စားေသာက္ဆိုင္မွာ Cashier အေနနဲ႔ အလုပ္လုပ္ကိုင္ေနတဲ့ ေခြးလိမၼာေလး

ဒီတစ္ေခါက္ေဖာ္ျပမဲ့ ဗီယက္နမ္ႏိုင္ငံကေခြးေလးကေတာ့ စားေသာက္ဆိုင္မွာ Cashier တစ္ေယာက္အေနနဲ႔ စိတ္႐ွည္သည္းခံစြာ အလုပ္လုပ္ကိုင္ေနၾကလ်က္႐ွိပါတယ္ ။ ကိုဗစ္စည္းမ်ဥ္းစည္းကမ္းေတြေၾကာင့္ ဆိုင္ထိုင္ၿပီး စားေသာက္လို႔မရလို႔ Customer ေတြက ပါဆယ္လာေရာက္ဝယ္ယူေနၾကတာပါ ။ ဆိုင္ပိုင္႐ွင္က အခ်က္ျပလိုက္ရင္ ေခြးေလးက Customer ဆီသြားၿပီး ပိုက္ဆံသြားယူကာ ဆိုင္ရွင္ဆီယူလာ ေပးခဲ့ပါတယ္ ။ Customer ေတြဆီက ပိုက္ဆံရဖို႔ စိတ္႐ွည္သည္းခံစြာ အၿမီွးေလးနပ္ၿပီး ေစာင့္ေနတဲ့သူ႔ရဲ႕ပံုစံေလးက အေတာ္ေလးခ်စ္ဖို႔ေကာင္းေနတာကို video ထဲမွာ ျမင္ေတြ႔ရမွာပါ ။ တစ္ကယ့္ကို သခင္နဲ႔အတူ ဆိုင္မွာ ႀကိဳးႀကိဳးစားစား အလုပ္လုပ္ကိုင္ေနတဲ့ ေခြးလိမၼာေလးပါပဲ ။

.

.

.

Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

ဒီတစ်ခေါက်ဖော်ပြမဲ့ ဗီယက်နမ်နိုင်ငံကခွေးလေးကတော့ စားသောက်ဆိုင်မှာ Cashier တစ်ယောက်အနေနဲ့ စိတ်ရှည်သည်းခံစွာ အလုပ်လုပ်ကိုင်နေကြလျက်ရှိပါတယ် ။ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကြောင့် ဆိုင်ထိုင်ပြီး စားသောက်လို့မရလို့ Customer တွေက ပါဆယ်လာရောက်ဝယ်ယူနေကြတာပါ ။ ဆိုင်ပိုင်ရှင်က အချက်ပြလိုက်ရင် ခွေးလေးက Customer ဆီသွားပြီး ပိုက်ဆံသွားယူကာ ဆိုင်ရှင်ဆီယူလာ ပေးခဲ့ပါတယ် ။ Customer တွေဆီက ပိုက်ဆံရဖို့ စိတ်ရှည်သည်းခံစွာ အမြှီးလေးနပ်ပြီး စောင့်နေတဲ့သူ့ရဲ့ပုံစံလေးက အတော်လေးချစ်ဖို့ကောင်းနေတာကို video ထဲမှာ မြင်တွေ့ရမှာပါ ။ တစ်ကယ့်ကို သခင်နဲ့အတူ ဆိုင်မှာ ကြိုးကြိုးစားစား အလုပ်လုပ်ကိုင်နေတဲ့ ခွေးလိမ္မာလေးပါပဲ ။

Jasmine (Mckzone Daily)

Be the first to comment on "စားေသာက္ဆိုင္မွာ Cashier အေနနဲ႔ အလုပ္လုပ္ကိုင္ေနတဲ့ ေခြးလိမၼာေလး"

Leave a comment

Your email address will not be published.


*