေနပါတယ္ ” ဆိုၿပီး ေျပာဆိုခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဂျပန်နိုင်ငံ၊ Tokyo မြို့မှာရှိတဲ့ နာမည်ကြီးတက္ကသိုလ်မှ ကျောင်းဆရာတစ်ဦးဟာ အမျိုးသမီးတွေရဲ့အတွင်းခံခိုးယူမှုကြောင့် အဖမ်းခံခဲ့ရပါတယ် ။ ခိုးယူခဲ့တဲ့ အတွင်းခံမှာလည်း နာမည်အတော်အတန်ကြီးတဲ့အမျိုးသမီးရဲ့အတွင်းခံဖြစ်ပြီး နေအိမ်ရဲ့ဝရံတာမှာ လှန်းထားတုန်းဖြုတ်ယူခဲ့တာ ဖြစ်ပါတယ် ။ ၎င်းပါမောက္ခဟာ အသက် 56နှစ်အရွယ်ရှိပြီး Keio University မှပါမောက္ခတစ်ဦးဖြစ်ကာ ပြီးခဲ့တဲ့ November 17ရက်နေ့က အမည်မဖော်လိုသူအမျိုးသမီးရဲ့ ပထမအလွှာက ဝရံတာမှာလှန်းထားတဲ့ အတွင်းခံတွေကို ခိုးယူခဲ့တာဖြစ်ပါတယ် ။

သို့ပေမဲ့လည်း ခိုးယူနေစဉ်အတွင်း ၎င်းအမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူကတွေ့ရှိသွားခဲ့ပြီး သူခိုး ဆိုပြီးအော်ဟစ်ခဲ့လို့ ပါမောက္ခဟာ Ichikawa City လမ်းတစ်လျှောက် ထွက်ပြေးတိမ်းရှောင်ခဲ့ပေမဲ့လည်း အကွာအဝေး အနည်းငယ်အရောက်မှာတော့ ရဲအရာရှိတွေက အဆိုပါပါမောက္ခကို ဖမ်းမိခဲ့ကြပါတယ် ။ ခိုးယူခဲ့တဲ့ အတွင်းခံရဲ့ တန်ဖိုးဟာ ¥400 (မြန်မာငွေ 5000ကျော် ဝန်းကျင်) သာရှိကြောင်း သိရှိရပါတယ် ။ ပါမောက္ခကတော့ ” ဘာလို့အတွင်းခံခိုးခဲ့လဲဆိုတဲ့ အကြောက်းပြချက်မျိုး မရှိပါဘူး ” ဆိုပြီး ဝန်ခံခဲ့ပါတယ် ။

ပိုပြီးအံ့သြစေခဲ့တာကတော့ အဆိုပါ ပါမောက္ခဟာ ထူးချွန်အောင်မြင်နေသူတစ်ယောက်ဖြစ်တဲ့အပြင် Keio University ၏ ရူပဗေဒဌာနမှ ပါမောက္ခတစ်ဦးဖြစ်ကြောင်း သိရှိရပါတယ် ။ ထို့အပြင် တက္ကသိုလ်ဖက်ကလည်း ” ကျွန်တော်တို့ အဖွဲ့ဝင်တစ်ယောက်က အဖမ်းခံခဲ့ရတာဖြစ်တဲ့အတွက် အတော်လေးနောင်တရမိပါတယ် ၊ ကျွန်တော်တို့လက်ရှိမှာတော့ စည်းစနစ်တကျ အချက်အလက်တွေကိုအတည်ပြုနိုင်အောင် စစ်ဆေးနေပါတယ် ” ဆိုပြီး ပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အမ်ိဳးသမီးအတြင္းခံခိုးေနတုန္း လက္ပူးလက္က်ပ္အဖမ္းခံခဲ့ရတဲ့ နာမည္ႀကီးတကၠသိုလ္မွ ပါေမာကၡတစ္ဦး"

Leave a comment

Your email address will not be published.


*