ေမြးဖြာခါစအခ်ိန္ကေန ယခုထိ အစာလံုးဝ စားလို႔မရတဲ့ မိန္းကေလးအျဖစ္

အိနၷိယႏိုင္ငံမွာေနထိုင္တဲ့ အသက္ 26 ႏွစ္အရြယ္ Manju Dharra အမည္႐ွိတဲ့ မိန္းကေလးရဲ႕အျဖစ္ကေတာ့ အေတာ္ေလးကိုအံ့အားသင့္ဖြယ္ေကာင္းလွပါတယ္ ။ သူမဟာ အစိုင္အခဲအဖတ္ေတြနဲ႔ စားစရာကို လံုးဝစားလို႔မရလို႔ ယခုခ်ိန္ထိ ႏြားႏို႔ ၊ လက္ဖက္ရည္ နဲ႔ ေရေတြကိုသာ ေသာက္သံုးၿပီး အသက္ဆက္ေနရတာပါ ။ သူမဟာ အစာႁပြန္နဲ႔ပက္သက္တဲ့ ေရာဂါမ်ိဳးခံစားေနရၿပီး ၊ အစာႁပြန္မွာ႐ွိတဲ့ႂကြက္သားေတြက ေကာင္းမြန္စြာမလႈပ္႐ွားႏိုင္လို႔ သူမဟာ အဖတ္ေတြနဲ႔စားစရာေတြကို စားမိတိုင္း ျပန္အန္ထြက္ကာ ဖ်ားနာေလ့႐ွိေၾကာင္း သိရပါတယ္ ။

သူမရဲ႕မိခင္ကေတာ့ သူမ 2 ႏွစ္သားအရြယ္မွာ စားစရာေတြေကြၽးလိုက္တိုင္း ဖ်ားနာေနတာကို သတိထားမိလာလို႔ ေဆးခန္းျပခဲ့ခ်ိန္မွာမွ အေၾကာင္းစံုသိခဲ့ရတာပါ ။ ကုသမႈအမ်ိဳးမ်ိဳးျပဳလုပ္ခဲ့ေပမဲ့လည္း မသက္သာလာလို႔ ၊ ခြဲစိတ္ကုသမႈကိုသာ ဆရာဝန္ေတြက ခံယူခိုင္းခဲ့ပါတယ္ ။ ခြဲစိတ္ကုသမႈစရိတ္ေတြက မ်ားလြန္းေနလို႔ မိဘေတြဟာ Manju အတြက္ ႏြားႏို႔ရေအာင္ ႏြားေတြသာေမြးျမဴထားေပးခဲ့ပါတယ္ ။

Manju ဟာ ယခုအခ်ိန္ထိ က်န္းမာေရးဆိုးရြားေနတာမ်ိဳးမ႐ွိတဲ့အျပင္ ၊ သာမာန္မိန္းကေလး အရပ္အျမင့္မ်ိဳးလည္း႐ွိကာ အိမ္မႈကိစၥေတြ အကုန္ျပဳလုပ္ႏိုင္သူျဖစ္ေၾကာင္း မိဘေတြက ေျပာျပခဲ့ပါတယ္ ။ သူမဟာ အစာ စားဖို႔ အေတာ္ေလးကို ေၾကာက္ရြံတတ္သူျဖစ္သြားခဲ့ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source : elitereaders

Unicode

အိန္နိယနိုင်ငံမှာနေထိုင်တဲ့ အသက် 26 နှစ်အရွယ် Manju Dharra အမည်ရှိတဲ့ မိန်းကလေးရဲ့အဖြစ်ကတော့ အတော်လေးကိုအံ့အားသင့်ဖွယ်ကောင်းလှပါတယ် ။ သူမဟာ အစိုင်အခဲအဖတ်တွေနဲ့ စားစရာကို လုံးဝစားလို့မရလို့ ယခုချိန်ထိ နွားနို့ ၊ လက်ဖက်ရည် နဲ့ ရေတွေကိုသာ သောက်သုံးပြီး အသက်ဆက်နေရတာပါ ။ သူမဟာ အစာပြွန်နဲ့ပက်သက်တဲ့ ရောဂါမျိုးခံစားနေရပြီး ၊ အစာပြွန်မှာရှိတဲ့ကြွက်သားတွေက ကောင်းမွန်စွာမလှုပ်ရှားနိုင်လို့ သူမဟာ အဖတ်တွေနဲ့စားစရာတွေကို စားမိတိုင်း ပြန်အန်ထွက်ကာ ဖျားနာလေ့ရှိကြောင်း သိရပါတယ် ။

သူမရဲ့မိခင်ကတော့ သူမ 2 နှစ်သားအရွယ်မှာ စားစရာတွေကျွေးလိုက်တိုင်း ဖျားနာနေတာကို သတိထားမိလာလို့ ဆေးခန်းပြခဲ့ချိန်မှာမှ အကြောင်းစုံသိခဲ့ရတာပါ ။ ကုသမှုအမျိုးမျိုးပြုလုပ်ခဲ့ပေမဲ့လည်း မသက်သာလာလို့ ၊ ခွဲစိတ်ကုသမှုကိုသာ ဆရာဝန်တွေက ခံယူခိုင်းခဲ့ပါတယ် ။ ခွဲစိတ်ကုသမှုစရိတ်တွေက များလွန်းနေလို့ မိဘတွေဟာ Manju အတွက် နွားနို့ရအောင် နွားတွေသာမွေးမြူထားပေးခဲ့ပါတယ် ။

Manju ဟာ ယခုအချိန်ထိ ကျန်းမာရေးဆိုးရွားနေတာမျိုးမရှိတဲ့အပြင် ၊ သာမာန်မိန်းကလေး အရပ်အမြင့်မျိုးလည်းရှိကာ အိမ်မှုကိစ္စတွေ အကုန်ပြုလုပ်နိုင်သူဖြစ်ကြောင်း မိဘတွေက ပြောပြခဲ့ပါတယ် ။ သူမဟာ အစာ စားဖို့ အတော်လေးကို ကြောက်ရွံတတ်သူဖြစ်သွားခဲ့ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေမြးဖြာခါစအခ်ိန္ကေန ယခုထိ အစာလံုးဝ စားလို႔မရတဲ့ မိန္းကေလးအျဖစ္"

Leave a comment

Your email address will not be published.


*