စစ္ေဆးေရးဂိတ္ေတြကိုျဖတ္ေက်ာ္ႏိုင္ဖို႔ ေလယာဥ္မွဴ းဝတ္စံုခိုးဝတ္ခဲ့တဲ့အျပင္ TikTok video ပါ႐ိုက္ကူးခဲ့တဲ့အမ်ိဳးသား

ကိုယ္ေတြငယ္ငယ္တုန္းကဆိုရင္လည္း ကိုယ္ေတြေလးစားအားက်ရတဲ့ ဆရာဝန္ ၊ စစ္သား ၊ ေက်ာင္းဆရာ စတဲ့ဝတ္စံုေတြကို လိုက္ၿပီးတုပကာ ဝတ္စားခ်င္ခဲ့ၾကတာပါပဲ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့အမ်ိဳးသားကေတာ့ လူတန္း႐ွည္ႀကီးေတြနဲ႔ လံုျခံဳေရးစစ္ေဆးတဲ့ေနရာေတြကို အလြယ္တကူျဖတ္ေက်ာ္ႏိုင္ဖို႔ဆိုၿပီး ေလယာဥ္မႉးဟန္ေဆာင္ခဲ့ပါတယ္ ။ ထို႔ေၾကာင့္ ဂ်ာမန္ေလေၾကာင္းလႈိင္းတစ္ခုျဖစ္တဲ့ Lufthansa ေလယာဥ္ရဲ႕ ေလယာဥ္မွဴးပံုစံတုပၿပီးဝတ္ဆင္ခဲ့တဲ့ အသက္48ႏွစ္အရြယ္ ၊ Rajan Mahbubani အမည္႐ွိတဲ့ New Delhi ၿမိဳ႕မွာေနထိုင္တဲ့ အိႏၵိယႏိုင္ငံသားဟာ ေလယာဥ္မႉးအျဖစ္တုပဟန္ေဆာင္မႈအတြက္ အဖမ္းခံခဲ့ရပါတယ္ ။

Rajan ဟာ အိႏၷိယႏိုင္ငံ ၊ Calcutta ၿမိဳ႕ကိုပ်ံသန္းထြက္ခြာသြားမဲ့ ေလယာဥ္ေပၚမွာ ၿပီးခဲ့တဲ့ November 19 ရက္ေန႔က အဖမ္းခံခဲ့ရတာျဖစ္ပါတယ္ ။ ထို႔အျပင္ Rajan ဟာ pilot ID ကတ္အတုပါ႐ွိေနခဲ့တဲ့အျပင္ ေလဆိပ္မွာအထူးအခြင့္အေရးရ႐ွိေအာင္ အဆိုပါကတ္ကိုေလဆိပ္မွာ အႀကိမ္ေပါင္းမ်ားစြာ အသံုးခ်ခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ သို႔ေပမဲ့လည္း Rajan ရဲ႕လ်ိွဳ႕ဝွက္ခ်က္ကို Lufthansa ရဲ႕ဝန္ထမ္းတစ္ဦးကရိပ္မိခဲ့ၿပီး ” Lufthansa ေလေၾကာင္းလႈိင္းရဲ႕ေလယာဥ္မႉးအျဖစ္ အေယာင္ေဆာင္ထားတဲ့ သံသယျဖစ္ဖြယ္ခရီးသည္တစ္ဦးကိုေတြ႔႐ွိထားေၾကာင္း ” ေလဆိပ္ရဲ႕လံုျခံဳေရးဌာနသို႔ လွန္းၿပီး အေၾကာင္းၾကားခဲ့ပါတယ္ ။

Rajan ဟာလည္း ရပ္ေစာင့္ေနၾကတဲ့လူတန္း႐ွည္ႀကီးႏွင့္ စစ္ေဆးေရးေနရာမ်ားကိုအလြယ္တကူ ျဖတ္ေက်ာ္ႏိုင္ဖို႔အတြက္ ယခုကဲ့သို႔ ဟန္ေဆာင္မိခဲ့တာျဖစ္ေၾကာင္း ဝန္ခံခဲ့ပါတယ္ ။ ထို႔အျပင္ ေလယာဥ္မႉးယူနီးေဖာင္းအျပည့္ႏွင့္ YouTube video ႐ိုက္ခဲ့တဲ့အျပင္ TikTok ပါေဆာ့ကစားခဲ့ေၾကာင္းဝန္ခံခဲ့ပါတယ္ ။ သူ၏ ID ကတ္အတုကိုေတာ့ ယိုးဒယားႏိုင္ငံမွာ ျပဳလုပ္ခဲ့ေၾကာင္း ထြက္ဆိုခဲ့ပါေသးတယ္ ။

စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ၿပီးခ်ိန္မွာေတာ့ Rajan ဟာအျခားေသာ ယူနီေဖာင္းမ်ားႏွင့္ ဓာတ္ပံုမ်ား႐ိုက္ထားခဲ့တာကိုလည္း ေတြ႔႐ွိခဲ့ရပါတယ္ ။ Rajan ဟာ ယခုအခ်ိန္လိမ္လည္လွည့္စားမႈအတြက္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတဲ့အျပင္ ျပစ္မႈထင္႐ွားပါက ေထာင္ဒဏ္ 1ႏွစ္က်ခံရႏိုင္သည့္အျပင္ ၊ ဒဏ္ေၾကးေငြမ်ားလည္း ေပးေဆာင္ရႏိုင္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုယ်တွေငယ်ငယ်တုန်းကဆိုရင်လည်း ကိုယ်တွေလေးစားအားကျရတဲ့ ဆရာဝန် ၊ စစ်သား ၊ ကျောင်းဆရာ စတဲ့ဝတ်စုံတွေကို လိုက်ပြီးတုပကာ ဝတ်စားချင်ခဲ့ကြတာပါပဲ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့အမျိုးသားကတော့ လူတန်းရှည်ကြီးတွေနဲ့ လုံခြုံရေးစစ်ဆေးတဲ့နေရာတွေကို အလွယ်တကူဖြတ်ကျော်နိုင်ဖို့ဆိုပြီး လေယာဉ်မှူးဟန်ဆောင်ခဲ့ပါတယ် ။ ထို့ကြောင့် ဂျာမန်လေကြောင်းလှိုင်းတစ်ခုဖြစ်တဲ့ Lufthansa လေယာဉ်ရဲ့ လေယာဉ်မှူးပုံစံတုပပြီးဝတ်ဆင်ခဲ့တဲ့ အသက်48နှစ်အရွယ် ၊ Rajan Mahbubani အမည်ရှိတဲ့ New Delhi မြို့မှာနေထိုင်တဲ့ အိန္ဒိယနိုင်ငံသားဟာ လေယာဉ်မှူးအဖြစ်တုပဟန်ဆောင်မှုအတွက် အဖမ်းခံခဲ့ရပါတယ် ။

Rajan ဟာ အိန္နိယနိုင်ငံ ၊ Calcutta မြို့ကိုပျံသန်းထွက်ခွာသွားမဲ့ လေယာဉ်ပေါ်မှာ ပြီးခဲ့တဲ့ November 19 ရက်နေ့က အဖမ်းခံခဲ့ရတာဖြစ်ပါတယ် ။ ထို့အပြင် Rajan ဟာ pilot ID ကတ်အတုပါရှိနေခဲ့တဲ့အပြင် လေဆိပ်မှာအထူးအခွင့်အရေးရရှိအောင် အဆိုပါကတ်ကိုလေဆိပ်မှာ အကြိမ်ပေါင်းများစွာ အသုံးချခဲ့ကြောင်း သိရှိရပါတယ် ။ သို့ပေမဲ့လည်း Rajan ရဲ့လျှို့ဝှက်ချက်ကို Lufthansa ရဲ့ဝန်ထမ်းတစ်ဦးကရိပ်မိခဲ့ပြီး ” Lufthansa လေကြောင်းလှိုင်းရဲ့လေယာဉ်မှူးအဖြစ် အယောင်ဆောင်ထားတဲ့ သံသယဖြစ်ဖွယ်ခရီးသည်တစ်ဦးကိုတွေ့ရှိထားကြောင်း ” လေဆိပ်ရဲ့လုံခြုံရေးဌာနသို့ လှန်းပြီး အကြောင်းကြားခဲ့ပါတယ် ။

Rajan ဟာလည်း ရပ်စောင့်နေကြတဲ့လူတန်းရှည်ကြီးနှင့် စစ်ဆေးရေးနေရာများကိုအလွယ်တကူ ဖြတ်ကျော်နိုင်ဖို့အတွက် ယခုကဲ့သို့ ဟန်ဆောင်မိခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ် ။ ထို့အပြင် လေယာဉ်မှူးယူနီးဖောင်းအပြည့်နှင့် YouTube video ရိုက်ခဲ့တဲ့အပြင် TikTok ပါဆော့ကစားခဲ့ကြောင်းဝန်ခံခဲ့ပါတယ် ။ သူ၏ ID ကတ်အတုကိုတော့ ယိုးဒယားနိုင်ငံမှာ ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါသေးတယ် ။

စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးချိန်မှာတော့ Rajan ဟာအခြားသော ယူနီဖောင်းများနှင့် ဓာတ်ပုံများရိုက်ထားခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ် ။ Rajan ဟာ ယခုအချိန်လိမ်လည်လှည့်စားမှုအတွက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့အပြင် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် 1နှစ်ကျခံရနိုင်သည့်အပြင် ၊ ဒဏ်ကြေးငွေများလည်း ပေးဆောင်ရနိုင်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "စစ္ေဆးေရးဂိတ္ေတြကိုျဖတ္ေက်ာ္ႏိုင္ဖို႔ ေလယာဥ္မွဴ းဝတ္စံုခိုးဝတ္ခဲ့တဲ့အျပင္ TikTok video ပါ႐ိုက္ကူးခဲ့တဲ့အမ်ိဳးသား"

Leave a comment

Your email address will not be published.


*