မေတာ္တဆမႈေၾကာင့္ မလႈပ္႐ွားႏိုင္ေတာ့တဲ့ ဇနီးသည္ရဲ႕ခင္ပြန္းေဟာင္းကို 8 ႏွစ္ခန္႔ ျပဳစုေစာင့္ေ႐ွာက္ေပးခဲ့တဲ့ အမ်ိဳးသား

ကိုယ့္ခ်စ္သူရဲ႕ ရည္းစားေဟာင္းနဲ႔ အျပင္မွာ သူငယ္ခ်င္းလို အတူေနဖို႔ေတာင္ အေတာ္ေလးခက္ခဲတဲ့အေျခအေနပါ ။ သို႔ေပမဲ့လည္း ဗီယက္နမ္ႏိုင္ငံမွာေနထိုင္တဲ့ Mr.Nguyen Van Kien အမည္႐ွိတဲ့အမ်ိဳးသားကေတာ့ မျငီးျငဴဘဲ ဇနီးသည္ရဲ႕ ခင္ပြန္းေဟာင္းကို 8 ႏွစ္ခန္႔ ျပဳစုေစာင့္ေ႐ွာက္ေပးခဲ့တာပါ ။ အေၾကာင္းကေတာ့ Kien ဟာ ဆင္းရဲ႕မိသားစုကေနႀကီးျပင္လာသူျဖစ္လို႔ အရြယ္ေရာက္ေတာ့ ေနအိမ္ကေနထြက္ခြာၿပီး အလုပ္႐ွာခဲ့ပါတယ္ ။ အဲ့အခ်ိန္မွာဘဲ အိမ္ေထာင္ကြဲ ကေလး 3 ေယာက္အေမ Nguyen Thi Bich Tien ဆိုတဲ့သူနဲ႔ ေတြ႔ဆံုခဲ့ၿပီး ခ်စ္ႀကိဳက္မိခဲ့ပါေတာ့တယ္ ။ Tien ကေတာ့ သူမထက္ၿပီးျပည့္စံုတဲ့ မိန္းကေလးမ်ိဳးကို႐ွာဖို႔ Kien ကို တိုက္တြန္းခဲ့ေပမဲ့လည္း Kien က လက္မေလ်ွာ့ခဲ့လို႔ ေနာက္ဆံုး လက္ထပ္ခဲ့ၾကပါတယ္ ။

သို႔ေပမဲ့လည္း သူတို႔ရဲ႕အိမ္ေထာင္ေရးဟာ ထင္ထားသလိုျဖစ္မလာခဲ့ပါဘူး ။ အေၾကာင္းကေတာ့ လက္ထပ္ၿပီး 5 ရက္အၾကာမွာ Tien ရဲ႕ခင္ပြန္းေဟာင္းက ယာဥ္မေတာ္တဆျဖစ္ခဲ့ေၾကာင္း ေဆးရံုကအေၾကာင္းၾကားလာခဲ့ပါတယ္ ။ ခင္ပြန္းေဟာင္းက ေဆြမ်ိဳးမ႐ွိတဲ့သူမို႔ ခြဲစိတ္ကုသရန္အတြက္ Tien က ေဖာင္မွာအခ်က္အလက္ေတြျဖည့္ၿပီး လက္မွတ္ထိုးေပးခဲ့ရပါတယ္။

ခြဲစိတ္ကုသမႈက ေအာင္ျမင္ခဲ့ေပမဲ့လည္း ခင္ပြန္းေဟာင္ျဖစ္သူဟာ ေျခလက္ေတြမလႈပ္႐ွားႏိုင္ေတာ့တဲ့အျပင္ ၊ ၾကည့္႐ႈေစာင့္ေ႐ွာက္သူလည္း မ႐ွိေတာ့တဲ့အဆံုး Tien နဲ႔ Kien တို႔ကသာ တာဝန္ယူေပးခဲ့ရတာပါ ။ Kien ကိုယ္တိုင္က မိသားစုစာဝတ္ေနေရးအတြက္ ႀကိဳးစား႐ွာေဖြေပးရတဲ့အျပင္ ဇနီးရဲ႕ခင္ပြန္းေဟာင္းကို မၿငိဳျငင္ပဲ ၾကည့္႐ႈေစာင့္ေ႐ွာက္ေပးေနခဲ့တာ 8 ႏွစ္ခန္႔႐ွိေနၿပီမို႔ လူအမ်ားရဲ႕အထင္ႀကီးေလးစားျခင္းကို ခံေနရတဲ့သူတစ္ေယာက္ျဖစ္ေနခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

ကိုယ့်ချစ်သူရဲ့ ရည်းစားဟောင်းနဲ့ အပြင်မှာ သူငယ်ချင်းလို အတူနေဖို့တောင် အတော်လေးခက်ခဲတဲ့အခြေအနေပါ ။ သို့ပေမဲ့လည်း ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ Mr.Nguyen Van Kien အမည်ရှိတဲ့အမျိုးသားကတော့ မငြီးငြူဘဲ ဇနီးသည်ရဲ့ ခင်ပွန်းဟောင်းကို 8 နှစ်ခန့် ပြုစုစောင့်ရှောက်ပေးခဲ့တာပါ ။ အကြောင်းကတော့ Kien ဟာ ဆင်းရဲ့မိသားစုကနေကြီးပြင်လာသူဖြစ်လို့ အရွယ်ရောက်တော့ နေအိမ်ကနေထွက်ခွာပြီး အလုပ်ရှာခဲ့ပါတယ် ။ အဲ့အချိန်မှာဘဲ အိမ်ထောင်ကွဲ ကလေး 3 ယောက်အမေ Nguyen Thi Bich Tien ဆိုတဲ့သူနဲ့ တွေ့ဆုံခဲ့ပြီး ချစ်ကြိုက်မိခဲ့ပါတော့တယ် ။ Tien ကတော့ သူမထက်ပြီးပြည့်စုံတဲ့ မိန်းကလေးမျိုးကိုရှာဖို့ Kien ကို တိုက်တွန်းခဲ့ပေမဲ့လည်း Kien က လက်မလျှော့ခဲ့လို့ နောက်ဆုံး လက်ထပ်ခဲ့ကြပါတယ် ။

သို့ပေမဲ့လည်း သူတို့ရဲ့အိမ်ထောင်ရေးဟာ ထင်ထားသလိုဖြစ်မလာခဲ့ပါဘူး ။ အကြောင်းကတော့ လက်ထပ်ပြီး 5 ရက်အကြာမှာ Tien ရဲ့ခင်ပွန်းဟောင်းက ယာဉ်မတော်တဆဖြစ်ခဲ့ကြောင်း ဆေးရုံကအကြောင်းကြားလာခဲ့ပါတယ် ။ ခင်ပွန်းဟောင်းက ဆွေမျိုးမရှိတဲ့သူမို့ ခွဲစိတ်ကုသရန်အတွက် Tien က ဖောင်မှာအချက်အလက်တွေဖြည့်ပြီး လက်မှတ်ထိုးပေးခဲ့ရပါတယ်။

ခွဲစိတ်ကုသမှုက အောင်မြင်ခဲ့ပေမဲ့လည်း ခင်ပွန်းဟောင်ဖြစ်သူဟာ ခြေလက်တွေမလှုပ်ရှားနိုင်တော့တဲ့အပြင် ၊ ကြည့်ရှုစောင့်ရှောက်သူလည်း မရှိတော့တဲ့အဆုံး Tien နဲ့ Kien တို့ကသာ တာဝန်ယူပေးခဲ့ရတာပါ ။ Kien ကိုယ်တိုင်က မိသားစုစာဝတ်နေရေးအတွက် ကြိုးစားရှာဖွေပေးရတဲ့အပြင် ဇနီးရဲ့ခင်ပွန်းဟောင်းကို မငြိုငြင်ပဲ ကြည့်ရှုစောင့်ရှောက်ပေးနေခဲ့တာ 8 နှစ်ခန့်ရှိနေပြီမို့ လူအများရဲ့အထင်ကြီးလေးစားခြင်းကို ခံနေရတဲ့သူတစ်ယောက်ဖြစ်နေခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မေတာ္တဆမႈေၾကာင့္ မလႈပ္႐ွားႏိုင္ေတာ့တဲ့ ဇနီးသည္ရဲ႕ခင္ပြန္းေဟာင္းကို 8 ႏွစ္ခန္႔ ျပဳစုေစာင့္ေ႐ွာက္ေပးခဲ့တဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*