တစ္လေက်ာ္ခန္႔ overtime ဆင္းေနရၿပီး အားအင္ပ်က္ေနတဲ့ကေလးမိခင္ကို ေဖးမကူညီခဲ့တဲ့ ရထားဘူတာမွဝန္ထမ္းတစ္ဦး(႐ုပ္သံ)

ေခတ္ကာလအရ ၿမိဳ႕ႀကီးေတြမွာေနမယ္ဆိုရင္ မိန္းကေလးေတြေရာ ၊ ေယာက်ၤားေလးေတြကပါ အလုပ္ႀကိဳးစားလုပ္ကိုင္ေနရတဲ့ေခတ္ႀကီးပါ ။ အထူးသျဖင့္ ကိုယ့္မွာေကြၽးေမြးျပဳစုဖို႔ မိသားစုႀကီး႐ွိေနမယ္ဆိုရင္ေပါ့ ။ အလုပ္လုပ္ရတာက လူပင္ပန္းတယ္ ၊ စိတ္ဖိစီးမႈလည္း မ်ားလြန္းလွပါတယ္ ။ ထို႔အျပင္ overtime လုပ္ရင္ အခ်ိန္ပိုေၾကးရတယ္ဆိုေပမဲ့လည္း ပိုၿပီးစိတ္ပင္ပန္း ၊ လူပင္ပန္းျဖစ္ေစပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ကေလးမိခင္တစ္ေယာက္ဟာ အလုပ္ေတြပင္ပန္းလြန္ၿပီးေနာက္ အလြန္႔အလြန္ကိုအားပ်က္သြားတဲ့အထိ ျဖစ္ခဲ့ပါတယ္ ။

ဒီအျဖစ္အပ်က္ကေတာ့ တ႐ုတ္ႏိုင္ငံ ၊ Hubei ျပည္နယ္မွာ႐ွိတဲ့ မီးရထားဘူတာ တစ္ခုမွာျဖစ္ခဲ့တာျဖစ္ၿပီး CCTV မွတ္တမ္းမွာေဖာ္ျပထားခ်က္အရ မိန္းမငယ္ေလးတစ္ေယာက္ဟာ အားအင္ပ်က္ေတာက္သြားတဲ့ပံုစံမ်ိဳးနဲ႔ နံရံကိုမွီၿပီးၾကမ္းျပင္ေပၚသို႔ ထိုင္ခ်ခဲ့ပါတယ္ ။ ထို႔ေနာက္ မီးရထားဘူတာရဲ႕အမ်ိဳးသမီးဝန္ထမ္းတစ္ဦးက သူမအနားလာၿပီး အေျခအေနေတြကို ေမးျမန္းခဲ့ခ်ိန္မွာေတာ့ သူမအလုပ္လုပ္ကိုင္ေနခဲ့တဲ့ ကုမၸဏီဟာတစ္လေက်ာ္ဆက္တက္ overtime ဆင္းခိုင္းခဲ့တဲ့အတြက္ သူမအေတာ္ေလးကိုပင္ပန္းေနၿပီး ၊ စိတ္ဖိစီးမႈ မ်ားစြာရ႐ွိၿပီးခံစားေနရလ်က္႐ွိေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ထို႔အျပင္ ” သူမရဲ႕အိမ္မွာ႐ွိတဲ့သမီးေလး သူမေ႐ွ႕မွာငိုေနမွာကို မလိုလား၍ သူမဘယ္ကိုသြားရမွန္းမသိေၾကာင္းလည္း ” ဘူတာမွဝန္ထမ္းအမ်ိဳးသမီးကို ေျပာၿပီးရင္ဖြင့္ခဲ့ပါေသးတယ္ ။

ထို႔ေနာက္အဆိုပါ ဝန္ထမ္းအမ်ိဳးသမီးက သူမကိုဖက္ၿပီး ႏွစ္သိမ့္ခဲ့ခ်ိန္မွာေတာ့ သူမအေတာ္ေလးကိုငိုေႂကြးခဲ့ပါေတာ့တယ္ ။ ထို႔ေနာက္ ဝန္ထမ္းအမ်ိဳးသမီးဟာ သူမစိတ္ၿငိမ္သြားေစမဲ့အခ်ိန္အထိ ေဖ်ာင္းဖ်ခဲ့ၿပီး သူမကိုဘူတာ အျပင္ဖက္အထိ ပို႔ေဆာင္ေပးခဲ့ပါတယ္ ။အဆိုပါ ႐ုပ္သံဟာ social media အသံုးျပဳသူေတြအၾကာ အေတာ္ေလးကိုေရပန္းစားေနလ်က္႐ိွၿပီး ၊ ယေန႔ေခတ္ကာလရဲ႕ အလုပ္ဖိအားကို ျမင္သာေစခဲ့ေၾကာင္းႏွင့္ ဘူတာမွဝန္ထမ္းအမ်ိဳးသမီး၏ ကိုယ္ခ်င္းစာစိတ္႐ွိပံုကိုလည္း မ်ိဳးစံုသံုးသပ္ထင္ျမင္ခ်က္မ်ားေပးခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ခေတ်ကာလအရ မြို့ကြီးတွေမှာနေမယ်ဆိုရင် မိန်းကလေးတွေရော ၊ ယောင်္ကျားလေးတွေကပါ အလုပ်ကြိုးစားလုပ်ကိုင်နေရတဲ့ခေတ်ကြီးပါ ။ အထူးသဖြင့် ကိုယ့်မှာကျွေးမွေးပြုစုဖို့ မိသားစုကြီးရှိနေမယ်ဆိုရင်ပေါ့ ။ အလုပ်လုပ်ရတာက လူပင်ပန်းတယ် ၊ စိတ်ဖိစီးမှုလည်း များလွန်းလှပါတယ် ။ ထို့အပြင် overtime လုပ်ရင် အချိန်ပိုကြေးရတယ်ဆိုပေမဲ့လည်း ပိုပြီးစိတ်ပင်ပန်း ၊ လူပင်ပန်းဖြစ်စေပါတယ် ။ ဒီတစ်ခေါက်မှာလည်း ကလေးမိခင်တစ်ယောက်ဟာ အလုပ်တွေပင်ပန်းလွန်ပြီးနောက် အလွန့်အလွန်ကိုအားပျက်သွားတဲ့အထိ ဖြစ်ခဲ့ပါတယ် ။

ဒီအဖြစ်အပျက်ကတော့ တရုတ်နိုင်ငံ ၊ Hubei ပြည်နယ်မှာရှိတဲ့ မီးရထားဘူတာ တစ်ခုမှာဖြစ်ခဲ့တာဖြစ်ပြီး CCTV မှတ်တမ်းမှာဖော်ပြထားချက်အရ မိန်းမငယ်လေးတစ်ယောက်ဟာ အားအင်ပျက်တောက်သွားတဲ့ပုံစံမျိုးနဲ့ နံရံကိုမှီပြီးကြမ်းပြင်ပေါ်သို့ ထိုင်ချခဲ့ပါတယ် ။ ထို့နောက် မီးရထားဘူတာရဲ့အမျိုးသမီးဝန်ထမ်းတစ်ဦးက သူမအနားလာပြီး အခြေအနေတွေကို မေးမြန်းခဲ့ချိန်မှာတော့ သူမအလုပ်လုပ်ကိုင်နေခဲ့တဲ့ ကုမ္ပဏီဟာတစ်လကျော်ဆက်တက် overtime ဆင်းခိုင်းခဲ့တဲ့အတွက် သူမအတော်လေးကိုပင်ပန်းနေပြီး ၊ စိတ်ဖိစီးမှု များစွာရရှိပြီးခံစားနေရလျက်ရှိကြောင်း ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် ” သူမရဲ့အိမ်မှာရှိတဲ့သမီးလေး သူမရှေ့မှာငိုနေမှာကို မလိုလား၍ သူမဘယ်ကိုသွားရမှန်းမသိကြောင်းလည်း ” ဘူတာမှဝန်ထမ်းအမျိုးသမီးကို ပြောပြီးရင်ဖွင့်ခဲ့ပါသေးတယ် ။

ထို့နောက်အဆိုပါ ဝန်ထမ်းအမျိုးသမီးက သူမကိုဖက်ပြီး နှစ်သိမ့်ခဲ့ချိန်မှာတော့ သူမအတော်လေးကိုငိုကြွေးခဲ့ပါတော့တယ် ။ ထို့နောက် ဝန်ထမ်းအမျိုးသမီးဟာ သူမစိတ်ငြိမ်သွားစေမဲ့အချိန်အထိ ဖျောင်းဖျခဲ့ပြီး သူမကိုဘူတာ အပြင်ဖက်အထိ ပို့ဆောင်ပေးခဲ့ပါတယ် ။အဆိုပါ ရုပ်သံဟာ social media အသုံးပြုသူတွေအကြာ အတော်လေးကိုရေပန်းစားနေလျက်ရှိပြီး ၊ ယနေ့ခေတ်ကာလရဲ့ အလုပ်ဖိအားကို မြင်သာစေခဲ့ကြောင်းနှင့် ဘူတာမှဝန်ထမ်းအမျိုးသမီး၏ ကိုယ်ချင်းစာစိတ်ရှိပုံကိုလည်း မျိုးစုံသုံးသပ်ထင်မြင်ချက်များပေးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "တစ္လေက်ာ္ခန္႔ overtime ဆင္းေနရၿပီး အားအင္ပ်က္ေနတဲ့ကေလးမိခင္ကို ေဖးမကူညီခဲ့တဲ့ ရထားဘူတာမွဝန္ထမ္းတစ္ဦး(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*