လမ္းေပၚက တြင္းေပါက္ႀကီးက တျဖည္းျဖည္းၿပိဳက်လာၿပီး ကားကိုပါမ်ိဳးခ်ခဲ့တဲ့ အျဖစ္ (႐ုပ္သံ)

ဒီအျဖစ္အပ်က္ကေတာ့ November 24 ရက္ေန႔ ည 11:35 အခ်ိန္မွာ မေလး႐ွားႏိုင္ငံ ၊ Kuala Lumpur ၿမိဳ႕မွာ႐ွိတဲ့ Maharajalele လမ္းမႀကီးမွာ ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္ ။ ယာဥ္ထိန္းရဲအရာ႐ွိေတြရဲ႕ စစ္ေဆးခ်က္အရ မေတာ္တဆမႈမွာ တြင္းေပါက္ႀကီးရဲ႕ ေဘးပတ္ပတ္လည္မွာ႐ွိေနတဲ့ ေျမသားေတြက တစ္ျဖည္းျဖည္းၿပိဳက်လာခဲ့ၿပီးေနာက္ ကားမွာလမ္းေအာက္ဖက္သို႔ထိုးက်သြားခဲ့ရတာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ယာဥ္ေမာင္းအမ်ိဳးသမီးမွာ အသက္ 42ႏွစ္အရြယ္ ႐ွိေနၿပီျဖစ္ၿပီး ကုမၸဏီဝန္ထမ္းတစ္ဦးျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။ ကံေကာင္းစြာနဲ႔ပဲ သူမဟာ ျပင္းထန္တဲ့ထိခိုက္ဒဏ္ရာ ရ႐ွိျခင္းမ်ိဳးမ႐ွိခဲ့ပါဘူး ။

ထို႔အျပင္ ယာဥ္ေမာင္းအမ်ိဳးသမီးရဲ႕ သမီးျဖစ္သူမွာလည္း သူမရဲ႕မိခင္ဟာအဆိုပါတြင္းေပါက္ႀကီးထဲကားကိုေမာင္းဝင္ခဲ့တာ မဟုတ္ပါဘူး ။ သူမရဲ႕ မိခင္ဟာ ပံုမွန္အတိုင္းသာေမာင္းႏွင္ေနခဲ့ေပမဲ့ ႐ုတ္တရက္ကားလမ္းဟာၿပိဳက်ၿပီး ကားမွာေအာက္ဖက္သို႔ထိုးက်သြားခဲ့တာျဖစ္ေၾကာင္း ျပန္လည္ေျဖ႐ွင္းခဲ့ပါတယ္ ။

ေနာက္ဆံုးမွာေတာ့ ကားကို ကရိန္းနဲ႔ျပန္လည္ ဆြဲထုတ္ခဲ့ရပါတယ္ ။ အဆိုပါအျဖစ္အပ်က္ကို မ်က္ျမင္ေတြ႔႐ွိခဲ့တဲ့သူမ်ားကလည္း ဓာတ္ပံုေတြ ၊ video ေတြကို သူတို႔ရဲ႕ social media ေပၚျပန္လည္ေဝမ်ွခဲ့ၾကပါတယ္ ။ ပ်က္ဆီးေနတဲ့လမ္းကိုလည္း Kuala Lumpur City Hall မွ ဦးေဆာင္ၿပီးျပင္ဆင္မႈမ်ား ျပဳလုပ္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကတော့ November 24 ရက်နေ့ ည 11:35 အချိန်မှာ မလေးရှားနိုင်ငံ ၊ Kuala Lumpur မြို့မှာရှိတဲ့ Maharajalele လမ်းမကြီးမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ် ။ ယာဉ်ထိန်းရဲအရာရှိတွေရဲ့ စစ်ဆေးချက်အရ မတော်တဆမှုမှာ တွင်းပေါက်ကြီးရဲ့ ဘေးပတ်ပတ်လည်မှာရှိနေတဲ့ မြေသားတွေက တစ်ဖြည်းဖြည်းပြိုကျလာခဲ့ပြီးနောက် ကားမှာလမ်းအောက်ဖက်သို့ထိုးကျသွားခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ် ။ ယာဉ်မောင်းအမျိုးသမီးမှာ အသက် 42နှစ်အရွယ် ရှိနေပြီဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ကြောင်းလည်း သိရှိရပါတယ် ။ ကံကောင်းစွာနဲ့ပဲ သူမဟာ ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာ ရရှိခြင်းမျိုးမရှိခဲ့ပါဘူး ။

ထို့အပြင် ယာဉ်မောင်းအမျိုးသမီးရဲ့ သမီးဖြစ်သူမှာလည်း သူမရဲ့မိခင်ဟာအဆိုပါတွင်းပေါက်ကြီးထဲကားကိုမောင်းဝင်ခဲ့တာ မဟုတ်ပါဘူး ။ သူမရဲ့ မိခင်ဟာ ပုံမှန်အတိုင်းသာမောင်းနှင်နေခဲ့ပေမဲ့ ရုတ်တရက်ကားလမ်းဟာပြိုကျပြီး ကားမှာအောက်ဖက်သို့ထိုးကျသွားခဲ့တာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။

နောက်ဆုံးမှာတော့ ကားကို ကရိန်းနဲ့ပြန်လည် ဆွဲထုတ်ခဲ့ရပါတယ် ။ အဆိုပါအဖြစ်အပျက်ကို မျက်မြင်တွေ့ရှိခဲ့တဲ့သူများကလည်း ဓာတ်ပုံတွေ ၊ video တွေကို သူတို့ရဲ့ social media ပေါ်ပြန်လည်ဝေမျှခဲ့ကြပါတယ် ။ ပျက်ဆီးနေတဲ့လမ်းကိုလည်း Kuala Lumpur City Hall မှ ဦးဆောင်ပြီးပြင်ဆင်မှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လမ္းေပၚက တြင္းေပါက္ႀကီးက တျဖည္းျဖည္းၿပိဳက်လာၿပီး ကားကိုပါမ်ိဳးခ်ခဲ့တဲ့ အျဖစ္ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*