လူသတ္မႈႀကီးကို ေဖာ္ထုတ္ႏိုင္ခဲ့လို႔ ေရႊတံဆိပ္ဆုႀကီး ဆြတ္ခူးသြားႏိုင္ခဲ့တဲ့ ေခြးေလး

လူသတ္မႈႀကီးကိုေဖာ္ထုတ္ႏိုင္ခဲ့တဲ့ အသက္ 12ႏွစ္အရြယ္ ၊ Urby အမည္႐ွိတဲ့အနံ႔ခံရဲေခြးေလးဟာ သူ႔၏စြမ္းေဆာင္ႏိုင္ခ်က္အတြက္ ေရႊတံဆိပ္ရ႐ွိခဲ့ေၾကာင္းကို မေလး႐ွားရဲတပ္ဖြဲ႔မွ သူတို႔ရဲ႕ Facebook စာမ်က္ႏွာေပၚမွာ ဂုဏ္ယူဝင့္ႂကြားစြာျဖင့္ ေဖာ္ျပျခင္းခဲ့ၾကပါတယ္ ။ ေခြးေလးႏွင့္ သူ႔၏ေလ့က်င့္ထိန္းေက်ာင္းေပးသူျဖစ္တဲ့ တပ္ၾကပ္ႀကီးUmbat Anak Selan တို႔ဟာ မေလး႐ွားႏိုင္ငံ ၊ Banting ၿမိဳ႕မွာျဖစ္ပ်က္ခဲ့တဲ့ လူသတ္မႈႀကီးကို ၿပီးခဲ့တဲ့ October လ ကေဖာ္ထုတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္ ။

အဆိုပါ အသက္12ႏွစ္အရြယ္ ေခြးေလးဟာ လြန္ခဲ့တဲ့ရက္ေပါင္းမ်ားစြာက ေပ်ာက္ဆံုးေနခဲ့ေၾကာင္း တိုင္ၾကားထားခဲ့တဲ့ ဘဂၤလားေဒ့(႐ွ္)ႏိုင္ငံသားတစ္ဦးကို ခ်ံဳပုတ္ထဲမွာေသဆံုးေနခဲ့တာကို ႐ွာေဖြေတြ႔႐ွိခဲ့တာ ျဖစ္ပါတယ္ ။ထို႔ေၾကာင့္ ေခြးေလး Urby ႏွင့္ သူ၏လုပ္ေဖာ္ကိုင္ဖက္ တပ္ၾကပ္ႀကီး Umbat တို႔ဟာ K9 Series 1/2019 သင္တန္းဆင္းပြဲမွာ ေရႊတံဆိပ္ဆု ဆြတ္ခူးႏိုင္ခဲ့တာ ျဖစ္ပါတယ္ ။

ေခြးေလးရဲ႕ စြမ္းေဆာင္ခ်က္ကို လူအမ်ားက ႏွစ္သက္သေဘာက်ခဲ့ၾကၿပီး ေနာက္ပိုင္း ယခုထက္မ်ားစြာေသာ ဆုမ်ားဆြတ္ခူးရ႐ွိႏိုင္ဖို႔ လူအမ်ားက ဆုေတာင္ေမတၱာပို႔ေပးလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူသတ်မှုကြီးကိုဖော်ထုတ်နိုင်ခဲ့တဲ့ အသက် 12နှစ်အရွယ် ၊ Urby အမည်ရှိတဲ့အနံ့ခံရဲခွေးလေးဟာ သူ့၏စွမ်းဆောင်နိုင်ချက်အတွက် ရွှေတံဆိပ်ရရှိခဲ့ကြောင်းကို မလေးရှားရဲတပ်ဖွဲ့မှ သူတို့ရဲ့ Facebook စာမျက်နှာပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဖော်ပြခြင်းခဲ့ကြပါတယ် ။ ခွေးလေးနှင့် သူ့၏လေ့ကျင့်ထိန်းကျောင်းပေးသူဖြစ်တဲ့ တပ်ကြပ်ကြီးUmbat Anak Selan တို့ဟာ မလေးရှားနိုင်ငံ ၊ Banting မြို့မှာဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုကြီးကို ပြီးခဲ့တဲ့ October လ ကဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ် ။

အဆိုပါ အသက်12နှစ်အရွယ် ခွေးလေးဟာ လွန်ခဲ့တဲ့ရက်ပေါင်းများစွာက ပျောက်ဆုံးနေခဲ့ကြောင်း တိုင်ကြားထားခဲ့တဲ့ ဘင်္ဂလားဒေ့(ရှ်)နိုင်ငံသားတစ်ဦးကို ချုံပုတ်ထဲမှာသေဆုံးနေခဲ့တာကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ် ။ထို့ကြောင့် ခွေးလေး Urby နှင့် သူ၏လုပ်ဖော်ကိုင်ဖက် တပ်ကြပ်ကြီး Umbat တို့ဟာ K9 Series 1/2019 သင်တန်းဆင်းပွဲမှာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ် ။

ခွေးလေးရဲ့ စွမ်းဆောင်ချက်ကို လူအများက နှစ်သက်သဘောကျခဲ့ကြပြီး နောက်ပိုင်း ယခုထက်များစွာသော ဆုများဆွတ်ခူးရရှိနိုင်ဖို့ လူအများက ဆုတောင်မေတ္တာပို့ပေးလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လူသတ္မႈႀကီးကို ေဖာ္ထုတ္ႏိုင္ခဲ့လို႔ ေရႊတံဆိပ္ဆုႀကီး ဆြတ္ခူးသြားႏိုင္ခဲ့တဲ့ ေခြးေလး"

Leave a comment

Your email address will not be published.


*