သားသမီး 8 ေယာက္စီကေန မထင္မွတ္ထားတဲ့ လက္ေဆာင္ရ႐ွိခဲ့ၿပီး ဝမ္းသာလြန္းလို႔ ငိုေႂကြးခဲ့တဲ့ ဖခင္ (႐ုပ္သံ)

ဖခင္ေတြဟာ သားသမီးေတြအေပၚ အနစ္နာခံစြန္႔လႊတ္ေပးၾကတဲ့ ေမတၱာ႐ွင္ၾကီးေတြပါ ။ သားသမီးေတြ အရြယ္ေရာက္လို႔ လက္ထပ္ထိမ္းျမားၿပီးတဲ့အထိ ၊ ေျမး ၊ ျမစ္ ေတြရတဲ့အထိ သားသမီးေတြအေပၚ အဆံုးထိ တာဝန္ေက်ပြန္ၾကသူေတြပါ ။ ဖခင္ရဲ႕ႀကီးျမတ္တဲ့ေမတၱာကို သိ႐ွိနာလည္ၾကတဲ့ ဖိလစ္ပိုင္ႏိုင္ငံက မိသားစုတစ္ခုကေတာ့ တတ္ႏိုင္သေလာက္ဖခင္ကို ေက်းဇူးျပန္ဆပ္ခဲ့ပါတယ္ ။ အဆိုပါ video ကိုေတာ့ Nilo Dela Cruz အမည္႐ွိတဲ့အမ်ိဳးသားက ႐ိုက္ကူးထားၿပီး Facebook စာမ်က္ႏွာေပၚမွာ ျပန္လည္ေဝမ်ွေပးခဲ့တာပါ ။

Video ထဲမွာေတာ့ Dela Cruz တို႔ေမာင္ႏွမေတြဟာ ကားပါကင္မွာစကားမ်ားေနၾကလို႔ ေျဖာင္းဖ်ကူေပးဖို႔ ဖခင္ျဖစ္သူကို ကားပါကင္သို႔ ေခၚေဆာင္လာခဲ့ၾကပါတယ္ ။ ဖခင္ျဖစ္သူ ကားပါကင္ဆီေရာက္လာခဲ့ခ်ိန္မွာေတာ့ ေမာင္ႏွမေတြ စကားမ်ားေနၾကတာမ်ိဳးမဟုတ္ဘဲ ရယ္ေမာကာ ဖခင္ျဖစ္သူကို ကားေသာ့ေပးခဲ့ပါတယ္ ။ ဖခင္ျဖစ္သူကို လက္ေဆာင္အေနနဲ႔ SUV ကားတစ္စီးကို ေမာင္ႏွမေတြစုေပါင္းၿပီး တစ္ႏွစ္ခန္႔အတူ ေငြစုၾကကာ ဖခင္အတြက္ ဝယ္ေပးခဲ့ၾကတာပါ ။ ဖခင္ျဖစ္သူမွာလည္း ကားေသာ့ကိုႏွိပ္လိုက္ခ်ိန္ သားသမီးေတြ သူ႔ကို ကားအသစ္တစ္စီးလက္ေဆာင္ဝယ္ေပးလိုက္ၾကမွန္း သိလိုက္ရလို႔ ဝမ္းသာမ်က္ရည္က်သြားခဲ့ပါတယ္ ။

Dela Cruz တို႔ဟာ ေမာင္ႏွမ 8 ေယာက္႐ွိၾကၿပီး ေယာက်ၤာေလး 6 ေယာက္နဲ႔ မိန္းကေလး 2 ေယာက္ပါ႐ွိတဲ့ ေမာင္ႏွမေတြပါ ။ သူတို႔ မိသားစုေပ်ာ္ရႊင္ေနၾကတဲ့ video ေလးကို ေဝမ်ွခဲ့ခ်ိန္မွာေတာ့ ဖခင္အေပၚ သိတတ္တဲ့ သူတို႔ေမာင္ႏွမရဲ႕ လုပ္ရပ္ကို လူအမ်ားက ခ်ီးက်ဴးဝမ္းေျမာက္စကား ေျပာဆိုခဲ့ၾကေၾကာင္း သိရပါတယ္ ။

Jasmine (Mckzone Daily)

Source : elitereaders

Unicode

ဖခင်တွေဟာ သားသမီးတွေအပေါ် အနစ်နာခံစွန့်လွှတ်ပေးကြတဲ့ မေတ္တာရှင်ကြီးတွေပါ ။ သားသမီးတွေ အရွယ်ရောက်လို့ လက်ထပ်ထိမ်းမြားပြီးတဲ့အထိ ၊ မြေး ၊ မြစ် တွေရတဲ့အထိ သားသမီးတွေအပေါ် အဆုံးထိ တာဝန်ကျေပွန်ကြသူတွေပါ ။ ဖခင်ရဲ့ကြီးမြတ်တဲ့မေတ္တာကို သိရှိနာလည်ကြတဲ့ ဖိလစ်ပိုင်နိုင်ငံက မိသားစုတစ်ခုကတော့ တတ်နိုင်သလောက်ဖခင်ကို ကျေးဇူးပြန်ဆပ်ခဲ့ပါတယ် ။ အဆိုပါ video ကိုတော့ Nilo Dela Cruz အမည်ရှိတဲ့အမျိုးသားက ရိုက်ကူးထားပြီး Facebook စာမျက်နှာပေါ်မှာ ပြန်လည်ဝေမျှပေးခဲ့တာပါ ။

Video ထဲမှာတော့ Dela Cruz တို့မောင်နှမတွေဟာ ကားပါကင်မှာစကားများနေကြလို့ ဖြောင်းဖျကူပေးဖို့ ဖခင်ဖြစ်သူကို ကားပါကင်သို့ ခေါ်ဆောင်လာခဲ့ကြပါတယ် ။ ဖခင်ဖြစ်သူ ကားပါကင်ဆီရောက်လာခဲ့ချိန်မှာတော့ မောင်နှမတွေ စကားများနေကြတာမျိုးမဟုတ်ဘဲ ရယ်မောကာ ဖခင်ဖြစ်သူကို ကားသော့ပေးခဲ့ပါတယ် ။ ဖခင်ဖြစ်သူကို လက်ဆောင်အနေနဲ့ SUV ကားတစ်စီးကို မောင်နှမတွေစုပေါင်းပြီး တစ်နှစ်ခန့်အတူ ငွေစုကြကာ ဖခင်အတွက် ဝယ်ပေးခဲ့ကြတာပါ ။ ဖခင်ဖြစ်သူမှာလည်း ကားသော့ကိုနှိပ်လိုက်ချိန် သားသမီးတွေ သူ့ကို ကားအသစ်တစ်စီးလက်ဆောင်ဝယ်ပေးလိုက်ကြမှန်း သိလိုက်ရလို့ ဝမ်းသာမျက်ရည်ကျသွားခဲ့ပါတယ် ။

Dela Cruz တို့ဟာ မောင်နှမ 8 ယောက်ရှိကြပြီး ယောင်္ကျာလေး 6 ယောက်နဲ့ မိန်းကလေး 2 ယောက်ပါရှိတဲ့ မောင်နှမတွေပါ ။ သူတို့ မိသားစုပျော်ရွှင်နေကြတဲ့ video လေးကို ဝေမျှခဲ့ချိန်မှာတော့ ဖခင်အပေါ် သိတတ်တဲ့ သူတို့မောင်နှမရဲ့ လုပ်ရပ်ကို လူအများက ချီးကျူးဝမ်းမြောက်စကား ပြောဆိုခဲ့ကြကြောင်း သိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သားသမီး 8 ေယာက္စီကေန မထင္မွတ္ထားတဲ့ လက္ေဆာင္ရ႐ွိခဲ့ၿပီး ဝမ္းသာလြန္းလို႔ ငိုေႂကြးခဲ့တဲ့ ဖခင္ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*