JRose (Mckzone Daily)
Source : elitereaders
Unicode
ခင်ဗျား ငယ်ငယ်တုန်းက ကျောင်းမှာသုံးခဲ့တဲ့အိတ်လေးတွေကို မှတ်မိသေးလား။ သင်သုံးခဲ့တဲ့ အိတ်လေးက သင်ကိုယ်တိုင် အိတ်များကို ရွေးခဲ့တာလား (သို့) သင့်မိဘတွေက သင့်အတွက် ဝယ်ပေးခဲ့တာလား။ ဒါပေမဲ့ မကြာသေးမီက အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ လူငယ်လေး နဲ့နှိုင်းယှဉ်မယ်ဆိုရင် သင်ဟာ ကံကောင်းတဲ့လူသားလို့ မှတ်ယူရမှာပါ။
ပုံပေါ်မှာ ခင်ဗျားတွေ့ရတဲ့အတိုင်း၊ ၎င်းကျောင်းသားလေးက အလွန်ဆင်းရဲနွမ်းပါးပြီး သူ့မိသားစုတွေက သူ့ကိုကျောင်းလွယ်အိတ် တစ်လုံးလေးတောင် ဝယ်ဖို့ မတတ်နိုင်ရှာပါဘူး။ ဒါကြောင့် သူက လွယ်အိတ်အစား ကဒ်ပြားကိုသုံးပြီး သူ့ကျောင်းကပစ္စည်းတွေကို သယ်သွားခဲ့တာပါ။ ရွေ့လျားနေတဲ့ ဓာတ်ပုံကို Diwata Socrates မှ ရိုက်ကူးခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ အင်တာနက်အသုံးပြုသူတွေအတွက် ဝမ်းနည်းဖွယ်ဖြစ်စေခဲ့ပါတယ်။ အဝတ်အစားအသစ်များ နဲ့ ကျောင်းသုံးပစ္စည်းများမရှိဘူးဆိုရင် ကျောင်းမသွားချင်တော့တဲ့ အခြားကလေးတွေ နဲ့ နှိုင်းယှဉ်ရင် ၎င်းသူငယ်လေးဟာ ဇွဲရှိရှိ နဲ့ စိတ်ပိုင်းဖြတ်ထားတဲ့ စံနမူနာကောင်းတစ်ယောက်ဘဲဖြစ်ပါတယ်။
JRose (Mckzone Daily)
Be the first to comment on "ကတ်ထူဘူးကို ကျောပိုးအိတ်လေးလုပ်ပြီး ကျောင်းတက်လာခဲ့တဲ့ ကလေးငယ်ရဲ့ ဘဝပေးအခြေအနေ"