မိန္းကေလးလိုျပဳျပင္ေျပာင္းလဲလိုက္ေပမဲ့လည္း မိန္းကေလးနဲ႔သာ ျပန္လက္ထပ္ခဲ့သူ

ထိုင္းႏိုင္ငံမွာ က်င္းပတဲ့ မဂၤလာပြဲတစ္ခုကေတာ့ ၾကည့္လိုက္ရင္ မိန္းကေလးႏွစ္ေယာက္ လက္ထပ္ေနၾကတာလို႔ ျမင္မိမွာပါ ။ Pond နဲ႔ Gift အမည္႐ွိတဲ့ အဆိုပါစံုတြဲဟာ မိဘအသိုင္းအဝိုင္းေတြေ႐ွ႕မွာ တစ္ကယ့္ကို႐ိုးရာအစဥ္အလာအတိုင္းလက္ထပ္ပြဲက်င္းပခဲ့ပါတယ္ ။ သူတို႔စံုတြဲရဲ႕ မဂၤလာဓာတ္ပံုေတြက အေတာ္ေလးပ်ံ့ႏွံ႔သြားခဲ့ၿပီးေနာက္ သူတို႔စံုတြဲရဲ႕ ပထမဆံုးေတြ႔ဆံုခဲ့မႈကို ေဝမ်ွခဲ့ၾကပါတယ္ ။ ႏွစ္ေယာက္လံုးက နယ္လွည့္ေဖ်ာ္ေျဖပြဲေတြမွာ အက အဖြဲ႔အျဖစ္ပါဝင္ရင္း ေတြ႔ဆံုးခဲ့တာပါ ။ ႏိုင္ငံအႏွံ႔ လွည့္လည္ေဖ်ာ္ေျဖရင္း အမွတ္တရေတြလည္း အတူ႐ွိခဲ့ၾကသူေတြပါ ။ ‘Gift က အလုပ္ႀကိဳးစားၿပီး တာဝန္ယူစိတ္အျပည့္႐ွိတာေၾကာင့္ စိတ္ဝင္စားခဲ့မိတာပါ ‘ ဆိုၿပီး Pond က ေျဖၾကားခဲ့ပါတယ္ ။ ‘ Pond က အရမ္းဂ႐ုစိုက္ေပးတယ္ ၊ အဲ့လိုပံုစံေၾကာင့္ ခ်စ္မိတာပါ ‘ ဆိုၿပီး Gift က ေျဖၾကားခဲ့ပါတယ္ ။

အခ်ိဳ႕ေသာသူေတြကေတာ့ သူတို႔ရဲ႕လက္ထပ္ပြဲကို နားမလည္ေလာက္ေအာင္ျဖစ္ခဲ့ၾကပါတယ္ ။ အဲတာကို Pond က ‘ အခ်ိဳ႕ေသာ နားမလည္တဲ့သူေတြရဲ႕ comment ကို ဖတ္မိတယ္ ၊ ကြၽန္မက လူအဖြဲ႔အစည္းပံုစံကို ဖ်က္ဆီးေနတယ္ဆိုၿပီးေတာ့ေပါ့ ၊ လူေတြပိုၿပီး ပြင့္လင္းျမင္သာၾကဖို႔ ေမ်ွာ္လင့္ပါတယ္ ၊​ေယာက်ၤာကလည္း ေယာက်ၤာကိုျပန္ခ်စ္ႏိုင္သလို ၊ မိန္းကေလးကလည္း မိန္းမကို ျပန္ခ်စ္ႏိုင္ပါတယ္ ၊ ထိုနည္းတူပဲ ..ကြၽန္မလို ျပဳျပင္ေျပာင္းလဲထားတဲ့ မိန္းမတစ္ေယာက္ကလည္း Gift လို မိန္းကေလးမ်ိဳးကို ျပန္ခ်စ္ႏိုင္ပါတယ္ ‘ ဆိုၿပီး ျပန္လည္ေျဖၾကားခဲ့ပါတယ္ ။

.

.

.

.

.

Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ မင်္ဂလာပွဲတစ်ခုကတော့ ကြည့်လိုက်ရင် မိန်းကလေးနှစ်ယောက် လက်ထပ်နေကြတာလို့ မြင်မိမှာပါ ။ Pond နဲ့ Gift အမည်ရှိတဲ့ အဆိုပါစုံတွဲဟာ မိဘအသိုင်းအဝိုင်းတွေရှေ့မှာ တစ်ကယ့်ကိုရိုးရာအစဉ်အလာအတိုင်းလက်ထပ်ပွဲကျင်းပခဲ့ပါတယ် ။ သူတို့စုံတွဲရဲ့ မင်္ဂလာဓာတ်ပုံတွေက အတော်လေးပျံ့နှံ့သွားခဲ့ပြီးနောက် သူတို့စုံတွဲရဲ့ ပထမဆုံးတွေ့ဆုံခဲ့မှုကို ဝေမျှခဲ့ကြပါတယ် ။ နှစ်ယောက်လုံးက နယ်လှည့်ဖျော်ဖြေပွဲတွေမှာ အက အဖွဲ့အဖြစ်ပါဝင်ရင်း တွေ့ဆုံးခဲ့တာပါ ။ နိုင်ငံအနှံ့ လှည့်လည်ဖျော်ဖြေရင်း အမှတ်တရတွေလည်း အတူရှိခဲ့ကြသူတွေပါ ။ ‘Gift က အလုပ်ကြိုးစားပြီး တာဝန်ယူစိတ်အပြည့်ရှိတာကြောင့် စိတ်ဝင်စားခဲ့မိတာပါ ‘ ဆိုပြီး Pond က ဖြေကြားခဲ့ပါတယ် ။ ‘ Pond က အရမ်းဂရုစိုက်ပေးတယ် ၊ အဲ့လိုပုံစံကြောင့် ချစ်မိတာပါ ‘ ဆိုပြီး Gift က ဖြေကြားခဲ့ပါတယ် ။

အချို့သောသူတွေကတော့ သူတို့ရဲ့လက်ထပ်ပွဲကို နားမလည်လောက်အောင်ဖြစ်ခဲ့ကြပါတယ် ။ အဲတာကို Pond က ‘ အချို့သော နားမလည်တဲ့သူတွေရဲ့ comment ကို ဖတ်မိတယ် ၊ ကျွန်မက လူအဖွဲ့အစည်းပုံစံကို ဖျက်ဆီးနေတယ်ဆိုပြီးတော့ပေါ့ ၊ လူတွေပိုပြီး ပွင့်လင်းမြင်သာကြဖို့ မျှော်လင့်ပါတယ် ၊ယောင်္ကျာကလည်း ယောင်္ကျာကိုပြန်ချစ်နိုင်သလို ၊ မိန်းကလေးကလည်း မိန်းမကို ပြန်ချစ်နိုင်ပါတယ် ၊ ထိုနည်းတူပဲ ..ကျွန်မလို ပြုပြင်ပြောင်းလဲထားတဲ့ မိန်းမတစ်ယောက်ကလည်း Gift လို မိန်းကလေးမျိုးကို ပြန်ချစ်နိုင်ပါတယ် ‘ ဆိုပြီး ပြန်လည်ဖြေကြားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မိန္းကေလးလိုျပဳျပင္ေျပာင္းလဲလိုက္ေပမဲ့လည္း မိန္းကေလးနဲ႔သာ ျပန္လက္ထပ္ခဲ့သူ"

Leave a comment

Your email address will not be published.


*