လူတွေနဲ့ အတော်လေးရင်းနှီးပြီး နေအိမ်အထိ အစာလာရောက်တောင်းစားလေ့ရှိတဲ့ 15 ပေအရှည်ရှိတဲ့ မိကျောင်း (ရုပ်သံ)




Jasmine (Mckzone Daily)

Source : elitereaders

Unicode

ရေငန်အစပ်နားမှာ ရှင်သန်ပေါက်ဖွားကြတဲ့မိကျောင်းတွေဟာ လူတွေနဲ့တရင်းတနှီးရှိတာမျိုးဟာ မြင်တွေ့ရခဲပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ video လေးကတော့ ကြည့်လိုက်ရုံနဲ့ ထိတ်လန့်မိမှာပါ ။ အကြောင်းကတော့ Burneo ကျွန်းမှာနေထိုင်တဲ့ Ambo အမည်ရှိတဲ့ အဒေါ်ကြီးဟာ သူမရဲ့နေအိမ်အပြင်ဖက်မှာ ငါးတွေကို ဆေးကြောသန့်စင်နေခဲ့တာပါ ။ ထိုအချိန်မှာ 15 ပေအရှည်ရှိတဲ့ မိကျောင်းက ရောက်ရှိလာပြီး အစာကျွေးဖို့ စောင့်ဆိုင်နေခဲ့ပါတယ် ။ အဒေါ်ကြီးကလည်း အဆိုပါမိကျောင်းကို လုံးဝကြောက်ရွံ့ခြင်းမျိုးမရှိဘဲ အေးဆေးတည်ငြိမ်စွာ သူမရဲ့အလုပ်ကို လုပ်ကိုင်နေလျက်ရှိပြီး ၊ မိကျောင်းကိုလည်း ရေတွေနဲ့ပက်ပြီး ဆော့ကစားခဲ့ပါသေးတယ် ။

အဆိုပါ ပတ်ဝန်းကျင်မှာနေထိုင်ကြသူတွေကတော့ အဆိုပါမိကျောင်းဟာ အတော်လေးကို ယဉ်ပါးပြီး လူတွေကိုအန္တရာယ်ပြုလေ့မရှိကြောင်း နှင့် Ambo တို့မိသားစုဟာ တံငါသည်တွေဖြစ်တဲ့အတွက် ယခုလို မိကျောင်းက မကြာခဏ အစာလာရောက် တောင်းရမ်းလေ့ရှိတာပါ ။

Video ထဲမှာတော့ မိကျောင်းဟာ စိတ်ရှည်လက်ရှည် အစာကျွေးမှာကို စောင့်ဆိုင်နေခဲ့ပြီး ၊ အဒေါ်ကြီး Ambo ရဲ့ ခင်ပွန်းကို မိကျောင်းကို အစာပစ်ကျွေးနေတာကို မြင်တွေ့ရမှာပါ ။ အကြောင်းမသိတဲ့သူတွေအတွက်ကတော့ ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပါပဲလေ ။

Jasmine (Mckzone Daily)

Be the first to comment on "လူတွေနဲ့ အတော်လေးရင်းနှီးပြီး နေအိမ်အထိ အစာလာရောက်တောင်းစားလေ့ရှိတဲ့ 15 ပေအရှည်ရှိတဲ့ မိကျောင်း (ရုပ်သံ)"

Leave a comment

Your email address will not be published.


*