ခွင့်ပြုချက်မရဘဲ အနမ်းပေးလို့ဆိုပြီး စိတ်ဆိုးဒေါသထွက်ခဲ့တဲ့ ကြောင်မလေး


.

.

.

.

.

.

Jasmine (Mckzone Daily)

Unicode

ဒီတစ်ခေါက်ဖော်ပြမဲ့ ကြောင်မလေးကတော့ ကပ်ကပ်လန် ခပ်ချေချေနေတတ်တဲ့ကြောင်လို့ ပြောရလောက်အောင်ပါပဲ ။ အကြောင်းကတော့ ကြောင်နှစ်ကောင်အတူထိုင်နိုင်စဉ် ကြောင်မလေးက ယာယံလို့ သူမရဲ့ခန္ဓာကိုယ်ကို ကုတ်နေခဲ့တာပါ ။ ဘေးနားထိုင်နေတဲ့ကြောင်ထီးလေးက ကြောင်မလေးပုံစံကချစ်ဖို့ကောင်းနေလို့ မနေနိုင်ဘဲ ရုတ်တရက်အနမ်းပေးလိုက်မိပါတယ် ။ ဒါကို အခွင့်အရေးယူတယ်ဆိုပြီး ကြောင်မလေးက စိတ်ဆိုးဒေါသထွက်ကာ ‘ငါ့ကိုနမ်းရဲတယ်ပေါ့ နင်က..’ ဆိုတဲ့အထာနဲ့ ချက်ချင်ပြန်ရန်တွေ့ခဲ့လို့ ကြောင်ထီးခမျာ အတော်လေးကြောက်လန့်သွားပုံရပါတယ် ။ ကြောင်ချစ်သူတွေအတွက် စိတ်အမောဖြေရာဓာတ်ပုံလေးတွေဖြစ်မယ်လို့ မျှော်လင့်မိပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ခွင့်ပြုချက်မရဘဲ အနမ်းပေးလို့ဆိုပြီး စိတ်ဆိုးဒေါသထွက်ခဲ့တဲ့ ကြောင်မလေး"

Leave a comment

Your email address will not be published.


*