သူနာျပဳလို ဟန္ေဆာင္ၿပီး ေဆးရံုမွာ 11 ႏွစ္ခန္႔ အလုပ္ဝင္လုပ္ခဲ့တဲ့ အမ်ိဳးသား

ဒီအျဖစ္အပ်က္ကေတာ့ ထိုင္းႏိုင္ငံမွာ႐ွိတဲ့ Park Chom ေဆးရံုမွာ ျဖစ္ပ်က္ခဲ့တာပါ ။ အေၾကာင္းကေတာ့ Gowit Inthasorn အမည္႐ွိတဲ့ အသက္ 35 ႏွစ္အရြယ္အမ်ိဳးသားဟာ သူနာျပဳသင္တန္းၿပီးဆံုးေအာင္ သင္ၾကားခဲ့ျခင္းမ်ိဳးမ႐ွိဘဲ ေဆးရံုမွာ 11 ႏွစ္ခန္႔အလုပ္ဝင္ ေနခဲ့တာပါ ။ အဆိုပါသတင္းက အေတာ္ေလးကိုနာမည္ႀကီးလာေတာ့ Gowit ဟာ အဆက္အသြယ္ဖ်က္ၿပီး ေဆးရံုသို႔လာေရာက္ခဲ့ျခင္းမ်ိဳးမ႐ွိေတာ့ပါဘူး ။ ျဖစ္စဥ္ကေတာ့ ေဆးရံုအုပ္ႀကီးက ႏွစ္စဥ္ June လတိုင္း ေဆးဝန္ထမ္းေတြကို စစ္ေဆးေလ့႐ွိေပမဲ့လည္း Gowit က သူ႔ရဲ႕ေဆးလိုင္စင္ကိုျပသႏိုင္ခဲ့ျခင္းမ်ိဳးမ႐ွိပါဘူး ။ ဒါေၾကာင့္ေနာက္ဆံုး Kon Kaen ေဆးတကၠသိုလ္မွ တာဝန္႐ွိသူေတြထံ Gowit ရဲ႕ ပညာအရည္အခ်င္းကိုေမးျမန္းခဲ့ရာ Gowit ဟာ သူနာျပဳသင္တန္းကို တက္ေရာက္ခဲ့ေပမဲ့လည္း ပညာကိုဆံုးခန္းတိုင္အထိ သင္ၾကားခဲ့ျခင္းမ်ိဳးမ႐ွိေၾကာင္း အေၾကာင္းျပန္လာခဲ့ပါတယ္ ။

Gowit ရဲ႕လုပ္ရပ္ဟာ ေဆးရံု နဲ႔ လူနာ ေတြအေပၚ တိုက္႐ိုက္ထိခိုက္ေစခဲ့တာေၾကာင့္ အရည္အခ်င္းမျပည့္ဝဘဲ လိမ္လည္ၿပီး အလုပ္ဝင္ခဲ့တဲ့ Gowit ကို ေဆးရံုမွ တာဝန္႐ွိသူေတြက ဘယ္လို အျပစ္ေပးမလဲဆိုတာကိုေတာ့ မသိရေသးပါဘူး ။

Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

ဒီအဖြစ်အပျက်ကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ Park Chom ဆေးရုံမှာ ဖြစ်ပျက်ခဲ့တာပါ ။ အကြောင်းကတော့ Gowit Inthasorn အမည်ရှိတဲ့ အသက် 35 နှစ်အရွယ်အမျိုးသားဟာ သူနာပြုသင်တန်းပြီးဆုံးအောင် သင်ကြားခဲ့ခြင်းမျိုးမရှိဘဲ ဆေးရုံမှာ 11 နှစ်ခန့်အလုပ်ဝင် နေခဲ့တာပါ ။ အဆိုပါသတင်းက အတော်လေးကိုနာမည်ကြီးလာတော့ Gowit ဟာ အဆက်အသွယ်ဖျက်ပြီး ဆေးရုံသို့လာရောက်ခဲ့ခြင်းမျိုးမရှိတော့ပါဘူး ။ ဖြစ်စဉ်ကတော့ ဆေးရုံအုပ်ကြီးက နှစ်စဉ် June လတိုင်း ဆေးဝန်ထမ်းတွေကို စစ်ဆေးလေ့ရှိပေမဲ့လည်း Gowit က သူ့ရဲ့ဆေးလိုင်စင်ကိုပြသနိုင်ခဲ့ခြင်းမျိုးမရှိပါဘူး ။ ဒါကြောင့်နောက်ဆုံး Kon Kaen ဆေးတက္ကသိုလ်မှ တာဝန်ရှိသူတွေထံ Gowit ရဲ့ ပညာအရည်အချင်းကိုမေးမြန်းခဲ့ရာ Gowit ဟာ သူနာပြုသင်တန်းကို တက်ရောက်ခဲ့ပေမဲ့လည်း ပညာကိုဆုံးခန်းတိုင်အထိ သင်ကြားခဲ့ခြင်းမျိုးမရှိကြောင်း အကြောင်းပြန်လာခဲ့ပါတယ် ။

Gowit ရဲ့လုပ်ရပ်ဟာ ဆေးရုံ နဲ့ လူနာ တွေအပေါ် တိုက်ရိုက်ထိခိုက်စေခဲ့တာကြောင့် အရည်အချင်းမပြည့်ဝဘဲ လိမ်လည်ပြီး အလုပ်ဝင်ခဲ့တဲ့ Gowit ကို ဆေးရုံမှ တာဝန်ရှိသူတွေက ဘယ်လို အပြစ်ပေးမလဲဆိုတာကိုတော့ မသိရသေးပါဘူး ။

Jasmine (Mckzone Daily)

Be the first to comment on "သူနာျပဳလို ဟန္ေဆာင္ၿပီး ေဆးရံုမွာ 11 ႏွစ္ခန္႔ အလုပ္ဝင္လုပ္ခဲ့တဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*