အလောင်းကောင်ဝတ်စုံနဲ့ မာရသွန်အပြေးပြိုင်ပွဲ ဝင်ပြိုင်ခဲ့လို့ ကြည့်ရှုသူအတော်အများ ထိတ်လန့်ခဲ့ရတဲ့အဖြစ်



Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

ဒီအဖြစ်အပျက်လေးကတော့ 2019 ခုနှစ်က ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ မာရသွန်အပြေးပြိုင်ပွဲတစ်ခုပါ ။ အကြောင်းကတော့ အဆိုပါအမျိုးသားဟာ အခြားအပြေးသမားတွေလို အားကစားဝတ်စုံ ဝတ်ဆင်ပြီး အပြေးပြိုင်ခဲ့ခြင်းထက် အလောင်းကောင်ဝတ်စုံကို ရွေးပြီးဝတ်ဆင်ကာ အပြေးပြိုင်ခဲ့လို့ပါပဲ ။ အလောင်းကောင်ပုံစံမှာ ထိုင်းရိုးရာဓလေ့အတိုင်း အဖြူရောင်ပိတ်စနှင့်ပတ်ထားကာ လက်ဖဝါနှစ်ဖက်ပူးချည်ထားပြီး ကြာပန်တစ်ပွင့်ကိုင်ထားပြီး ၊ နှာခေါင်းမှာလည်း ဝါကွမ်းအဖြူရောင်နဲ့ ထိုးပြီးပိတ်ထားလို့ပါပဲ ။ အဆိုပါအမျိုးသားရဲ့ဓာတ်ပုံကတော့ social media ပေါ်မှာ အတော်လေးရေပန်းစားခဲ့ပါတယ် ။

နောက်ဆုံးမှ အဆိုပါအမျိုးသားဟာ ကျန်းမာရေးအလှူငွေရန်ပုံငွေအတွက်ကျင်းပတဲ့ cosplays ဝတ်စုံဝတ်ပြီးအပြေးပြိုင်ကြတဲ့ ပွဲတစ်ခုကို ယှဉ်ပြိုင်ခဲ့တာဖြစ်ကြောင်း လူတွေသိခဲ့ရပါတယ် ။ အဆိုပါပွဲမှာတော့ အဆင့် 6 အနေနဲ့ ပန်းဝင်ခဲ့ကြောင်းသိရပါတယ် ။ မွန်မြတ်တဲ့အလှူအတွက် တစ်သက်တစ်အား ကူညီပေးခဲ့တဲ့ အမျိုးသားရဲ့လုပ်ရပ်ဟာ ရယ်စရာကောင်းပေမဲ့လည်း ၊ တစ်ဖက်မှာတော့ လေးစားစရာလည်း ကောင်းနေပြန်ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အလောင်းကောင်ဝတ်စုံနဲ့ မာရသွန်အပြေးပြိုင်ပွဲ ဝင်ပြိုင်ခဲ့လို့ ကြည့်ရှုသူအတော်အများ ထိတ်လန့်ခဲ့ရတဲ့အဖြစ်"

Leave a comment

Your email address will not be published.


*