မကၠစီကိုၿမိဳ႕ထဲက ပီဇာဆိုင္ေ႐ွ႕မွာ ပီဇာအလကားစားရဖို႔ အျမဲထိုင္ေစာင့္ေနတဲ့ ေခြးေလးရဲ႕အျဖစ္က ရယ္ရမလို ၊ ငိုရမလိုပါပဲ ။ ေခြးေလးမွာ သူ႔ကိုအရမ္းခ်စ္တဲ့ပိုင္႐ွင္႐ွိေပမဲ့လည္း ပီဇာဆိုင္ထဲက Customer ေတြ သူ႔ကိုမုန္႔ေကြၽးေအာင္ အျမဲသနားစရာေကာင္းလြန္းတဲ့ မ်က္ႏွာနဲ႔ထိုင္ၾကည့္ေနတတ္ပါတယ္ ။ အစပိုင္းမွာေတာ့ ေခြးေလးကို ေလလြင့္ေခြးေလးလို႔ ထင္ခဲ့ေပမဲ့လည္း သူ႔ရဲ႕ဆြဲျပားေပၚမွာေတာ့ ‘ ကြၽန္ေတာ့္ကို ပီဇာမေပးပါနဲ႔ ၊ ေက်းဇူးတင္ပါတယ္’ ဆိုတဲ့ စာသားေလးကို ပိုင္႐ွင္ျဖစ္သူကိုယ္တိုင္ေရးေပးထားေၾကာင္း Estrella CR အမည္နဲ႔ facebook အသံုးျပဳသူက ေဝမ်ွခဲ့ပါတယ္ ။
ေခြးေလးရဲ႕ပိုင္႐ွင္မွာလည္း အဆိုပါပီဇာဆိုင္အနီးမွာ ဆိုင္ဖြင့္ထားသူျဖစ္ပါတယ္ ။ ေခြးေလးဟာ ပီဇာေတြအစားမ်ားၿပီး ကိုယ္အေလးခ်ိန္ေတြအရမ္းတက္လာတာေၾကာင့္ ေခြးေလးအတြက္ က်န္းမာေရးနဲ႔မညီၫြတ္တဲ့အစားအစာကို သခင္ျဖစ္သူက မေကြၽးေစခ်င္ပံုရပါတယ္ ။ သို႔ေပမဲ့လည္း ေခြးေလးဟာ ပီဇာအရမ္းႀကိဳက္လြန္းေနလို႔ ပထမဆြဲျပားကိုပါ ေဖ်ာက္ပစ္ခဲ့ပံုရပါတယ္ ။
ဒါေၾကာင့္ ေခြးေလးရဲ႕ေနာက္ဆြဲျပားတစ္ခုမွာ ‘ ေက်းဇူးျပဳၿပီး ပီဇာမေကြၽးပါနဲ႔ ‘ ဆိုၿပီး ထပ္မံေရးသားထားျပန္ပါတယ္ ။ ပီဇာအရမ္းႀကိဳက္လြန္းတဲ့ေခြးေလးကို သခင္ျဖစ္သူ အေတာ္ေလးႀကိဳးစားၿပီး ဝိတ္ခ်ေပးေနရပံုပါပဲ ။
Jasmine (Mckzone Daily)
Source : elitereaders
Unicode
မက္ကစီကိုမြို့ထဲက ပီဇာဆိုင်ရှေ့မှာ ပီဇာအလကားစားရဖို့ အမြဲထိုင်စောင့်နေတဲ့ ခွေးလေးရဲ့အဖြစ်က ရယ်ရမလို ၊ ငိုရမလိုပါပဲ ။ ခွေးလေးမှာ သူ့ကိုအရမ်းချစ်တဲ့ပိုင်ရှင်ရှိပေမဲ့လည်း ပီဇာဆိုင်ထဲက Customer တွေ သူ့ကိုမုန့်ကျွေးအောင် အမြဲသနားစရာကောင်းလွန်းတဲ့ မျက်နှာနဲ့ထိုင်ကြည့်နေတတ်ပါတယ် ။ အစပိုင်းမှာတော့ ခွေးလေးကို လေလွင့်ခွေးလေးလို့ ထင်ခဲ့ပေမဲ့လည်း သူ့ရဲ့ဆွဲပြားပေါ်မှာတော့ ‘ ကျွန်တော့်ကို ပီဇာမပေးပါနဲ့ ၊ ကျေးဇူးတင်ပါတယ်’ ဆိုတဲ့ စာသားလေးကို ပိုင်ရှင်ဖြစ်သူကိုယ်တိုင်ရေးပေးထားကြောင်း Estrella CR အမည်နဲ့ facebook အသုံးပြုသူက ဝေမျှခဲ့ပါတယ် ။
ခွေးလေးရဲ့ပိုင်ရှင်မှာလည်း အဆိုပါပီဇာဆိုင်အနီးမှာ ဆိုင်ဖွင့်ထားသူဖြစ်ပါတယ် ။ ခွေးလေးဟာ ပီဇာတွေအစားများပြီး ကိုယ်အလေးချိန်တွေအရမ်းတက်လာတာကြောင့် ခွေးလေးအတွက် ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာကို သခင်ဖြစ်သူက မကျွေးစေချင်ပုံရပါတယ် ။ သို့ပေမဲ့လည်း ခွေးလေးဟာ ပီဇာအရမ်းကြိုက်လွန်းနေလို့ ပထမဆွဲပြားကိုပါ ဖျောက်ပစ်ခဲ့ပုံရပါတယ် ။
ဒါကြောင့် ခွေးလေးရဲ့နောက်ဆွဲပြားတစ်ခုမှာ ‘ ကျေးဇူးပြုပြီး ပီဇာမကျွေးပါနဲ့ ‘ ဆိုပြီး ထပ်မံရေးသားထားပြန်ပါတယ် ။ ပီဇာအရမ်းကြိုက်လွန်းတဲ့ခွေးလေးကို သခင်ဖြစ်သူ အတော်လေးကြိုးစားပြီး ဝိတ်ချပေးနေရပုံပါပဲ ။
Jasmine (Mckzone Daily)
Be the first to comment on "“ကြၽန္ေတာ့္ကို ပီဇာမေကြၽးပါနဲ႔ ” ဆိုတဲ့ ဆြဲျပားေလးနဲ႔ ပီဇာဆိုင္ေ႐ွ႕မွာ အစာေတာင္းေနခဲ့တဲ့ေခြးေလး"