လစာေငြအကုန္သံုးၿပီး တူေလးကို ဂိမ္းစက္ဝယ္ေပးခဲ့လို႔ 15 ႏွစ္အၾကာ ေက်းဇူးျပန္ဆပ္တာခံခဲ့ရတဲ့ ဦးေလး

ဒီတစ္ေခါက္ေဖာ္ျပမဲ့ ေကာင္ေလးတစ္ေယာက္ရဲ႕ ေက်းဇူးမေမ့ႏိုင္ပံုေလးက မထင္မွတ္ထားရေလာက္ေအာင္ပါပဲ ။ Steven Elliot Ng အမည္႐ွိတဲ့ အသက္ 24 ႏွစ္အရြယ္ေကာင္ေလးဟာ အခုဆိုရင္ တစ္ကယ့္ကိုသူေ႒းတစ္ေယာက္ျဖစ္ေနခဲ့ပါၿပီ ။ သို႔ေပမဲ့လည္း သူ႔ရဲ႕ငယ္ဘဝဟာ အေတာ္ေလးခက္ခဲၿပီး ပင္ပန္းဆင္းရဲခဲ့ရပါတယ္ ။ ငယ္ဘဝက ခက္ခဲလြန္းလို႔ အျခားကေလးေတြလို ဂိမ္းေဆာ့ကစားႏိုင္ခြင့္ေတာင္မ႐ွိခဲ့ပါဘူး ။ ဒါေပမဲ့လည္း ဦးေလးျဖစ္သူက အလုပ္ရသြားခဲ့ခ်ိန္မွာေတာ့ တစ္လလံုးရဲ႕လစာ $400 ကို သံုးစြဲၿပီး Steven တို႔ညီအစ္ကိုအတြက္ PS2 ဂိမ္းစက္ကို ဝယ္ေပးခဲ့ပါတယ္ ။ သူတို႔ဆင္းရဲခက္ခဲေနခ်ိန္မွာ ဦးေလးျဖစ္သူကေတာ့ သူတို႔ေလးေတြကို ေပ်ာ္ရႊင္ေစခဲ့ပံုရပါတယ္ ။

ဒါေၾကာင့္ Steven က တစ္ရက္မွာေတာ့ ဦးေလးကို ေက်းဇူးျပန္ဆပ္ဖို႔ ဆံုးျဖတ္ခဲ့ပါတယ္ ။ အခုခ်ိန္မွာ မီလီယံနာသူေ႒းတစ္ေယာက္ျဖစ္ေနၿပီျဖစ္တဲ့ Steven ဟာ ဦးေလးျဖစ္သူအတြက္ အရင္ဦးဆံုး SUV ကားအသစ္တစ္စီးကိုဝယ္ၿပီး လက္ေဆာင္ေပးခဲ့ပါတယ္ ။ ဦးေလးျဖစ္သူကေတာ့ 15 ႏွစ္အၾကာမွာ တူေလးက ယခုလိုျပန္ၿပီးေက်းဇူးဆပ္မယ္လို႔ လံုးဝမထင္မွတ္ထားခဲ့ပါဘူး ။ အျပန္အလွန္ေပ်ာ္ရႊင္မႈေတြ ေဝမ်ွခဲ့ၾကတဲ့ တူဝရီးႏွစ္ေယာက္ပါပဲေလ ။

Jasmine (Mckzone Daily)

Source : rachfeed

Unicode

ဒီတစ်ခေါက်ဖော်ပြမဲ့ ကောင်လေးတစ်ယောက်ရဲ့ ကျေးဇူးမမေ့နိုင်ပုံလေးက မထင်မှတ်ထားရလောက်အောင်ပါပဲ ။ Steven Elliot Ng အမည်ရှိတဲ့ အသက် 24 နှစ်အရွယ်ကောင်လေးဟာ အခုဆိုရင် တစ်ကယ့်ကိုသူဋ္ဌေးတစ်ယောက်ဖြစ်နေခဲ့ပါပြီ ။ သို့ပေမဲ့လည်း သူ့ရဲ့ငယ်ဘဝဟာ အတော်လေးခက်ခဲပြီး ပင်ပန်းဆင်းရဲခဲ့ရပါတယ် ။ ငယ်ဘဝက ခက်ခဲလွန်းလို့ အခြားကလေးတွေလို ဂိမ်းဆော့ကစားနိုင်ခွင့်တောင်မရှိခဲ့ပါဘူး ။ ဒါပေမဲ့လည်း ဦးလေးဖြစ်သူက အလုပ်ရသွားခဲ့ချိန်မှာတော့ တစ်လလုံးရဲ့လစာ $400 ကို သုံးစွဲပြီး Steven တို့ညီအစ်ကိုအတွက် PS2 ဂိမ်းစက်ကို ဝယ်ပေးခဲ့ပါတယ် ။ သူတို့ဆင်းရဲခက်ခဲနေချိန်မှာ ဦးလေးဖြစ်သူကတော့ သူတို့လေးတွေကို ပျော်ရွှင်စေခဲ့ပုံရပါတယ် ။

ဒါကြောင့် Steven က တစ်ရက်မှာတော့ ဦးလေးကို ကျေးဇူးပြန်ဆပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ အခုချိန်မှာ မီလီယံနာသူဋ္ဌေးတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ Steven ဟာ ဦးလေးဖြစ်သူအတွက် အရင်ဦးဆုံး SUV ကားအသစ်တစ်စီးကိုဝယ်ပြီး လက်ဆောင်ပေးခဲ့ပါတယ် ။ ဦးလေးဖြစ်သူကတော့ 15 နှစ်အကြာမှာ တူလေးက ယခုလိုပြန်ပြီးကျေးဇူးဆပ်မယ်လို့ လုံးဝမထင်မှတ်ထားခဲ့ပါဘူး ။ အပြန်အလှန်ပျော်ရွှင်မှုတွေ ဝေမျှခဲ့ကြတဲ့ တူဝရီးနှစ်ယောက်ပါပဲလေ ။

Jasmine (Mckzone Daily)

Be the first to comment on "လစာေငြအကုန္သံုးၿပီး တူေလးကို ဂိမ္းစက္ဝယ္ေပးခဲ့လို႔ 15 ႏွစ္အၾကာ ေက်းဇူးျပန္ဆပ္တာခံခဲ့ရတဲ့ ဦးေလး"

Leave a comment

Your email address will not be published.


*