သမန်းဝံပုလွေလို ထူးဆန်းလွန်းတဲ့ မွေးရာပါအမှတ်အကြီးကြီး ပိုင်ဆိုင်ထားတဲ့အမျိုးသား



.

.

Jasmine (Mckzone Daily)

Source : elitereaders

Unicode

လူတွေဟာ တစ်ဦးနဲ့တစ်ဦး မွေးဖွာလာကြတဲ့ အခြေအနေပုံစံမျိုးတွေက မတူညီကြပါဘူး ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက Zhang Hongming ဟာ ရှားပါးလွန်းတဲ့မွေးရာပါအမှတ်ကြောင့် သမန်ဝံပုလွေလို့ တောင်ထင်ရလောက်တဲ့အထိပါပဲ ။ Hongming ဟာ ငယ်ရွယ်စဉ်ကတည်းက အဆိုပါမွေးရာပါအမှတ်ကြောင့် အတော်လေး အဆင်မပြေဖြစ်ခဲ့ရတာပါ ။ သို့ပေမဲ့ ယခုအချိန်မှာတော့ အမွေးတွေ အဆမတန်ထွက်ပေါ်လာလို့ အရင်ချိန်ကထက်ပိုပြီး စိတ်ဒုက္ခရောက်ခဲ့ပါတယ် ။ ငယ်စဉ်အချိန်ကတော့ မိဘတွေ ငွေကြေးမတတ်နိုင်လို့ ကုသမှုမျိုးမလုပ်ခဲ့ပေမဲ့လည်း ယခုချိန်မှာတော့ ဆရာဝန်နဲ့လုံးဝဆွေးနွေးတိုင်ပင်သင့်နေပြီဖြစ်ကြောင်း Hongming က ပြောဆိုခဲ့ပါတယ် ။

Hongming ရဲ့ပုံစံက သာမာန်လူတစ်ယောက်လိုမျိုးဖြစ်မနေခဲ့လို့ လူတွေရှေ့မှာဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာမျိုးဖြစ်နေခဲ့ပြီး ၊ အများသူတွေ ဝိုင်းကြည့်ပြီး ဝေဖန်နေကြတယ်လို့ စိတ်ထဲအမြဲ ထင်နေမိခဲ့သူပါ ။ ဆရာဝန်ကတော့ Hongming ရဲ့ မွေးရာပါအမှတ်ကို ခွဲစိတ်ကုသမှုပြုလုပ်ပြီး ဖယ်ထုတ်ပေးဖို့ ပြင်ဆင်နေလျက်ရှိကြောင်း သိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သမန်းဝံပုလွေလို ထူးဆန်းလွန်းတဲ့ မွေးရာပါအမှတ်အကြီးကြီး ပိုင်ဆိုင်ထားတဲ့အမျိုးသား"

Leave a comment

Your email address will not be published.


*