လက္ေတြကိုေသေသခ်ာခ်ာေလး စနစ္တက်ေဆးေၾကာျပခဲ့တဲ့ ရက္ကြန္းေလး (႐ုပ္သံ)

Indian Forest Services က ေဝမ်ွထားတဲ့ video တစ္ပုဒ္မွာဆိုရင္ ရက္ကြန္းတစ္ေကာင္ဟာ သူ႔ရဲ႕လက္ကို ဂ႐ုတစိုက္ေဆးေၾကာျပခဲ့ပါတယ္ ။ အစပိုင္းမွာ လက္ကိုအရင္ေရနဲ႔ေဆးခဲ့ၿပီး ေနာက္မွ ဆပ္ျပာနဲ႔ထပ္ေဆးကာ ေနာက္ဆံုးတစ္ႀကိမ္ေရနဲ႔တစ္ႀကိမ္ထပ္မံေဆးေၾကာခဲ့ပါတယ္ ။ သူ႔ရဲ႕လက္ေတြကို စနစ္တက်ေဆးေၾကာတတ္ေနခဲ့လို႔ ဝန္ထမ္းေတြေတာင္ အံ့ၾသရတဲ့အထိပါပဲ ။ အခုလို ကပ္ေရာဂါကာလမွာ ရက္ကြန္းေလးရဲ႕ လက္ေဆးေၾကာတဲ့ video ေလးဟာ လူအေတာ္အမ်ားကို သတိေပး ၊ မေမ့ေလ်ာ့ေစမဲ့ ပညာေပး video လိုျဖစ္ေနခဲ့ပါတယ္ ။’ လူတိုင္းလက္ကို စနစ္တက်ေဆးေၾကာသန္႔စင္ရမယ္ေနာ္ ‘ ဆိုတဲ့ caption ေလးနဲ႔ video ကို ေဝမ်ွထားခဲ့ပါတယ္ ။

.

.

Jasmine (Mckzone Daily)

Source : rachfeed

Unicode

Indian Forest Services က ဝေမျှထားတဲ့ video တစ်ပုဒ်မှာဆိုရင် ရက်ကွန်းတစ်ကောင်ဟာ သူ့ရဲ့လက်ကို ဂရုတစိုက်ဆေးကြောပြခဲ့ပါတယ် ။ အစပိုင်းမှာ လက်ကိုအရင်ရေနဲ့ဆေးခဲ့ပြီး နောက်မှ ဆပ်ပြာနဲ့ထပ်ဆေးကာ နောက်ဆုံးတစ်ကြိမ်ရေနဲ့တစ်ကြိမ်ထပ်မံဆေးကြောခဲ့ပါတယ် ။ သူ့ရဲ့လက်တွေကို စနစ်တကျဆေးကြောတတ်နေခဲ့လို့ ဝန်ထမ်းတွေတောင် အံ့သြရတဲ့အထိပါပဲ ။ အခုလို ကပ်ရောဂါကာလမှာ ရက်ကွန်းလေးရဲ့ လက်ဆေးကြောတဲ့ video လေးဟာ လူအတော်အများကို သတိပေး ၊ မမေ့လျော့စေမဲ့ ပညာပေး video လိုဖြစ်နေခဲ့ပါတယ် ။’ လူတိုင်းလက်ကို စနစ်တကျဆေးကြောသန့်စင်ရမယ်နော် ‘ ဆိုတဲ့ caption လေးနဲ့ video ကို ဝေမျှထားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လက္ေတြကိုေသေသခ်ာခ်ာေလး စနစ္တက်ေဆးေၾကာျပခဲ့တဲ့ ရက္ကြန္းေလး (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*