ကီးမြင့်လွန်းတဲ့ သီချင်းကို သီဆိုပြီးနောက်မှာဘဲ အသက်ဆုံးရှုံးသွားခဲ့ရတဲ့ မော်ဒယ်မလေး



.

.

.

.

.

Jasmine (Mckzone Daily)

Source : elitereaders

Unicode

Karen Stella Wong အမည်ရှိတဲ့ စင်ကာပူနိုင်ငံမှာနေထိုင်တဲ့ ကားမော်ဒယ်မိန်းကလေးဟာ ကီးမြင့်လွန်းတဲ့သီချင်းကို သီဆိုပြီးနောက်မှာတော့ အသက်ဆုံးရှုံးခဲ့ရပါတယ် ။ အကြောင်းကတော့ သူမဟာ သူငယ်ချင်းတွေနဲ့အတူ ခရစ်စမတ်ပါတီပွဲကျင်းပကြရင်း ကာရာအိုကေတွေသီဆိုပြီး ပျော်မြူးခဲ့ကြပါတယ် ။ ပျော်ပျော်ရွှင်ရွှင်နဲ့ ကီးမြင့်လွန်းတဲ့သီချင်းတွေသီဆိုပြီးနောက်မှာတော့ ရုတ်တရက် ခေါင်းကိုက်ခဲလာခဲ့ပြီးနောက် ကြမ်းပြင်ပေါ် လဲကျသွားခဲ့ပါတယ် ။ သူမရဲ့သူငယ်ချင်းတွေကလည်း အတော်လေးကို ထိတ်လန့်ခဲ့ကြပြီး ချက်ချင်းဆေးရုံသို့ ပို့ဆောင်ခဲ့ပေမဲ့လည်း ဆရာဝန်က Karen ဟာ ကိုမာ ဖြစ်သွားခဲ့ပြီဖြစ်ကြောင်း အသိပေးလာခဲ့ပါတယ် ။

သူမဟာ ကိုမာဖြစ်ပြီး 3 ရက်အကြာမှာပဲ သေဆုံးသွားခဲ့ရပါတယ် ။ သေဆုံးခဲ့ချိန်က သူမဟာ အသက် 28 နှစ်အရွယ်သာ ရှိသေးပြီး ၊ ကျန်းမာပျော်ရွှင်တဲ့သူလေး ဖြစ်ခဲ့လို့ မိခင်ဖြစ်သူမှာတော့ မဖြေသိမ့်နိုင်အောင် ဖြစ်ခဲ့ရပါတယ် ။ ဖခင်ဖြစ်သူကတော့ သမီးလေးက ပျော်ပျော်ရွှင်ရွှင်နဲ့ သီဆိုကခုန်ပြီး သေဆုံးသွားခဲ့ရတာလို့ပဲ စိတ်ဖြေသိမ့်နေလျက်ရှိကြောင်း သိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကီးမြင့်လွန်းတဲ့ သီချင်းကို သီဆိုပြီးနောက်မှာဘဲ အသက်ဆုံးရှုံးသွားခဲ့ရတဲ့ မော်ဒယ်မလေး"

Leave a comment

Your email address will not be published.


*