ဧကရာဇ္မင္းဝတ္စံု နဲ႔ စတိုင္လ္က်က် ငါးေရာင္းေနခဲ့တဲ့ ေၾကာင္ေလး

ဗီယက္နမ္ႏိုင္ငံမွာေနထိုင္တဲ့ Cho အမည္႐ွိတဲ့ ေၾကာင္ေလးဟာ သူ႔ရဲ႕ဧကရာဇ္ဝတ္စံုနဲ႔ ငါးေရာင္းေနခဲ့တဲ့ ဓာတ္ပံုေလးေတြေၾကာင့္ social media ေပၚမွာ အေတာ္ေလးကို ေရပန္းစားေနလ်က္႐ွိပါတယ္ ။ ေၾကာင္ေလးရဲ႕ပံုစံေၾကာင့္ လူခ်စ္လူခင္မ်ားတဲ့အျပင္ သူ႔နာမည္ Cho ဟာ ဗီယက္နမ္လို ေခြးေလး လို႔ အဓိပၸါယ္ရလို႔ လူေတြပိုသတိထားမိခဲ့တာပါ ။ အေၾကာင္းကေတာ့ Cho ဟာ ေခြးေတြလို အမူအက်င့္ေတြ႐ွိေနလို႔ သခင္ျဖစ္သူက အခုလိုနာမည္ေပးထားခဲ့တာျဖစ္ပါတယ္ ။

Cho နဲ႔ သခင္ျဖစ္သူတို႔ ေစ်းကိုအလယ္သြားၾကရင္း ငါးစိမ္းသည္အေဒၚႀကီးက Cho ရဲ႕ပံုစံကိုေတြ႔ၿပီး ဓာတ္ပံုအတူ႐ိုက္ခ်င္လို႔ ေခၚထားတာပါ ။ အဆိုပါဓာတ္ပံုေတြကို Cho ရဲ႕ သခင္ျဖစ္သူက social media ေပၚ ေဝမ်ွေပးခဲ့တာပါ ။

လက္႐ွိမွာေတာ့ Cho ဟာ အသက္ 3 ႏွစ္အရြယ္ခန္႔႐ွိေနၿပီျဖစ္ၿပီး ၊ ေၾကာင္ေပါက္စအရြယ္ကတည္းက ဓာတ္ပံု႐ိုက္ရတာကိုႀကိဳက္ႏွစ္သက္ၿပီး သခင္နဲ႔အတူ ခရီးထြက္ရတာမ်ိဳးကိုလည္း ႏွစ္သက္ေၾကာင္း သိ႐ွိရပါတယ္ ။ သခင္ျဖစ္သူကေတာ့ Cho ကို ဝတ္စံုပံုစံမ်ိဳးစံုနဲ႔ ခ်စ္ဖို႔ေကာင္းေနေအာင္ ဝတ္စားေပးေလ့႐ွိေၾကာင္း သိရပါတယ္

.

.

.

.

.

.

.

.

Jasmine (Mckzone Daily)

Source : elitereaders

Unicode

ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ Cho အမည်ရှိတဲ့ ကြောင်လေးဟာ သူ့ရဲ့ဧကရာဇ်ဝတ်စုံနဲ့ ငါးရောင်းနေခဲ့တဲ့ ဓာတ်ပုံလေးတွေကြောင့် social media ပေါ်မှာ အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။ ကြောင်လေးရဲ့ပုံစံကြောင့် လူချစ်လူခင်များတဲ့အပြင် သူ့နာမည် Cho ဟာ ဗီယက်နမ်လို ခွေးလေး လို့ အဓိပ္ပါယ်ရလို့ လူတွေပိုသတိထားမိခဲ့တာပါ ။ အကြောင်းကတော့ Cho ဟာ ခွေးတွေလို အမူအကျင့်တွေရှိနေလို့ သခင်ဖြစ်သူက အခုလိုနာမည်ပေးထားခဲ့တာဖြစ်ပါတယ် ။

Cho နဲ့ သခင်ဖြစ်သူတို့ ဈေးကိုအလယ်သွားကြရင်း ငါးစိမ်းသည်အဒေါ်ကြီးက Cho ရဲ့ပုံစံကိုတွေ့ပြီး ဓာတ်ပုံအတူရိုက်ချင်လို့ ခေါ်ထားတာပါ ။ အဆိုပါဓာတ်ပုံတွေကို Cho ရဲ့ သခင်ဖြစ်သူက social media ပေါ် ဝေမျှပေးခဲ့တာပါ ။

လက်ရှိမှာတော့ Cho ဟာ အသက် 3 နှစ်အရွယ်ခန့်ရှိနေပြီဖြစ်ပြီး ၊ ကြောင်ပေါက်စအရွယ်ကတည်းက ဓာတ်ပုံရိုက်ရတာကိုကြိုက်နှစ်သက်ပြီး သခင်နဲ့အတူ ခရီးထွက်ရတာမျိုးကိုလည်း နှစ်သက်ကြောင်း သိရှိရပါတယ် ။ သခင်ဖြစ်သူကတော့ Cho ကို ဝတ်စုံပုံစံမျိုးစုံနဲ့ ချစ်ဖို့ကောင်းနေအောင် ဝတ်စားပေးလေ့ရှိကြောင်း သိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဧကရာဇ္မင္းဝတ္စံု နဲ႔ စတိုင္လ္က်က် ငါးေရာင္းေနခဲ့တဲ့ ေၾကာင္ေလး"

Leave a comment

Your email address will not be published.


*