ပိုက်ဆံမရှိဘူးဆိုပြီး အမြဲပြောဆိုနေခဲ့တဲ့ ခင်ပွန်းရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့တဲ့ ကြောင်လေး



Jasmine (Mckzone Daily)

Source : rachfeed

Unicode

ဒီတစ်ခေါက် လျှို့ဝှက်ချက်ကြီးကိုဖော်ထုတ်ခံလိုက်ရတဲ့ ထိုင်းနိုင်ငံကအမျိုးသားတစ်ယောက်ရဲ့အဖြစ်ကတော့ ရေရှည်ဇနီးသည်နဲ့ အဆင်ပြေဖို့ မရှိတော့လောက်အောင်ပါပဲ ။ အကြောင်းကတော့ Bow Kanuengnuch အမည်နဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ခင်ပွန်း သူမအပေါ်လှည့်စားခဲ့ပုံကို social media ပေါ် ဝေမျှသွားခဲ့ပါတယ် ။ အကြောင်းကတော့ ခင်ပွန်းဖြစ်သူဟာ အမြဲအိမ်စရိတ်တောင်းလိုက်တဲ့အချိန်တိုင်း ပိုက်ဆံမရှိဘူးဆိုပြီး အမြဲငြင်းနေခဲ့တာပါ ။ သို့ပေမဲ့လည်း သူမ မသိအောင် ဘီဒိုစင်ပေါ်က ကတ်ထူဘူးလေးထဲမှာ သိုဝှက်ထားတဲ့ပိုက်ဆံတွေကို အိမ်ကကြောင်လေးက ဘီဒိုပေါ်အမှတ်မထင်ခုန်တက်ရင်းနဲ့ လျှို့ဝှက်ချက်ကြီးကို ဖော်ထုတ်မိခဲ့ပါတယ် ။

အဆိုပါအဖြစ်ကြောင့် ဇနီးဖြစ်သူက အတော်လေးစိတ်ဆိုးဒေါသထွက်ခဲ့ပါတယ် ။ တွေ့ရှိခဲ့တဲ့ ငွေအမောင့်က အရမ်းမများပေမဲ့လည်း အိမ်အသုံးစရိတ်အတွက် လုံလောက်နေလို့ အတော်လေး စိတ်ဆိုးနေခဲ့ပါတယ် ။ ဒါကြောင့် social media အသုံးပြုသူတွေက ခင်ပွန်းအနေနဲ့ နောက်ပိုင်း ဇနီးနဲ့ ပြန်အဆင်ပြေဖို့က လွယ်မှာမဟုတ်ဘူးဆိုပြီး မျိုးစုံမှတ်ချက်ပေးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ပိုက်ဆံမရှိဘူးဆိုပြီး အမြဲပြောဆိုနေခဲ့တဲ့ ခင်ပွန်းရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့တဲ့ ကြောင်လေး"

Leave a comment

Your email address will not be published.


*