ထီလတ္မွတ္ အေရာင္းသြက္ေအာင္ လာဘ္ပြင့္တဲ့ကေလးသရဲအ႐ုပ္လို ဝတ္ဆင္ၿပီး ထီေရာင္းေနခဲ့တဲ့အမ်ိဳးသား

ထိုင္းႏိုင္ငံမွာေတာ့ ‘ Kuman Thong’ အမည္႐ွိတဲ့ ကေလးသရဲအ႐ုပ္ဟာ ကိုယ့္ရဲ႕ေနအိမ္ဆီသို႔ ကံေကာင္းျခင္း နဲ႔ ေငြေၾကးႂကြယ္ဝခ်မ္းသာျခင္းကို ယူေဆာင္လာေပးေလ့႐ွိတယ္လို႔ လူအမ်ားက ယံုၾကည္ၾကပါတယ္ ။ ဒါေၾကာင့္ အခုလို ကပ္ေဘးေရာဂါအေျခအေနေတြမွာ လူေတြဟာ ကံေကာင္းျခင္းေတြ ပိုၿပီးလိုအပ္လာလို႔ ၊ ထိုင္းႏိုင္ငံက ထီေရာင္းေနတဲ့အမ်ိဳးသားက အၾကံတစ္ခုရ႐ွိခဲ့ပါတယ္ ။ အဲဒါကေတာ့ သူကိုယ္တိုင္ Kuman Thong သရဲပံုစံဝတ္ဆင္ၿပီး ထီေရာင္းခ်ဖို႔ပါပဲ ။ အဲဒါဆိုရင္ေတာ့ ထီထိုးတဲ့သူေတြကလည္း ကံေကာင္ၾကမွာျဖစ္ၿပီး ၊ သူကိုယ္တိုင္လည္း ေစ်းေရာင္းေကာင္းမွာမို႔လို႔ပါပဲ ။

ဒါေၾကာင့္ အဆိုပါအမ်ိဳးသားက Kuman Thong သရဲလို ဝတ္ဆင္ၿပီး ၊ ခႏၶာကိုယ္တစ္ခုလံုး ျဖဴေဖြးေနေအာင္ baby powder ေတြ လိမ္းထားတဲ့အျပင္ ခႏၶာကိုယ္ေပၚမွာ ‘lucky’ နံပတ္ေတြပါ ေရးထိုးထားပါေသးတယ္ ။ အဆိုပါအမ်ိဳးသားရဲ႕ ဓာတ္ပံုေတြဟာ online ေပၚမွာ အေတာ္ပ်ံ့ႏွံ႔သြားခဲ့ၿပီး ကပ္ေရာဂါကာလအတြင္ ကံစမ္းၾကမဲ့ ထိုင္းျပည္သူေတြအေနနဲ႔ အဆိုပါအမ်ိဳးသားရဲ႕ ထီေရာင္းခ်ေနတဲ့ပံုစံကို မ်ိဳးစံုမွတ္ခ်က္ေပးေရးသားခဲ့ၾကေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

ထိုင်းနိုင်ငံမှာတော့ ‘ Kuman Thong’ အမည်ရှိတဲ့ ကလေးသရဲအရုပ်ဟာ ကိုယ့်ရဲ့နေအိမ်ဆီသို့ ကံကောင်းခြင်း နဲ့ ငွေကြေးကြွယ်ဝချမ်းသာခြင်းကို ယူဆောင်လာပေးလေ့ရှိတယ်လို့ လူအများက ယုံကြည်ကြပါတယ် ။ ဒါကြောင့် အခုလို ကပ်ဘေးရောဂါအခြေအနေတွေမှာ လူတွေဟာ ကံကောင်းခြင်းတွေ ပိုပြီးလိုအပ်လာလို့ ၊ ထိုင်းနိုင်ငံက ထီရောင်းနေတဲ့အမျိုးသားက အကြံတစ်ခုရရှိခဲ့ပါတယ် ။ အဲဒါကတော့ သူကိုယ်တိုင် Kuman Thong သရဲပုံစံဝတ်ဆင်ပြီး ထီရောင်းချဖို့ပါပဲ ။ အဲဒါဆိုရင်တော့ ထီထိုးတဲ့သူတွေကလည်း ကံကောင်ကြမှာဖြစ်ပြီး ၊ သူကိုယ်တိုင်လည်း ဈေးရောင်းကောင်းမှာမို့လို့ပါပဲ ။

ဒါကြောင့် အဆိုပါအမျိုးသားက Kuman Thong သရဲလို ဝတ်ဆင်ပြီး ၊ ခန္ဓာကိုယ်တစ်ခုလုံး ဖြူဖွေးနေအောင် baby powder တွေ လိမ်းထားတဲ့အပြင် ခန္ဓာကိုယ်ပေါ်မှာ ‘lucky’ နံပတ်တွေပါ ရေးထိုးထားပါသေးတယ် ။ အဆိုပါအမျိုးသားရဲ့ ဓာတ်ပုံတွေဟာ online ပေါ်မှာ အတော်ပျံ့နှံ့သွားခဲ့ပြီး ကပ်ရောဂါကာလအတွင် ကံစမ်းကြမဲ့ ထိုင်းပြည်သူတွေအနေနဲ့ အဆိုပါအမျိုးသားရဲ့ ထီရောင်းချနေတဲ့ပုံစံကို မျိုးစုံမှတ်ချက်ပေးရေးသားခဲ့ကြကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ထီလတ္မွတ္ အေရာင္းသြက္ေအာင္ လာဘ္ပြင့္တဲ့ကေလးသရဲအ႐ုပ္လို ဝတ္ဆင္ၿပီး ထီေရာင္းေနခဲ့တဲ့အမ်ိဳးသား"

Leave a comment

Your email address will not be published.


*