ပိုက္ဆံမ႐ွိေပမဲ့လည္း ဖခင္အတြက္ ေမြးေန႔ Surprise Party လုပ္ေပးခဲ့တဲ့ သားသမီးမ်ား

ေပ်ာ္ရႊင္မႈဆိုတာ ေငြေၾကး႐ွိမွ ၊ ႂကြယ္ဝခ်မ္းသားမွ မဟုတ္ပါဘူး ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ ဖိလစ္ပိုင္ႏိုင္ငံက ကေလးငယ္ေတြကေတာ့ ခက္ခဲပင္ပန္းစြာ အလုပ္ႀကိဳးစားေနတဲ့ သူတို႔ရဲ႕ဖခင္အတြက္ Birthday Surprise လုပ္ေပးခဲ့ပါတယ္ ။ ကေလးငယ္ေတြမွာ အေႂကြးေစ့ေလးေတြသာ ႐ွိခဲ့တာပါ ။ ဒါေၾကာင့္ ပလပ္စတစ္အိတ္ေလးေတြနဲ႔ ပူေဖာင္းပံုစံျပဳလုပ္အလွဆင္ၿပီး ‘Happy Birthday papa’ ဆိုၿပီး ေရးသားထားခဲ့ပါတယ္ ။ ဒါ့အျပင္ ေမြးေန႔ကိတ္ဝယ္ဖို႔ ပိုက္ဆံမ႐ွိတာေၾကာင့္ အိမ္မွာ႐ွိတဲ့ ၾကက္ဥေတြနဲ႔ ကိတ္လုပ္ခဲ့ပါတယ္ ။ ကေလးငယ္ေတြရဲ႕လုပ္ရပ္က ဘယ္ေလာက္ထိေတာင္သူတို႔ရဲ႕ဖခင္ကို ခ်စ္ျမတ္ႏိုးလည္းဆိုတာ ေပၚလြင္လြန္းလွေၾကာင္း အိမ္နီးခ်င္းတစ္ဦးက ေျပာဆိုခဲ့ပါတယ္ ။

ဒါတင္မကေသးပါဘူး ကေလးေတြဟာ သူတို႔ရဲ႕ဖခင္အတြက္ ေမြးေန႔လက္ေဆာင္ကိုပါ ျပင္ဆင္ေပးထားပါေသးတယ္ ။ ဒါေၾကာင့္ ေစတနာ႐ွင္အခ်ိဳ႕က တစ္ကယ့္ေမြးေန႔က်င္းပႏိုင္ေအာင္ ကေလးေတြအတြက္ ကိတ္မုန္႔ဝယ္ဖို႔ ေငြေၾကးအခ်ိဳ႕ ေပးပို႔ခဲ့ၾကေၾကာင္း သိ႐ွိရပါတယ္ ။

.

.

Jasmine (Mckzone Daily)

Source : rachfeed

Unicode

ပျော်ရွှင်မှုဆိုတာ ငွေကြေးရှိမှ ၊ ကြွယ်ဝချမ်းသားမှ မဟုတ်ပါဘူး ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ဖိလစ်ပိုင်နိုင်ငံက ကလေးငယ်တွေကတော့ ခက်ခဲပင်ပန်းစွာ အလုပ်ကြိုးစားနေတဲ့ သူတို့ရဲ့ဖခင်အတွက် Birthday Surprise လုပ်ပေးခဲ့ပါတယ် ။ ကလေးငယ်တွေမှာ အကြွေးစေ့လေးတွေသာ ရှိခဲ့တာပါ ။ ဒါကြောင့် ပလပ်စတစ်အိတ်လေးတွေနဲ့ ပူဖောင်းပုံစံပြုလုပ်အလှဆင်ပြီး ‘Happy Birthday papa’ ဆိုပြီး ရေးသားထားခဲ့ပါတယ် ။ ဒါ့အပြင် မွေးနေ့ကိတ်ဝယ်ဖို့ ပိုက်ဆံမရှိတာကြောင့် အိမ်မှာရှိတဲ့ ကြက်ဥတွေနဲ့ ကိတ်လုပ်ခဲ့ပါတယ် ။ ကလေးငယ်တွေရဲ့လုပ်ရပ်က ဘယ်လောက်ထိတောင်သူတို့ရဲ့ဖခင်ကို ချစ်မြတ်နိုးလည်းဆိုတာ ပေါ်လွင်လွန်းလှကြောင်း အိမ်နီးချင်းတစ်ဦးက ပြောဆိုခဲ့ပါတယ် ။

ဒါတင်မကသေးပါဘူး ကလေးတွေဟာ သူတို့ရဲ့ဖခင်အတွက် မွေးနေ့လက်ဆောင်ကိုပါ ပြင်ဆင်ပေးထားပါသေးတယ် ။ ဒါကြောင့် စေတနာရှင်အချို့က တစ်ကယ့်မွေးနေ့ကျင်းပနိုင်အောင် ကလေးတွေအတွက် ကိတ်မုန့်ဝယ်ဖို့ ငွေကြေးအချို့ ပေးပို့ခဲ့ကြကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ပိုက္ဆံမ႐ွိေပမဲ့လည္း ဖခင္အတြက္ ေမြးေန႔ Surprise Party လုပ္ေပးခဲ့တဲ့ သားသမီးမ်ား"

Leave a comment

Your email address will not be published.


*