ဧရာမမိကျောင်းကြီးကို ဒိုင်နိုဆောဝတ်စုံဝတ်ဆင်ပြီး စနောက်ခဲ့တဲ့အမျိုးသား (ရုပ်သံ)



.

.

Jasmine (Mckzone Daily)

Source : elitereaders

Unicode

Colorado Gators ပန်းခြံမှာတာဝန်ထမ်းဆောင်နေတဲ့ အသက် 35 နှစ်အရွယ် Jason McDonald အမည်ရှိတဲ့အမျိုးသားဟာ ဒိုင်နိုဆောဝတ်စုံဝတ်ဆင်ပြီး ဧရာမမိကျောင်းကြီးကိုစနောက်ခဲ့ပါတယ် ။ Morris အမည်ရှိတဲ့မိကျောင်းဟာ ကိုယ်အလေးချိန်ပေါင် 500 ရှိပြီး နာမည်ကျော် Celebrity လည်း ဖြစ်နေခဲ့ပါတယ် ။ အကြောင်းကတော့ Morris ဟာ Dr.DoLittle နဲ့ Happy Gilmore စတဲ့ ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ဖူးလို့ပါပဲ ။

အခုလိုမိကျောင်းကို စားစရာကျွေးရင်း နောက်ပြောင်နေရတဲ့အကြောင်းကတော့ မိကျောင်းဟာအတော်လေးဝဖြိုးနေပြီး ကိုယ်လက်လှုပ်ရှားမှုတွေ မရှိတော့လို့ပါ ။ ဒါကြောင့် ကယ်လိုရီအချို့လျော့နဲသွားအောင် ယခုလို စားစရာတွေနဲ့ စနောက်နေရတာဖြစ်ကြောင်းသိရပါတယ် ။ သို့ပေမဲ့လည်း မိကျောင်းက ကန်ရေကနေခုန်ထွက်လာခဲ့ရင်တော့ ပြေးလို့လွတ်မှာ မဟုတ်ဘူးဆိုပြီး Jason က ပြောပြသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဧရာမမိကျောင်းကြီးကို ဒိုင်နိုဆောဝတ်စုံဝတ်ဆင်ပြီး စနောက်ခဲ့တဲ့အမျိုးသား (ရုပ်သံ)"

Leave a comment

Your email address will not be published.


*