ကားမောင်းနေရင်း ​မျောက်ဖင်နီကို မီးနီနဲ့မှားလို့ အခက်တွေ့ခဲ့တဲ့ မိန်းကလေးအဖြစ်



.

.

.

Jasmine (Mckzone Daily)

Source : elitereaders

Unicode

ဒီအဖြစ်အပျက်ကတော့ တရုတ်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တာပါ ။ အကြောင်းအရာကတော့ မိန်းကလေးဟာ ကားမောင်းနေရင်း မျောက်ဖင်နီကို ရုတ်တရက်မီးနီလို့ ထင်မှတ်ပြီး ဘရိတ်စောင့်နင်းမိခဲ့ပါတယ် ။ ထိုအချိန်မှာပဲ သူမရဲ့အနောက်မှာ လိုက်ပါလာတဲ့ကားအမဲရောင်က အရှိန်မထိန်းနိုင်ဘဲ သူမရဲ့ကားကို ဝင်ဆောင့်မိခဲ့ပါတယ် ။ ကားအမဲရောင်မှ ယာဉ်မောင်းက ကားပေါ်ကဆင်းပြီး ဘာလို့ ကားကိုရုတ်တရက်ရပ်ပစ်တာလဲဆိုပြီး သူမကိုမေးမြန်ခဲ့ချိန်မှာမှ မီးနီ နဲ့ မျောက်ဖင်နီကို လွဲမှားမိခဲ့ကြောင်း သူမသတိရခဲ့ပါတယ် ။

သူမကလည်း လွဲမှားမိခဲ့တဲ့အကြောင်းစုံကို ရှင်းပြရင်း တောင်းပန်ခဲ့ရာ နစ်နာကြေးတွေပါ ပေးခဲ့ရကြောင်း သိရပါတယ် ။ ကံကောင်းစွာနဲ့ပဲ မည်သူတစ်ဦးတစ်ယောက်ကမှ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြကြောင်း သိရှိရပါတယ် ။ မျောက်ဖင်နီကတော့ အဆိုပါ မီးပွိုင့်ဓာတ်တိုင်းပေါ်မှာ ထိုင်ပြီး အေးဆေးစွာ အနားယူနေခဲ့ကြောင်းလည်း သိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကားမောင်းနေရင်း ​မျောက်ဖင်နီကို မီးနီနဲ့မှားလို့ အခက်တွေ့ခဲ့တဲ့ မိန်းကလေးအဖြစ်"

Leave a comment

Your email address will not be published.


*