လမ်းပေါ်က ဗွက်အိုင်ရေနဲ့ ပန်းကန်တွေကို ဆေးကြောသန့်စင်ခဲ့တဲ့ နာမည်ကြီးစားသောက်ဆိုင် (ရုပ်သံ)




Jasmine (Mckzone Daily)

Source : elitereaders

Unicode

ဒီအဖြစ်အပျက်ကတော့ မလေးရှားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာပါ ။ စားသောက်ဆိုင်က ဝန်ထမ်းတွေဟာ လမ်းပေါ်က ဗွက်အိုင်ရေနဲ့ပန်းကန်တွေ ဆေးကြောနေခဲ့တာကို အနီးပတ်ဝန်ကျင်မှာနေထိုင်သူတစ်ဦးက မြင်တွေ့ကာ video ရိုက်ကူးပြီး social media ပေါ် ဝေမျှခဲ့ပါတယ် ။ အဆိုပါ video ဟာ အတော်လေးပျံ့နှံ့သွားခဲ့ပြီး စားသောက်ဆိုင်ဟာ လူအတော်အများရဲ့ အပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရပါတယ် ။

စားသောက်ဆိုင်ပိုင်ရှင်ကတော့ အဆိုပါပန်းကန်ဆေးနေတဲ့ဝန်ထမ်းတွေဟာ ဝန်ထမ်းအသစ်တွေဖြစ်ကြကြောင်း ၊ ယခုလိုလုပ်ရပ်ဟာ လက်ခံနိုင်စရာ လုံးဝမဟုတ်လို့ စားသုံးသူတွေကို တောင်းပန်ကြောင်း ပြောကြားခဲ့ပါတယ် ။

သို့ပေမဲ့လည်း ကျန်းမာရေးအဖွဲ့အစည်းကတော့ စစ်ဆေးမေးမြန်းမှု မပြီးဆုံးသေးတဲ့အထိ ဆိုင်ကို ပိတ်သိမ်းခိုင်းထားပါတယ် ။ ဒါ့အပြင် အဆိုပါစားသောက်ဆိုင်ဟာ ပန်းကန်တွေဆေးကြောဖို့ သီးသန့်နေရာကို စနစ်တကျထားရှိထားခြင်းမျိုးလည်းမရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လမ်းပေါ်က ဗွက်အိုင်ရေနဲ့ ပန်းကန်တွေကို ဆေးကြောသန့်စင်ခဲ့တဲ့ နာမည်ကြီးစားသောက်ဆိုင် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*