ကောင်မလေးက ထားခဲ့လို့ဆိုပြီး အသည်းကွဲကာ အဝတ်လျှော်စက်ထဲ ဝင်ပြီးအော်ငိုနေခဲ့တဲ့ ကောင်လေး



Jasmine (Mckzone Daily)

Source : elitereaders

Unicode

ကိုယ့်ရဲ့သူငယ်ချင်းတွေ အသည်းကွဲရင် ဘယ်လိုကြေကွဲတတ်လေ့ရှိလည်းဆိုတာကို သိကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း ကောင်လေးအုပ်စုတစ်စုဟာ ဘဝမှာမတွေးထင်ထားတဲ့ အဖြစ်အပျက်မျိုးနဲ့ကြုံခဲ့ရပါတယ် ။ အဲတာကတော့ ဘော်ဒါအရင်းခေါက်ခေါက်က ကောင်မလေးနဲ့ပျက်ပြီး အသည်းကွဲကာ အဝတ်လျှော်စက်ထဲမှာ အပီအပြင်အော်ငိုနေခဲ့လို့ပါဘဲ ။ ‘ ဘာကြီးလဲကွာ ‘ ဆိုပြီး သူငယ်ချင်းရဲ့အဖြစ်ကို မရယ်မောပဲ မနေနိုင်အောင် ဖြစ်ခဲ့ကြပါတယ် ။

သေချာတဲ့လုပ်ရပ်ကတော့ သူငယ်ချင်းကောင်အနေနဲ့ ကြေကွဲပြီးအော်ငိုနေတဲ့ကောင်လေးရဲ့ပုံစံကို အမိအရ video ရိုက်ကူးပြီး online ပေါ် မှာ ဝေမျှခဲ့ကြလို့ပါပဲ ။ အသည်းကွဲနေခဲ့တဲ့ကောင်လေးကတော့ ဘယ်လိုလုပ်ပြီး သူ့ခန္ဓာကိုယ်နဲ့ အဝတ်လျှော်စက်ထဲရအောင် ဝင်ခဲ့လဲဆိုတာကို စဉ်းစားလို့မရလောက်အောင်ပါပဲ ။ အသည်းကွဲလို့ အော်ငိုပြီးရင်တော့ သူ့ရဲ့အဖြစ်အပျက် video ကိုကြည့်ပြီး တစ်သက်လုံးအရှက်ရသွားခဲ့မှာတော့ အသေအချာပါပဲလေ ။

Jasmine (Mckzone Daily)

Be the first to comment on "ကောင်မလေးက ထားခဲ့လို့ဆိုပြီး အသည်းကွဲကာ အဝတ်လျှော်စက်ထဲ ဝင်ပြီးအော်ငိုနေခဲ့တဲ့ ကောင်လေး"

Leave a comment

Your email address will not be published.


*