သဝန္တိုစိတ္ေၾကာင့္ ဇနီးသည္ကို ႏွစ္ 20 ခန္႔စကားမေျပာဘဲ စိတ္ဆိုးေနခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

လင္မယားေတြဆိုတဲ့အမ်ိဳးက စကားကေတာက္ကဆျဖစ္ၿပီး ရက္အနည္းငယ္ စိတ္ဆိုးေဒါသထြက္ၾကတာမ်ိဳး႐ွိၾကမွာပါ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ ဂ်ပန္ႏိုင္ငံကအမ်ိဳးသားကေတာ့ ဇနီးသည္ကို ႏွစ္ 20 ခန္႔ မေခၚမေျပာဘဲ ႏႈတ္ဆိတ္ေနခဲ့တာပါ ။Otou Yumi နဲ႔ ဇနီး Katayama တို႔ဟာ လက္ထပ္ခဲ့ၾကတာ ႏွစ္ေပါင္း 25 ႏွစ္ေက်ာ္ခဲ့ပါၿပီ။ ဒါေၾကာင့္ သူတို႔မွာ သားသမီး 3 ေယာက္႐ွိၿပီး ၊ အငယ္ဆံုး 18 ႏွစ္အရြယ္သားငယ္ေလးက ႐ုပ္သံအစီအစဥ္ကိုအေၾကာင္းၾကားၿပီး မိဘႏွစ္ဦးၾကားကျပသာနာကို ဝိုင္းၿပီးေျဖ႐ွင္းေပးဖို႔ အကူအညီေတာင္းခံခဲ့ပါတယ္ ။

Otou Yumi ဟာ သူ႔ရဲ႕သားသမီးေတြနဲ႔ အျမဲစကားေျပာဆိုေလ့႐ွိေပမဲ့လည္း ၊ ဇနီးသည္ကိုေတာ့ ကိုယ္အမႈအရာ ဒါမွမဟုတ္ စာတိုေလးသာေရးၿပီး ေျပာဆိုခဲ့တာပါ ။ ဇနီးျဖစ္သူကေတာ့ စိတ္႐ွည္သည္းခံၿပီး ခင္ပြန္းစကားျပန္ေျပာလာမဲ့အခ်ိန္ကိုသာ ေစာင့္ေမ်ွာ္ေနခဲ့တာပါ ။ အသက္ 21 ႏွစ္အရြယ္ နဲ႔ 25 ႏွစ္အရြယ္ သမီးႀကီးႏွစ္ေယာက္မွာေတာ့ မိဘေတြစကားေျပာခဲ့ၾကတဲ့ အမွတ္တရမ်ိဳးေတာင္ မမွတ္မိေတာ့ေၾကာင္း ေျပာျပခဲ့ပါတယ္ ။

ဒါေၾကာင့္ ႐ုပ္သံအစီအသဥ္က မိဘႏွစ္ပါးကို ပန္းျခံထဲမွာ ေတြ႔ဆံုေအာင္ ခ်ိန္းေပးခဲ့ၿပီး စကားေတြေျပာဆိုခိုင္းခဲ့ပါတယ္ ။ ထိုအခ်ိန္မွ Otou Yumi က ‘ အေၾကာင္းတစ္ခုခုေၾကာင့္ ငါတို႔စကားမေျပာတာ အေတာ္ၾကာၿပီ ၊ မင္းက ကေလးေတြအေပၚအေတာ္ေလး တာဝန္ေက်ပြန္ခဲ့တယ္ ၊ အခုခ်ိန္ထိ အခက္အခဲေတြကို မင္းအေတာ္ေလး သည္းခံေပးခဲ့တယ္ ၊ အရာရာတိုင္းအတြက္ မင္းကိုအရမ္းေက်းဇူးတင္တယ္ဆိုတာေတာ့ မင္းကိုသိေစခ်င္တယ္ ‘ ဆိုၿပီး ဇနီးသည္ကို စကားျပန္ေျပာခဲ့ပါတယ္ ။ သားသမီးေတြမွာေတာ့ မိဘေတြရဲ႕အျဖစ္ကို အေဝးတစ္ေနရာကေနေခ်ာင္းၾကည့္ေနၿပီး ဝမ္းသာမ်က္ရည္ေတြက်ခဲ့ပါတယ္ ။ သူတို႔ဇနီးေမာင္ႏွံလည္း ေနာက္ပိုင္းမၾကာခဏစကားေတြ ေျပာၾကဖို႔ကတိေပးခဲ့ၾကပါတယ္ ။

.

.

.

Jasmine (Mckzone Daily)

Source : elitereaders

Unicode

လင်မယားတွေဆိုတဲ့အမျိုးက စကားကတောက်ကဆဖြစ်ပြီး ရက်အနည်းငယ် စိတ်ဆိုးဒေါသထွက်ကြတာမျိုးရှိကြမှာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ ဂျပန်နိုင်ငံကအမျိုးသားကတော့ ဇနီးသည်ကို နှစ် 20 ခန့် မခေါ်မပြောဘဲ နှုတ်ဆိတ်နေခဲ့တာပါ ။Otou Yumi နဲ့ ဇနီး Katayama တို့ဟာ လက်ထပ်ခဲ့ကြတာ နှစ်ပေါင်း 25 နှစ်ကျော်ခဲ့ပါပြီ။ ဒါကြောင့် သူတို့မှာ သားသမီး 3 ယောက်ရှိပြီး ၊ အငယ်ဆုံး 18 နှစ်အရွယ်သားငယ်လေးက ရုပ်သံအစီအစဉ်ကိုအကြောင်းကြားပြီး မိဘနှစ်ဦးကြားကပြသာနာကို ဝိုင်းပြီးဖြေရှင်းပေးဖို့ အကူအညီတောင်းခံခဲ့ပါတယ် ။

Otou Yumi ဟာ သူ့ရဲ့သားသမီးတွေနဲ့ အမြဲစကားပြောဆိုလေ့ရှိပေမဲ့လည်း ၊ ဇနီးသည်ကိုတော့ ကိုယ်အမှုအရာ ဒါမှမဟုတ် စာတိုလေးသာရေးပြီး ပြောဆိုခဲ့တာပါ ။ ဇနီးဖြစ်သူကတော့ စိတ်ရှည်သည်းခံပြီး ခင်ပွန်းစကားပြန်ပြောလာမဲ့အချိန်ကိုသာ စောင့်မျှော်နေခဲ့တာပါ ။ အသက် 21 နှစ်အရွယ် နဲ့ 25 နှစ်အရွယ် သမီးကြီးနှစ်ယောက်မှာတော့ မိဘတွေစကားပြောခဲ့ကြတဲ့ အမှတ်တရမျိုးတောင် မမှတ်မိတော့ကြောင်း ပြောပြခဲ့ပါတယ် ။

ဒါကြောင့် ရုပ်သံအစီအသဉ်က မိဘနှစ်ပါးကို ပန်းခြံထဲမှာ တွေ့ဆုံအောင် ချိန်းပေးခဲ့ပြီး စကားတွေပြောဆိုခိုင်းခဲ့ပါတယ် ။ ထိုအချိန်မှ Otou Yumi က ‘ အကြောင်းတစ်ခုခုကြောင့် ငါတို့စကားမပြောတာ အတော်ကြာပြီ ၊ မင်းက ကလေးတွေအပေါ်အတော်လေး တာဝန်ကျေပွန်ခဲ့တယ် ၊ အခုချိန်ထိ အခက်အခဲတွေကို မင်းအတော်လေး သည်းခံပေးခဲ့တယ် ၊ အရာရာတိုင်းအတွက် မင်းကိုအရမ်းကျေးဇူးတင်တယ်ဆိုတာတော့ မင်းကိုသိစေချင်တယ် ‘ ဆိုပြီး ဇနီးသည်ကို စကားပြန်ပြောခဲ့ပါတယ် ။ သားသမီးတွေမှာတော့ မိဘတွေရဲ့အဖြစ်ကို အဝေးတစ်နေရာကနေချောင်းကြည့်နေပြီး ဝမ်းသာမျက်ရည်တွေကျခဲ့ပါတယ် ။ သူတို့ဇနီးမောင်နှံလည်း နောက်ပိုင်းမကြာခဏစကားတွေ ပြောကြဖို့ကတိပေးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သဝန္တိုစိတ္ေၾကာင့္ ဇနီးသည္ကို ႏွစ္ 20 ခန္႔စကားမေျပာဘဲ စိတ္ဆိုးေနခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*