ေက်ာင္ပိတ္ရက္႐ွည္စၿပီ ဆိုၿပီးအေပ်ာ္လြန္ကာ ေက်ာင္းသံုးခံုေတြ အကုန္႐ိုက္ခ်ိဳးပစ္ခဲ့တဲ့ ေက်ာင္းသားအုပ္စု (႐ုပ္သံ)

မၾကာေသးခင္က မေလး႐ွားႏိုင္ငံမွာ ေက်ာင္းပိတ္ရက္႐ွည္စၿပီျဖစ္တဲ့အတြက္ ေက်ာင္းသားေတြဟာအားလပ္ရက္အတြက္ အေတာ္ေလးကိုေပ်ာ္ရႊင္ၿပီး တက္တက္ႂကြၾကြ႐ွိေနခဲ့ၾကပါတယ္ ။ အမွန္တကယ္ ေက်ာင္းပိတ္ရက္က လဝက္ေလာက္ပါပဲ ။ သို႔ေပမဲ့လည္း မေလး႐ွားႏိုင္ငံ ၊ Kelanton ျပည္နယ္မွာ႐ွိတဲ့ ေက်ာင္းတစ္ေက်ာင္းမွာ႐ွိတဲ့ ေက်ာင္းသားအုပ္စုကေတာ့ သူတို႔ရဲ႕ေက်ာင္းပိတ္ရက္အတြက္ ေပ်ာ္ရႊင္အားရေက်နပ္မႈကို ေက်ာင္းမွာ႐ွိတဲ့ ပလပ္စတစ္ထိုင္ခံုေတြကို ၾကမ္းျပင္ေပၚ႐ိုက္ခြဲၿပီးေနာက္ အေပ်ာ္သေဘာ စိတ္ေျဖခဲ့ၾကပါတယ္ ။

အဆိုပါ video ကိုေတာ့ We are Malaysian ဆိုတဲ့ Facebook စာမ်က္ႏွာတစ္ခုက ေသမ်ွခဲ့တာျဖစ္ၿပီး ” ဘယ္သူ႔ကိုအျပစ္တင္ရမွာလည္း ၊ သူတို႔ရဲ႕မိဘကိုလား ဒါမွမဟုတ္ သူတို႔ကို ပညာသင္ေပးေနတဲ့ ဆရာ/ဆရာမကိုလား ” ဆိုၿပီး ေရးသားကာ ေဝမ်ွခဲ့ပါတယ္ ။ ပိုၿပီး စိတ္ပ်က္ေစခဲ့တာကေတာ့ Video ႐ိုက္ကူးေပးေနခဲ့တဲ့ ေက်ာင္းသားတစ္ဦးဟာ အားေပးအားေျမာက္စြာျဖင့္ ” ေကာင္းတယ္ ဆက္ၿပီး႐ိုက္ခ်ိဳးပစ္လိုက္ ” ဆိုၿပီး အားေပးစကားဆိုေနခဲ့ပါတယ္ ။

အဆိုပါ video ဟာ social media အသံုးျပဳသူေတြအၾကား အေတာ္ေရပန္းစားခဲ့ၿပီးေနာက္ ေက်ာင္းသားေတြရဲ႕လုပ္ရပ္ကို လူအမ်ားကအေတာ္စိတ္ပ်က္ခဲ့ၾကၿပီး ၊ မေလး႐ွားႏိုင္ငံရဲ႕ စြန္႔ပစ္ပလပ္စတစ္ပစၥည္းမ်ားပိုၿပီး မ်ားေစခဲ့တဲ့ေက်ာင္းသားေတြဆိုၿပီး မ်ိဳးစံုေဝဖန္ခဲ့ၾကပါတယ္ ။ ဆိုးဝါးလြန္းတဲ့ အမူအက်င့္ေတြေၾကာင့္ အဆိုပါေက်ာင္းသားေတြကို တာဝန္႐ွိသူေက်ာင္းအုပ္ႀကီးမွ ထိေရာက္တဲ့ျပစ္ဒဏ္မ်ိဳးခ်မွတ္ေပးဖို႔ လူအမ်ားက ေတာင္းဆိုခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မကြာသေးခင်က မလေးရှားနိုင်ငံမှာ ကျောင်းပိတ်ရက်ရှည်စပြီဖြစ်တဲ့အတွက် ကျောင်းသားတွေဟာအားလပ်ရက်အတွက် အတော်လေးကိုပျော်ရွှင်ပြီး တက်တက်ကြွကြွရှိနေခဲ့ကြပါတယ် ။ အမှန်တကယ် ကျောင်းပိတ်ရက်က လဝက်လောက်ပါပဲ ။ သို့ပေမဲ့လည်း မလေးရှားနိုင်ငံ ၊ Kelanton ပြည်နယ်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာရှိတဲ့ ကျောင်းသားအုပ်စုကတော့ သူတို့ရဲ့ကျောင်းပိတ်ရက်အတွက် ပျော်ရွှင်အားရကျေနပ်မှုကို ကျောင်းမှာရှိတဲ့ ပလပ်စတစ်ထိုင်ခုံတွေကို ကြမ်းပြင်ပေါ်ရိုက်ခွဲပြီးနောက် အပျော်သဘော စိတ်ဖြေခဲ့ကြပါတယ် ။

အဆိုပါ video ကိုတော့ We are Malaysian ဆိုတဲ့ Facebook စာမျက်နှာတစ်ခုက သေမျှခဲ့တာဖြစ်ပြီး ” ဘယ်သူ့ကိုအပြစ်တင်ရမှာလည်း ၊ သူတို့ရဲ့မိဘကိုလား ဒါမှမဟုတ် သူတို့ကို ပညာသင်ပေးနေတဲ့ ဆရာ/ဆရာမကိုလား ” ဆိုပြီး ရေးသားကာ ဝေမျှခဲ့ပါတယ် ။ ပိုပြီး စိတ်ပျက်စေခဲ့တာကတော့ Video ရိုက်ကူးပေးနေခဲ့တဲ့ ကျောင်းသားတစ်ဦးဟာ အားပေးအားမြောက်စွာဖြင့် ” ကောင်းတယ် ဆက်ပြီးရိုက်ချိုးပစ်လိုက် ” ဆိုပြီး အားပေးစကားဆိုနေခဲ့ပါတယ် ။

အဆိုပါ video ဟာ social media အသုံးပြုသူတွေအကြား အတော်ရေပန်းစားခဲ့ပြီးနောက် ကျောင်းသားတွေရဲ့လုပ်ရပ်ကို လူအများကအတော်စိတ်ပျက်ခဲ့ကြပြီး ၊ မလေးရှားနိုင်ငံရဲ့ စွန့်ပစ်ပလပ်စတစ်ပစ္စည်းများပိုပြီး များစေခဲ့တဲ့ကျောင်းသားတွေဆိုပြီး မျိုးစုံဝေဖန်ခဲ့ကြပါတယ် ။ ဆိုးဝါးလွန်းတဲ့ အမူအကျင့်တွေကြောင့် အဆိုပါကျောင်းသားတွေကို တာဝန်ရှိသူကျောင်းအုပ်ကြီးမှ ထိရောက်တဲ့ပြစ်ဒဏ်မျိုးချမှတ်ပေးဖို့ လူအများက တောင်းဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေက်ာင္ပိတ္ရက္႐ွည္စၿပီ ဆိုၿပီးအေပ်ာ္လြန္ကာ ေက်ာင္းသံုးခံုေတြ အကုန္႐ိုက္ခ်ိဳးပစ္ခဲ့တဲ့ ေက်ာင္းသားအုပ္စု (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*