အခက္အခဲၾကံဳေတြ႔ေနရတဲ့ မ်က္မျမင္ေကာင္မေလး နဲ႔ လမ္းျပေခြးေလးကို ကူညီေပးခဲ့တဲ့ တကၠစီးကားသမားရဲ႕အျဖစ္

Sai အမည္နဲ႔ မ်က္မျမင္ေကာင္မေလးဟာ ပထမဆံုးအေနနဲ႔ ထိုင္းႏိုင္ငံမွာ လမ္းျပေခြးအသံုးျပဳခဲ့သူပါ ။ ေခြးေလးရဲ႕ နာမည္က Luther ျဖစ္ပါတယ္ ။ ထိုင္းႏိုင္ငံမွာ လမ္းျပေခြးေတြ အသံုးျပဳေလ့မ႐ွိတာေၾကာင့္ လူေတြက သိပ္ၿပီးနားမလည္ႏိုင္ၾကပါဘူး ။ Sai ကိုယ္တိုင္ကလည္း My name is Luther အမည္နဲ႔ Facebook page တစ္ခုေထာင္ထားၿပီး မ်က္မျမင္တစ္ေယာက္ရဲ႕တစ္ေန႔တာျဖတ္သန္းရပံုေတြကို ေဝမ်ွေလ့႐ွိပါတယ္ ။

မၾကာေသးခင္ကမွ သူမေဝမ်ွခဲ့တဲ့အေၾကာင္းအရာတစ္ခုေလးကေတာ့ သူမနဲ႔ေခြးေလးဟာ လမ္းမႀကီးေဘးမွာ တကၠစီကားစီးခ်င္လို႔ အခ်ိန္အေတာ္ၾကာေစာင့္ေနခဲ့တာပါ ။ သို႔ေပမဲ့လည္း တကၠစီးကား 4 စီးခန္႔က ေခြးေလးရဲ႕အျပဳအမႈ နဲ႔ တည္ေနရာၫြန္းျပတဲ့အေနအထားပံုစံေတြကို နားမလည္လို႔ သူတို႔ကို လက္မခံခဲ့ၾကပါဘူး ။ သို႔ေပမဲ့လည္း Mr.Charchai Thongsomboom အမည္နဲ႔ တကၠစီးကားသမားကေတာ့ Sai ရဲ႕ ေျပာဆို႐ွင္းျပမႈကို ေသခ်ာနားေထာင္ေပးတဲ့အျပင္ ေခြးေလးကိုပါ ကားေပၚတက္ခြင့္ေပးခဲ့ပါတယ္ ။

အျခားေသာကားဆရာေတြက လမ္းျပေခြးရဲ႕အေျခအေနကို လက္မခံဘဲ ေခြးေလးကို ကားေပၚစီးခြင့္မေပးခဲ့ၾကပါဘူး ။ ဘာလို႔လည္းဆိုေတာ့ ထိုင္းႏိုင္ငံမွာ လမ္းျပေခြးအသံုးမျပဳၾကလို႔ နားမလည္လို႔ပါပဲ ။ သို႔ေပမဲ့လည္း Sai တို႔သြားခ်င္တဲ့ေနရာကို စိတ္႐ွည္စြာပို႔ေဆာင္ေပးခဲ့တဲ့ ကားဆရာမွာေတာ့ လူအမ်ားရဲ႕ ေလးစားခ်ီးက်ဴးမႈကို အေတာ္ေလးခံခဲ့ရပါတယ္ ။

Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

Sai အမည်နဲ့ မျက်မမြင်ကောင်မလေးဟာ ပထမဆုံးအနေနဲ့ ထိုင်းနိုင်ငံမှာ လမ်းပြခွေးအသုံးပြုခဲ့သူပါ ။ ခွေးလေးရဲ့ နာမည်က Luther ဖြစ်ပါတယ် ။ ထိုင်းနိုင်ငံမှာ လမ်းပြခွေးတွေ အသုံးပြုလေ့မရှိတာကြောင့် လူတွေက သိပ်ပြီးနားမလည်နိုင်ကြပါဘူး ။ Sai ကိုယ်တိုင်ကလည်း My name is Luther အမည်နဲ့ Facebook page တစ်ခုထောင်ထားပြီး မျက်မမြင်တစ်ယောက်ရဲ့တစ်နေ့တာဖြတ်သန်းရပုံတွေကို ဝေမျှလေ့ရှိပါတယ် ။

မကြာသေးခင်ကမှ သူမဝေမျှခဲ့တဲ့အကြောင်းအရာတစ်ခုလေးကတော့ သူမနဲ့ခွေးလေးဟာ လမ်းမကြီးဘေးမှာ တက္ကစီကားစီးချင်လို့ အချိန်အတော်ကြာစောင့်နေခဲ့တာပါ ။ သို့ပေမဲ့လည်း တက္ကစီးကား 4 စီးခန့်က ခွေးလေးရဲ့အပြုအမှု နဲ့ တည်နေရာညွန်းပြတဲ့အနေအထားပုံစံတွေကို နားမလည်လို့ သူတို့ကို လက်မခံခဲ့ကြပါဘူး ။ သို့ပေမဲ့လည်း Mr.Charchai Thongsomboom အမည်နဲ့ တက္ကစီးကားသမားကတော့ Sai ရဲ့ ပြောဆိုရှင်းပြမှုကို သေချာနားထောင်ပေးတဲ့အပြင် ခွေးလေးကိုပါ ကားပေါ်တက်ခွင့်ပေးခဲ့ပါတယ် ။

အခြားသောကားဆရာတွေက လမ်းပြခွေးရဲ့အခြေအနေကို လက်မခံဘဲ ခွေးလေးကို ကားပေါ်စီးခွင့်မပေးခဲ့ကြပါဘူး ။ ဘာလို့လည်းဆိုတော့ ထိုင်းနိုင်ငံမှာ လမ်းပြခွေးအသုံးမပြုကြလို့ နားမလည်လို့ပါပဲ ။ သို့ပေမဲ့လည်း Sai တို့သွားချင်တဲ့နေရာကို စိတ်ရှည်စွာပို့ဆောင်ပေးခဲ့တဲ့ ကားဆရာမှာတော့ လူအများရဲ့ လေးစားချီးကျူးမှုကို အတော်လေးခံခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အခက္အခဲၾကံဳေတြ႔ေနရတဲ့ မ်က္မျမင္ေကာင္မေလး နဲ႔ လမ္းျပေခြးေလးကို ကူညီေပးခဲ့တဲ့ တကၠစီးကားသမားရဲ႕အျဖစ္"

Leave a comment

Your email address will not be published.


*