အလွေမြးငါးကို ခ်စ္ဖို႔ေကာင္းလြန္းလို႔ဆိုၿပီး ဖက္အိပ္ခဲ့တဲ့ ကေလးငယ္

အေမရိကန္ႏိုင္ငံမွာေနထိုင္တဲ့ Everett Hamlin အမည္႐ွိတဲ့ 4 ႏွစ္သားအရြယ္ေကာင္ေလးဟာ သူ႔ရဲ႕အလွေမြးငါးေလးကို အရမ္းခ်စ္တယ္ဆိုတာကို သက္ေသျပခ်င္ခဲ့ပံုပါပဲ ။ အျခားအိမ္ေမြး ေခြး ၊ ေၾကာင္ေတြလို ဖက္အိပ္ျခင္းက ခ်စ္ျခင္းေမတၱာကို ေဖာ္ျပေနတယ္လို႔ ယံုၾကည္ေနခဲ့တဲ့ Everett အေနနဲ႔ေတာ့ အလွေမြးငါးကန္းထဲက ငါးကို ဖမ္းယူၿပီး အတူတူ ဖက္အိပ္ခဲ့ပါေတာ့တယ္ ။ မိခင္ျဖစ္သူက တစ္ေရးႏႈိးလို႔ ငါးကန္ကို သြားေရာက္ၾကည့္ခဲ့ခ်ိန္မွာေတာ့ ငါးမ႐ွိေတာ့လို႔ Everett ဆီသြားၾကည့္ခဲ့ခ်ိန္မွ အျဖစ္မွန္ကိုသိခဲ့ရတာပါ ။

Everett ကိုႏိႈးထၿပီး ငါးေလးကိုၾကည့္ခဲ့ေပမဲ့ ငါးေလးကေတာ့ ထင္ထားတဲ့အတိုင္း အသက္မ႐ႈေတာ့ပါဘူး ။ မိခင္ျဖစ္သူက အမွားေနာက္ထပ္မက်ဴးလြန္ေအာင္ သားငယ္ေလးကို ေသခ်ာ႐ွင္းျပခဲ့ပါတယ္ ။ Everett ကလည္း ‘ ဟုတ္ကဲ့ ၊ ကြၽန္ေတာ္တို႔ ငါးထပ္ဝယ္ၾကမယ္ ၿပီးရင္ေတာ့ ကြၽန္ေတာ္လံုးဝမထိေတာ့ပါဘူး ၊ ငါးသြားမ်ွားတဲ့အခ်ိန္မွ ငါးေတြကို ထိေတာ့မယ္ ‘ ဆိုၿပီး မိခင္ကို ေျပာဆိုခဲ့ပါတယ္ ။ မိခင္ျဖစ္သူကေတာ့ အမွားကေန အမွန္ကိုသင္ယူတတ္တဲ့ကေလးအျဖစ္ သားေလးကိုႀကီးျပင္းေစခ်င္ၿပီး ေနာက္ထပ္ငါးတစ္ေကာင္း ဝယ္ေပးဖို႔လည္း ဆံုးျဖတ္ခဲ့ေၾကာင္း သိရပါတယ္ ။

.

.

.

.

Jasmine (Mckzone Daily)

Source : elitereaders

Unicode

အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ Everett Hamlin အမည်ရှိတဲ့ 4 နှစ်သားအရွယ်ကောင်လေးဟာ သူ့ရဲ့အလှမွေးငါးလေးကို အရမ်းချစ်တယ်ဆိုတာကို သက်သေပြချင်ခဲ့ပုံပါပဲ ။ အခြားအိမ်မွေး ခွေး ၊ ကြောင်တွေလို ဖက်အိပ်ခြင်းက ချစ်ခြင်းမေတ္တာကို ဖော်ပြနေတယ်လို့ ယုံကြည်နေခဲ့တဲ့ Everett အနေနဲ့တော့ အလှမွေးငါးကန်းထဲက ငါးကို ဖမ်းယူပြီး အတူတူ ဖက်အိပ်ခဲ့ပါတော့တယ် ။ မိခင်ဖြစ်သူက တစ်ရေးနှိုးလို့ ငါးကန်ကို သွားရောက်ကြည့်ခဲ့ချိန်မှာတော့ ငါးမရှိတော့လို့ Everett ဆီသွားကြည့်ခဲ့ချိန်မှ အဖြစ်မှန်ကိုသိခဲ့ရတာပါ ။

Everett ကိုနှိုးထပြီး ငါးလေးကိုကြည့်ခဲ့ပေမဲ့ ငါးလေးကတော့ ထင်ထားတဲ့အတိုင်း အသက်မရှုတော့ပါဘူး ။ မိခင်ဖြစ်သူက အမှားနောက်ထပ်မကျူးလွန်အောင် သားငယ်လေးကို သေချာရှင်းပြခဲ့ပါတယ် ။ Everett ကလည်း ‘ ဟုတ်ကဲ့ ၊ ကျွန်တော်တို့ ငါးထပ်ဝယ်ကြမယ် ပြီးရင်တော့ ကျွန်တော်လုံးဝမထိတော့ပါဘူး ၊ ငါးသွားမျှားတဲ့အချိန်မှ ငါးတွေကို ထိတော့မယ် ‘ ဆိုပြီး မိခင်ကို ပြောဆိုခဲ့ပါတယ် ။ မိခင်ဖြစ်သူကတော့ အမှားကနေ အမှန်ကိုသင်ယူတတ်တဲ့ကလေးအဖြစ် သားလေးကိုကြီးပြင်းစေချင်ပြီး နောက်ထပ်ငါးတစ်ကောင်း ဝယ်ပေးဖို့လည်း ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အလွေမြးငါးကို ခ်စ္ဖို႔ေကာင္းလြန္းလို႔ဆိုၿပီး ဖက္အိပ္ခဲ့တဲ့ ကေလးငယ္"

Leave a comment

Your email address will not be published.


*