မီးသၿဂိဳဟ္ၿပီးခဲ့ေပမဲ့လည္း 7 လအၾကာမွာ အိမ္ျပန္ေရာက္လာခဲ့လို႔ မိသားစုဝင္ေတြထိတ္လန္႔ခဲ့ရတဲ့ အမ်ိဳးသားအျဖစ္

ဒီတစ္ေခါက္ေဖာ္ျပမဲ့ ထိုင္းႏိုင္ငံကအမ်ိဳးသားတစ္ဦးရဲ႕ အိမ္ျပန္ခရီးဟာ ထင္ထားသလို ေပ်ာ္ရႊင္စရာမေကာင္းခဲ့ပါဘူး ။ အေၾကာင္းကေတာ့ လြန္းခဲ့တဲ့ 7 လခန္႔က Sakorm Sacheewa အမည္႐ွိတဲ့အမ်ိဳးသားဟာ သူအလုပ္လုပ္ကိုင္ေနတဲ့ ငါးဖမ္းသေဘာၤေပၚမွာ ေရာဂါတစ္ခုနဲ႔ ေသဆံုးသြားခဲ့လို႔ ရဲအရာ႐ွိေတြက အဆိုပါအေလာင္းကို ေနရပ္သို႔ျပန္ပို႔ခဲ့လို႔ပါပဲ ။ Sakorm ရဲ႕ ညီျဖစ္သူကေတာ့ အဆိုပါ႐ုပ္အေလာင္းက Sakorm မဟုတ္မွန္း သတိထားမိခဲ့ပါတယ္ ။ အေၾကာင္းကေတာ့ Sakorm ဟာ ေ႐ွ႕သြားႏွစ္ေခ်ာင္းမ႐ွိေပမဲ့ ႐ုပ္အေလာင္းကေတာ့ ေရွ့သြားႏွစ္ေခ်ာင္း႐ွိေနခဲ့လို႔ပါပဲ ။ 3 ရက္အၾကာမွာေတာ့ ေဆးရံုက အဆိုပါ႐ုပ္အေလာင္းဟာ Sakorm ျဖစ္မွန္အတည္ျပဳခဲ့လို႔ မိသားစုဝင္ေတြကလည္း ေရြးခ်ယ္စရာမ႐ွိတဲ့အဆံုး Sakorm လို႔သတ္မွတ္ၿပီး သၿဂိဳဟ္ခဲ့ၾကတာပါ ။ Sakorm မွာလည္း ငါးဖမ္းသေဘာၤေပၚ သြားေရာက္လုပ္ကိုင္ခဲ့တဲ့ 2 ႏွစ္လံုးလံုးမွာ ေနအိမ္ကိုလံုးဝအဆက္အသြယ္မျပဳလုပ္ခဲ့ေၾကာင္းလည္း သိရပါတယ္ ။

Sakorm ေနအိမ္သို႔ ေရာက္႐ွိလာခဲ့ခ်ိန္မွာေတာ့ သူ႔ရဲ႕ေမာင္ႏွမေတြက သရဲ ဟုတ္ /မဟုတ္ Sakorm ရဲ႕ အသားကိုထိၾကည့္ၿပီး အတည္ျပဳခဲ့ပါတယ္ ။ မိခင္ျဖစ္သူကေတာင္ ‘ နင္ ေသၿပီးသြားၿပီေလ ၊ ဘာလို႔ ျပန္လာတာလဲ’ ဆိုၿပီး ေမးခဲ့ပါေသးတယ္ ။ ရြာသူႀကီးကိုယ္တိုင္က Sakorm ျဖစ္ေၾကာင္း သက္ေသျပခိုင္းခဲ့ပါတယ္ ။

ဒါေၾကာင့္ Sakorm ဟာ သူငါးဖမ္းသေဘာၤေပၚမွာ အလုပ္လုပ္ကိုင္ခဲ့စဥ္အခ်ိန္က ႏိုင္ငံျခားအလုပ္သမားတစ္ဦးဟာ သူ႔ရဲ႕မွတ္ပံုတင္ကို ခိုးယူသြားခဲ့ေၾကာင္း အျဖစ္အပ်က္အေၾကာင္းအရာေတြကို ေသခ်ာ႐ွင္းျပခဲ့ရပါတယ္ ။ ေနာက္ဆံုးမွ လူအမ်ားက ယံုၾကည္သြားခဲ့လို႔ ၊ Sakorm ရဲ႕ အိမ္ျပန္ခရီးက ႀကိဳဆိုမဲ့သူမ႐ွိခဲ့ဘဲ လူေတြေၾကာက္လန္႔ဖြယ္ အျဖစ္အပ်က္တစ္ခုျဖစ္ေနခဲ့ပါေတာ့တယ္ ။

Jasmine (Mckzone Daily)

Source : rachfeed

Unicode

ဒီတစ်ခေါက်ဖော်ပြမဲ့ ထိုင်းနိုင်ငံကအမျိုးသားတစ်ဦးရဲ့ အိမ်ပြန်ခရီးဟာ ထင်ထားသလို ပျော်ရွှင်စရာမကောင်းခဲ့ပါဘူး ။ အကြောင်းကတော့ လွန်းခဲ့တဲ့ 7 လခန့်က Sakorm Sacheewa အမည်ရှိတဲ့အမျိုးသားဟာ သူအလုပ်လုပ်ကိုင်နေတဲ့ ငါးဖမ်းသဘောၤပေါ်မှာ ရောဂါတစ်ခုနဲ့ သေဆုံးသွားခဲ့လို့ ရဲအရာရှိတွေက အဆိုပါအလောင်းကို နေရပ်သို့ပြန်ပို့ခဲ့လို့ပါပဲ ။ Sakorm ရဲ့ ညီဖြစ်သူကတော့ အဆိုပါရုပ်အလောင်းက Sakorm မဟုတ်မှန်း သတိထားမိခဲ့ပါတယ် ။ အကြောင်းကတော့ Sakorm ဟာ ရှေ့သွားနှစ်ချောင်းမရှိပေမဲ့ ရုပ်အလောင်းကတော့ ရှေ့သွားနှစ်ချောင်းရှိနေခဲ့လို့ပါပဲ ။ 3 ရက်အကြာမှာတော့ ဆေးရုံက အဆိုပါရုပ်အလောင်းဟာ Sakorm ဖြစ်မှန်အတည်ပြုခဲ့လို့ မိသားစုဝင်တွေကလည်း ရွေးချယ်စရာမရှိတဲ့အဆုံး Sakorm လို့သတ်မှတ်ပြီး သဂြိုဟ်ခဲ့ကြတာပါ ။ Sakorm မှာလည်း ငါးဖမ်းသဘောၤပေါ် သွားရောက်လုပ်ကိုင်ခဲ့တဲ့ 2 နှစ်လုံးလုံးမှာ နေအိမ်ကိုလုံးဝအဆက်အသွယ်မပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ် ။

Sakorm နေအိမ်သို့ ရောက်ရှိလာခဲ့ချိန်မှာတော့ သူ့ရဲ့မောင်နှမတွေက သရဲ ဟုတ် /မဟုတ် Sakorm ရဲ့ အသားကိုထိကြည့်ပြီး အတည်ပြုခဲ့ပါတယ် ။ မိခင်ဖြစ်သူကတောင် ‘ နင် သေပြီးသွားပြီလေ ၊ ဘာလို့ ပြန်လာတာလဲ’ ဆိုပြီး မေးခဲ့ပါသေးတယ် ။ ရွာသူကြီးကိုယ်တိုင်က Sakorm ဖြစ်ကြောင်း သက်သေပြခိုင်းခဲ့ပါတယ် ။

ဒါကြောင့် Sakorm ဟာ သူငါးဖမ်းသဘောၤပေါ်မှာ အလုပ်လုပ်ကိုင်ခဲ့စဉ်အချိန်က နိုင်ငံခြားအလုပ်သမားတစ်ဦးဟာ သူ့ရဲ့မှတ်ပုံတင်ကို ခိုးယူသွားခဲ့ကြောင်း အဖြစ်အပျက်အကြောင်းအရာတွေကို သေချာရှင်းပြခဲ့ရပါတယ် ။ နောက်ဆုံးမှ လူအများက ယုံကြည်သွားခဲ့လို့ ၊ Sakorm ရဲ့ အိမ်ပြန်ခရီးက ကြိုဆိုမဲ့သူမရှိခဲ့ဘဲ လူတွေကြောက်လန့်ဖွယ် အဖြစ်အပျက်တစ်ခုဖြစ်နေခဲ့ပါတော့တယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မီးသၿဂိဳဟ္ၿပီးခဲ့ေပမဲ့လည္း 7 လအၾကာမွာ အိမ္ျပန္ေရာက္လာခဲ့လို႔ မိသားစုဝင္ေတြထိတ္လန္႔ခဲ့ရတဲ့ အမ်ိဳးသားအျဖစ္"

Leave a comment

Your email address will not be published.


*