ကံကောင်းမှုတွေယူဆောင်လာပေးတဲ့ ရှားပါး ခြေ 6 ချောင်းနဲ့ လိပ်ကလေးကိုအမှတ်မထင် ကယ်တင်ပေးခဲ့တဲ့ စုံတွဲ


.

.

.

Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

ထိုင်းလူမျိုးအချို့က လိပ်တွေကို စားစရာအဖြစ် သတ်မှတ်ထားကြတာပါ ။ ဒီတစ်ခေါက်မှာလည်း Mr.Suwit နဲ့ သူ့ရဲ့ဇနီးတို့ဟာ ဟင်းအိုးထဲရောက်တော့မဲ့ လိပ်မကြီးနဲ့ ဥ 7 လုံးတို့ကို ရွာသားတွေစီကနေ ဝယ်ယူပြီး ကယ်တင်ခွင့်ရလိုက်ကြပါတယ် ။ အစပိုင်းမှာတော့ လိပ်မကြီးရဲ့အဖြစ်ကို သနားလွန်းလို့ ကယ်တင်ခဲ့တာဖြစ်ပေမဲ့လည်း နောက်ပိုင်း ငွေပေးချေတော့မဲ့အချိန်မှ လိပ်မကြီးဟာ ခြေ 6 ချောင်းပါရှိနေမှန်းသိခဲ့ရတာပါ ။ ဒီလို ခြေ 6 ချောင်းနဲ့ လိပ်မျိုးဟာ အတော်လေးကိုရှားပါးပြီး ဒေသခံတွေကတော့ အဆိုပါလိပ်မျိုးတွေဟာ ကံကောင်းမှုနဲ့လာဘ်တွေကို အပြည့်အဝယူဆောင်လာပေးတယ်လို့ ယုံကြည်နေကြတာပါ ။ အဆိုပါလိပ်မကြီးကို ကယ်တင်လိုက်ပြီးနောက် Mr.Suwit တို့စုံတွဲလည်း ကံကောင်မှုတွေနဲ့သာတွေ့ကြုံခံစားရတော့မှာ မုချသာဖြစ်ကြောင်း လူအများက ယုံကြည်နေလျက်ရှိကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကံကောင်းမှုတွေယူဆောင်လာပေးတဲ့ ရှားပါး ခြေ 6 ချောင်းနဲ့ လိပ်ကလေးကိုအမှတ်မထင် ကယ်တင်ပေးခဲ့တဲ့ စုံတွဲ"

Leave a comment

Your email address will not be published.


*