အဝတ္ေလ်ွာ္စက္ကို တစ္ေယာက္ထဲျပင္ဖို႔ႀကိဳးစားရင္း စက္ထဲမွာေခါင္းညပ္​ေနခဲ့တဲ့ အမ်ိဳးသားရဲ႕အျဖစ္

ယခုေဖာ္ျပမဲ့ တ႐ုတ္ႏိုင္ငံ ၊ Fuqing ၿမိဳ႕မွာေနထိုင္တဲ့အမ်ိဳးသားရဲ႕အျဖစ္ကေတာ့ ရယ္ရမလား ၊ ငိုရမလား စဥ္းစားမရေလာက္ေအာင္ပါပဲ ။ အေၾကာင္းကေတာ့ အဆိုပါအမ်ိဳးသားဟာ သူ႔ရဲ႕အဝတ္ေတြကို ေလ်ွာ္ဖို႔လုပ္ေနရင္း အဝတ္ေလ်ွာ္စက္က အလုပ္မလုပ္ေတာ့တာကို ေတြ႔လိုက္ရပါတယ္ ။ သို႔ေပမဲ့လည္း စက္ျပင္ဆရာကို ေခၚၿပီးျပဳျပင္ခိုင္းမဲ့အစား ကိုယ္တိုင္ျပဳျပင္ဖို႔ ဆံုးျဖတ္ခဲ့ၿပီး ၊ ပ်က္ေနတာ ထင္ထင္႐ွား႐ွားေတြ႔ျမင္ရေအာင္ အဝတ္ေလ်ွာ္စက္ထဲ ေခါင္းထိုးထည့္ၿပီး ၾကည့္ခဲ့ပါတယ္ ။ ကံဆိုးစြာနဲ႔ပဲ ေခါင္းကို ျပန္ထုတ္လို႔မရေတာ့ဘဲ အဝတ္ေလ်ွာ္စက္ထဲမွာ ေခါင္းညပ္ခံေနခဲ့ပါေတာ့တယ္ ။

အဆိုပါအမ်ိဳးသားရဲ႕ အေပၚပိုင္းအဝတ္ဗလာနဲ႔ ၾကမ္းျပင္မွာလဲအိပ္ေနကာ ၊ အဝတ္ေလ်ွာ္စက္ထဲ ေခါင္းညပ္ေနခဲ့တဲ့အျဖစ္ကို အခန္းေဖာ္သူငယ္ခ်င္းျဖစ္သူက ေတြ႔႐ွိခဲ့ပါတယ္ ။ သူငယ္ခ်င္းျဖစ္သူက ဆပ္ျပာရည္ေတြအသံုးျပဳၿပီး ေခါင္းကိုဆြဲထုတ္ေပးဖို႔ ႀကိဳးစားခဲ့ေပမဲ့လည္း အဆင္မေျပခဲ့ပါဘူး ။

ဒါေၾကာင့္ ေနာက္ဆံုးမီးသတ္႒ာနကို အေၾကာင္းၾကားၿပီး အကူအညီေတာင္းခံခဲ့ရပါတယ္ ။မီးသတ္သမား 6 ဦးေရာက္႐ွိလာခဲ့ၿပီး အရင္ဦးဆံုး အဆိုပါအမ်ိဳးသား အသက္႐ႈႏိုင္ေအာင္ျပင္ဆင္ေပးခဲ့ရပါတယ္ ။ ေနာက္ၿပီး ထိခိုက္မႈမ႐ွိေအာင္ အဝတ္ေလ်ွာ္စက္ကို တစ္စစီျဖတ္ထုတ္ၿပီး မိနစ္ 40 ခန္႔အခ်ိန္ယူကာ အဆိုပါ အမ်ိဳးသားကို ကယ္ထုတ္ေပးလိုက္ရပါတယ္ ။ အဆိုပါအမ်ိဳးသားမွာေတာ့ ဦးေခါင္း ႏွင့္ လည္ပင္းမွာ ျခစ္ရာအနဲငယ္သာ ထိခိုက္မိခဲ့ေၾကာင္း သိရပါတယ္ ။ ေသခ်ာတာကေတာ့ အဆိုပါအမ်ိဳးသားဟာ အဝတ္ေလွ်ာ္စက္အသစ္တစ္လံုး ဝယ္ရေတာ့မွာပါ ။

Jasmine (Mckzone Daily)

Source : elitereaders

Unicode

ယခုဖော်ပြမဲ့ တရုတ်နိုင်ငံ ၊ Fuqing မြို့မှာနေထိုင်တဲ့အမျိုးသားရဲ့အဖြစ်ကတော့ ရယ်ရမလား ၊ ငိုရမလား စဉ်းစားမရလောက်အောင်ပါပဲ ။ အကြောင်းကတော့ အဆိုပါအမျိုးသားဟာ သူ့ရဲ့အဝတ်တွေကို လျှော်ဖို့လုပ်နေရင်း အဝတ်လျှော်စက်က အလုပ်မလုပ်တော့တာကို တွေ့လိုက်ရပါတယ် ။ သို့ပေမဲ့လည်း စက်ပြင်ဆရာကို ခေါ်ပြီးပြုပြင်ခိုင်းမဲ့အစား ကိုယ်တိုင်ပြုပြင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ၊ ပျက်နေတာ ထင်ထင်ရှားရှားတွေ့မြင်ရအောင် အဝတ်လျှော်စက်ထဲ ခေါင်းထိုးထည့်ပြီး ကြည့်ခဲ့ပါတယ် ။ ကံဆိုးစွာနဲ့ပဲ ခေါင်းကို ပြန်ထုတ်လို့မရတော့ဘဲ အဝတ်လျှော်စက်ထဲမှာ ခေါင်းညပ်ခံနေခဲ့ပါတော့တယ် ။

အဆိုပါအမျိုးသားရဲ့ အပေါ်ပိုင်းအဝတ်ဗလာနဲ့ ကြမ်းပြင်မှာလဲအိပ်နေကာ ၊ အဝတ်လျှော်စက်ထဲ ခေါင်းညပ်နေခဲ့တဲ့အဖြစ်ကို အခန်းဖော်သူငယ်ချင်းဖြစ်သူက တွေ့ရှိခဲ့ပါတယ် ။ သူငယ်ချင်းဖြစ်သူက ဆပ်ပြာရည်တွေအသုံးပြုပြီး ခေါင်းကိုဆွဲထုတ်ပေးဖို့ ကြိုးစားခဲ့ပေမဲ့လည်း အဆင်မပြေခဲ့ပါဘူး ။

ဒါကြောင့် နောက်ဆုံးမီးသတ်ဋ္ဌာနကို အကြောင်းကြားပြီး အကူအညီတောင်းခံခဲ့ရပါတယ် ။မီးသတ်သမား 6 ဦးရောက်ရှိလာခဲ့ပြီး အရင်ဦးဆုံး အဆိုပါအမျိုးသား အသက်ရှုနိုင်အောင်ပြင်ဆင်ပေးခဲ့ရပါတယ် ။ နောက်ပြီး ထိခိုက်မှုမရှိအောင် အဝတ်လျှော်စက်ကို တစ်စစီဖြတ်ထုတ်ပြီး မိနစ် 40 ခန့်အချိန်ယူကာ အဆိုပါ အမျိုးသားကို ကယ်ထုတ်ပေးလိုက်ရပါတယ် ။ အဆိုပါအမျိုးသားမှာတော့ ဦးခေါင်း နှင့် လည်ပင်းမှာ ခြစ်ရာအနဲငယ်သာ ထိခိုက်မိခဲ့ကြောင်း သိရပါတယ် ။ သေချာတာကတော့ အဆိုပါအမျိုးသားဟာ အဝတ်လျှော်စက်အသစ်တစ်လုံး ဝယ်ရတော့မှာပါ ။

Jasmine (Mckzone Daily)

Be the first to comment on "အဝတ္ေလ်ွာ္စက္ကို တစ္ေယာက္ထဲျပင္ဖို႔ႀကိဳးစားရင္း စက္ထဲမွာေခါင္းညပ္​ေနခဲ့တဲ့ အမ်ိဳးသားရဲ႕အျဖစ္"

Leave a comment

Your email address will not be published.


*