သခင်ဖြစ်သူရဲ့ ကလစ်ပေါ်ကစိန်အသေးလေးတွေ မျိုချမိခဲ့တဲ့ကြက်တူရွေးလေးရဲ့အဖြစ်
.
.
.
.
Jasmine (Mckzone Daily)
Source : worldofbuzz
Unicode
ကြက်တူရွေးလေးတွေဟာ ဉာဏ်ကောင်းတဲ့အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်ပေမဲ့လည်း တစ်ခါတစ်လေ စားလိုမရတဲ့ ထူးထူးဆန်းဆန်းအရာမျိုးတွေကို မျိုချတတ်ကြပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ထိုင်းနိုင်ငံက ကြက်တူရွေးတစ်ကောင်ဟာလည်း သခင်ဖြစ်သူရဲ့ ဆံပင်ညပ်ကလစ်ပေါ်က အလှဆင်ထားတဲ့ စိန်အသေးလေးတွေကို မျိုချမိလို့ ဒုက္ခရောက်ခဲ့ပါတယ် ။ သခင်ဖြစ်သူကလည်း သတိထားမိတာနဲ့ ချက်ချင်း ကြက်တူရွေးလေးကို တိရစ္ဆာန်ဆေးခန်းသို့ ခေါ်သွားခဲ့ပါတယ် ။ ဆေးခန်းရောက်လို့ X-Rays ရိုက်ခဲ့ချိန်မှာတော့ ကြက်တူရွေးလေးရဲ့ ဝမ်းဗိုက်အတွင်းထဲမှာ စိန်လေးတွေကို တွေ့ရှိခဲ့ပါတယ် ။
ထို့နောက် ခွဲစိတ်ကုသမှုများပြုလုပ်ပြီး စိန်လေးတွေကို ပြန်ထုတ်ခဲ့ရပါတယ် ။ ခွဲစိတ်ကုသမှုပြီးစီးပြီးနောက် ကြက်တူရွေးလေးလည်း အဆင်ပြေနေတာကို တွေ့ရှိရမှာပါ ။ ထို့ကြောင့် အိမ်မွေးကြက်တူရွေးလေးတွေ တစ်ခုခုမျိုချထားမှန်းသတိထားမိတာနဲ့ အသက်အန္တရာယ်မဖြစ်အောင် ချက်ချင်းဆေးခန်းသို့ခေါ်ဆောင်သွားသင့်ကြောင့် သခင်ဖြစ်သူက အခြားသူတွေကိုပါ သတိပေးလိုက်ပါသေးတယ် ။
Jasmine (Mckzone Daily)
Be the first to comment on "သခင်ဖြစ်သူရဲ့ ကလစ်ပေါ်ကစိန်အသေးလေးတွေ မျိုချမိခဲ့တဲ့ကြက်တူရွေးလေးရဲ့အဖြစ်"
Leave a comment
Your email address will not be published.
*