သိတတ်လိမ္မာလွန်းတဲ့ပုံစံနဲ့ သခင့်ရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ ခွေးလေး(ရုပ်သံ)



.

.

.

.

Jasmine (Mckzone Daily)

Source : rachfeed

Unicode

အိန္ဒိယနိုင်ငံမှာနေထိုင်တဲ့ Mansi Khanna အမည်ရှိတဲ့ မိန်းကလေးဟာ လွန်းခဲ့တဲ့ 8 နှစ်ခန့်က သူမရဲ့အိမ်အနီးဝန်းကျင်မှာတွေ့ရှိခဲ့တဲ့ ခွေးလေးကို မွေးစားခဲ့ပါတယ် ။ ခွေးလေးကိုလည်း Sultan လို့ အမည်ပေးခဲ့ပြီးနောက် ခွေလေးနဲ့ သူမရဲ့ သံယောဇဉ်တွေဟာ မခွဲနိုင်မခွာရက်နိုင်အောင် ဖြစ်ခဲ့ရပါတယ် ။ နောက်ပိုင်း သူမအိမ်ထောင်ပြုတော့မည်ဆိုကာမှ Sultan လေးကို မင်္ဂလာပွဲတက်ရောက်ခွင့်ပေးဖို့ သတို့သားထံ သူမ တောင်းဆိုခဲ့ပါတယ် ။ သတို့သားကလည်း မိသားစုဝင်တွေသာဖြစ်လို့ Sultan ကို မင်္ဂလာပွဲတက်ရောက်ခွင့်ပေးခဲ့ပါတယ် ။

Sultan ဟာ သခင်အတွက် အရေးကြီးတဲ့ နေ့တစ်နေ့ဖြစ်နေမှန်း သဘောပေါက်နေသလို မင်္ဂလာပွဲမှာ လုံးဝပြသာနာမရှာဘဲ သခင့်ဘေးမှာသာ အမြဲရှိနေပေးခဲ့ပါတယ် ။ သခင်ကျွေးမှသာ အစာတွေကိုစားခဲ့ပြီး ၊ သခင့်ရဲ့နောက်ကို တိတ်တဆိတ်အမြဲလိုက်နေပေးခဲ့ပါတယ် ။ သခင်ဖြစ်သူက အံ့အားသင့်ရလောက်တဲ့အထိ သိတတ်လိမ္မာလွန်းလို့ Sultan လေးကို တစ်မိသားစုလုံးက ဝိုင်ချစ်ကြတာ မဆန်းပါဘူးလေ ။

Jasmine (Mckzone Daily)

Be the first to comment on "သိတတ်လိမ္မာလွန်းတဲ့ပုံစံနဲ့ သခင့်ရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ ခွေးလေး(ရုပ်သံ)"

Leave a comment

Your email address will not be published.


*