တစ္ေနကုန္အမႈိက္ေကာက္ေနရင္း ဖိနပ္အသစ္တစ္ရံလက္ေဆာင္ရခဲ့လို႔ ေပ်ာ္ရႊင္မဆံုးျဖစ္ခဲ့ရတဲ့ အမ်ိဳးသား

စည္ပင္သန္႔႐ွင္းေရးဝန္ထမ္းေတြဟာ ကိုယ့္ရဲ႕ၿမိဳ႕ျပႀကီးတစ္ခုလံုး သန္႔႐ွင္းသာယာဖို႔ အေရးႀကီးတဲ့သူေတြပါ ။ တစ္ေနကုန္ေနပူႀကီးထဲမွာ အလုပ္လုပ္ကိုင္ေနရတာေတာင္မွ သူတို႔ရဲ႕ႀကိဳးစားအားထုတ္မႈကို ဘယ္သူကမွ သတိမထားမိၾကပါဘူး ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံက Affi Ariff အမည္႐ွိတဲ့ ေကာင္ေလးဟာ တစ္ေန႔ကုန္ပင္ပင္ပန္းပန္းအလုပ္လုပ္ကိုင္ေနၿပီး ေပါက္ျပဲစုတ္ပ်က္ေနတဲ့ ဖိနပ္ကိုစီးေနရတဲ့ သန္႔႐ွင္ေရးဝန္ထမ္းတစ္ဦးရဲ႕အျဖစ္ကို သူ႔ရဲ႕ Facebook စာမ်က္ႏွာေပၚ ေဝမ်ွခဲ့ပါတယ္ ။ သန္႔႐ွင္းေရးဝန္ထမ္းဦးေလးႀကီးဟာ မနက္ 7 နာရီကေန ညေန 3 နာရီအထိ ေန႔စဥ္နားရက္မ႐ွိ အမႈိက္ေတြေကာက္ယူ ၊ လဲက်င္းေပးေနရတာပါ ။ သို႔ေပမဲ့လည္း သူ႔ရဲ႕ႀကိဳးစားအားထုတ္မႈနဲ႔ထိုက္တန္ရဲ႕ လစာမ်ိဳး မခံစားခဲ့ရပါဘူး ။

ေပါက္ျပဲေနတဲ့ဖိနပ္ကိုစီးေနရတဲ့ ဦးေလးႀကီးကိုျမင္ေတာ့ Affi Ariff ဟာ ဘယ္လိုမွ မေနႏိုင္ေတာ့တဲ့အဆံုး ၊ သူ႔ရဲ႕ေမြးေန႔လည္းျဖစ္ေနလို႔ ကုသိုလ္ယုတဲ့အေနနဲ႔ အဆိုပါဦးေလးကို ဖိနပ္အသစ္တစ္ရံဝယ္ေပးခဲ့ပါတယ္ ။

မေမ်ွာ္လင့္ထားဘဲ ဖိနပ္အသစ္ကိုရ႐ွိခဲ့တဲ့ ဦးေလးႀကီးမွာေတာ့ ေပ်ာ္မဆံုးႏိုင္ေအာင္ျဖစ္ခဲ့ရပါတယ္ ။ သူ႔အေနနဲ႔ ဖိနပ္အသစ္တစ္ရံဝယ္ယူဖို႔ေတာင္ အေတာ္ေလးခက္ခဲတဲ့အေျခအေနပါ ။ ဒါေၾကာင့္ ဘဝမွာကိုယ္ေတြထက္ ဒုကၡေရာက္ေနၿပီး အဆင္မေျပသူေတြကို ကူညီေပးကမ္းျခင္းက ႀကီးျမတ္လြန္းတဲ့လုပ္ရပ္တစ္ခုပါပဲေလ ။

Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

စည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေဟာ ကိုယ့်ရဲ့မြို့ပြကြီးတစ်ခုလုံး သန့်ရှင်းသာယာဖို့ အရေးကြီးတဲ့သူတွေပါ ။ တစ်နေကုန်နေပူကြီးထဲမှာ အလုပ်လုပ်ကိုင်နေရတာတောင်မှ သူတို့ရဲ့ကြိုးစားအားထုတ်မှုကို ဘယ်သူကမှ သတိမထားမိကြပါဘူး ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက Affi Ariff အမည်ရှိတဲ့ ကောင်လေးဟာ တစ်နေ့ကုန်ပင်ပင်ပန်းပန်းအလုပ်လုပ်ကိုင်နေပြီး ပေါက်ပြဲစုတ်ပျက်နေတဲ့ ဖိနပ်ကိုစီးနေရတဲ့ သန့်ရှင်ရေးဝန်ထမ်းတစ်ဦးရဲ့အဖြစ်ကို သူ့ရဲ့ Facebook စာမျက်နှာပေါ် ဝေမျှခဲ့ပါတယ် ။ သန့်ရှင်းရေးဝန်ထမ်းဦးလေးကြီးဟာ မနက် 7 နာရီကနေ ညနေ 3 နာရီအထိ နေ့စဉ်နားရက်မရှိ အမှိုက်တွေကောက်ယူ ၊ လဲကျင်းပေးနေရတာပါ ။ သို့ပေမဲ့လည်း သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ထိုက်တန်ရဲ့ လစာမျိုး မခံစားခဲ့ရပါဘူး ။

ပေါက်ပြဲနေတဲ့ဖိနပ်ကိုစီးနေရတဲ့ ဦးလေးကြီးကိုမြင်တော့ Affi Ariff ဟာ ဘယ်လိုမှ မနေနိုင်တော့တဲ့အဆုံး ၊ သူ့ရဲ့မွေးနေ့လည်းဖြစ်နေလို့ ကုသိုလ်ယုတဲ့အနေနဲ့ အဆိုပါဦးလေးကို ဖိနပ်အသစ်တစ်ရံဝယ်ပေးခဲ့ပါတယ် ။

မမျှော်လင့်ထားဘဲ ဖိနပ်အသစ်ကိုရရှိခဲ့တဲ့ ဦးလေးကြီးမှာတော့ ပျော်မဆုံးနိုင်အောင်ဖြစ်ခဲ့ရပါတယ် ။ သူ့အနေနဲ့ ဖိနပ်အသစ်တစ်ရံဝယ်ယူဖို့တောင် အတော်လေးခက်ခဲတဲ့အခြေအနေပါ ။ ဒါကြောင့် ဘဝမှာကိုယ်တွေထက် ဒုက္ခရောက်နေပြီး အဆင်မပြေသူတွေကို ကူညီပေးကမ်းခြင်းက ကြီးမြတ်လွန်းတဲ့လုပ်ရပ်တစ်ခုပါပဲလေ ။

Jasmine (Mckzone Daily)

Be the first to comment on "တစ္ေနကုန္အမႈိက္ေကာက္ေနရင္း ဖိနပ္အသစ္တစ္ရံလက္ေဆာင္ရခဲ့လို႔ ေပ်ာ္ရႊင္မဆံုးျဖစ္ခဲ့ရတဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*